• Local News
    ကိုယ်ဝန်သည်အမျိုးသမီး ဗိုက်ကို ပလာယာ နဲ့ ထောက်ပြီးလုယက်တဲ့ အငှားယာဉ်မောင်းကို ဖမ်းဆီး
Hmue Eain Zaw
[Unicode Version]

အငှားကား ငှားစီးတဲ့ ခရီးသည်ကိုယ်ဝန်သည်အမျိုးသမီးရဲ့ ဗိုက်ကိုပလာယာနဲ့ ထောက်ပြီး လုယက်မှုကျူးလွန်ခဲ့သူ အငှားယာဉ်မောင်းကိုရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါတယ်။

38810756_1608864715909456_7935039477649506304_n.jpg

Photo _ Yangon Police





ဖြစ်စဉ်ကတော့ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာနေတဲ့ လင်မယားနှစ်ယောက်ဟာ ညီမတော်စပ်သူနေထိုင်တဲ့ အိမ်ကို ညအိပ်ပေးဖို့ သွားတဲ့ အချိန်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈) ရပ်ကွက်၊

ဆရာဆောင်လမ်းပေါ်အရောက် အသင့်တွေ့တဲ့ အငှားယာဉ်ကို ငှားရမ်းပြီး အမျိုးသမီးဖြစ်သူက အရှေ့ခန်းယာဉ်မောင်ဘေးမှာ ထိုင်ပြီး အမျိုးသားဖြစ်သူက နောက်ခန်းမှာ ထိုင်ပြီးလိုက်လာခဲ့တယ်လို့ ဆိုပါတယ်။



အဲ့ဒီနောက် ဦးအမ်တင်လမ်းမှောင်ရိပ်ကျတဲ့နေရာအရောက် ယာဉ်မောင်းဖြစ်သူက ဘေးမှာ ထိုင်လိုက်လာတဲ့ အမျိုးသမီးကို ချွန်ထက်တဲ့ အရာနဲ့ ဝမ်းဗိုက်ကိုထောက်ပြီး “မင်းမိန်းမဘာမှ

မဖြစ်စေချင်ရင် ကားပေါ်ကဆင်း”လို့ ပြောဆိုတဲ့ အတွက် အမျိုးသားဖြစ်တဲ့သူ ကားပေါ်က ဆင်းသွားချိန်မှာ အမျိုးသမီးဆီမှာ ပါတဲ့ ပိုက်ဆံ ခုနှစ်သောင်းကျပ်ကို လုယက်ပြီး ထွက်ပြေးမောင်းနင်သွားတယ်လို့ ဆိုပါတယ်။



အဲ့ဒီနောက် မှုခင်းဖော်ထုတ်ရေး တပ်ဖွဲ့ဝင်တွေက အသုံးပြုတဲ့ကားနဲ့ပတ်သက်ပြီး

စုံစမ်းဆောင်ရွက်ခဲ့ရာမှာအငှားယာဉ်မောင်းနှင်သူဟာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှာနေတဲ့

သန်းဇော်ဦး(ခ)စိုးမိုးကျော်ဖြစ်ကြောင်း သိရတာကြောင့် ပြစ်မှုကျူးလွန်သူကိုဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိသူ သန်းဇော်ဦး(ခ)စိုးမိုးကျော်ကို စစ်ဆေးချက်အရ အဲ့ဒီနေ့ ည ၁၁ နာရီလောက်အချိန် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ကနေ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ယောက်ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ငွေကျပ် ၆၀၀၀ဖြင့် ငှားရမ်းပြီး လိုက်ပါပို့ဆောင်ပေးစဉ် အမှုကိုကျူးလွန်ခဲ့တယ်လို့ ပေါ်ပေါက်တယ်လို့ သိရပါတယ်။



အဲ့ဒီနောက် သက်သေခံပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့ပြီး သန်းဇော်ဦး(ခ)စိုးမိုးကျော်ကို အမှုဖွင့်အရေး ယူဆောင်ရွက်ထားတယ်လို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

[Zawgyi Version]

အငွားကား ငွားစီးတဲ့ ခရီးသည္ကုိယ္၀န္သည္အမ်ိဳးသမီးရဲ႕ ဗုိက္ကုိပလာယာနဲ႔ ေထာက္ျပီး လုယက္မႈက်ဴးလြန္ခဲ့သူ အငွားယာဥ္ေမာင္းကုိရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕က ဖမ္းဆီးရမိခ့ဲပါတယ္။

Photo _ Yangon Police





ျဖစ္စဥ္ကေတာ့ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္မွာေနတဲ့ လင္မယားႏွစ္ေယာက္ဟာ ညီမေတာ္စပ္သူေနထုိင္တဲ့ အိမ္ကုိ ညအိပ္ေပးဖုိ႔ သြားတဲ့ အခ်ိန္မွာ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္၊ (၅၈) ရပ္ကြက္၊

ဆရာေဆာင္လမ္းေပၚအေရာက္ အသင့္ေတြ႕တဲ့ အငွားယာဥ္ကုိ ငွားရမ္းၿပီး အမ်ိဳးသမီးျဖစ္သူက အေရွ႕ခန္းယာဥ္ေမာင္ေဘးမွာ ထုိင္ျပီး အမ်ိဳးသားျဖစ္သူက ေနာက္ခန္းမွာ ထုိင္ျပီးလုိက္လာခဲ့တယ္လုိ႔ ဆုိပါတယ္။



အဲ့ဒီေနာက္ ဦးအမ္တင္လမ္းေမွာင္ရိပ္က်တဲ့ေနရာအေရာက္ ယာဥ္ေမာင္းျဖစ္သူက ေဘးမွာ ထုိင္လုိက္လာတဲ့ အမ်ိဳးသမီးကုိ ခြ်န္ထက္တဲ့ အရာနဲ႕ ၀မ္းဗိုက္ကုိေထာက္ျပီး “မင္းမိန္းမဘာမွ

မျဖစ္ေစခ်င္ရင္ ကားေပၚကဆင္း”လုိ႔ ေျပာဆိုတဲ့ အတြက္ အမ်ိဳးသားျဖစ္တဲ့သူ ကားေပၚက ဆင္းသြားခ်ိန္မွာ အမ်ိဳးသမီးဆီမွာ ပါတဲ့ ပုိက္ဆံ ခုႏွစ္ေသာင္းက်ပ္ကုိ လုယက္ျပီး ထြက္ေျပးေမာင္းနင္သြားတယ္လုိ႔ ဆုိပါတယ္။



အဲ့ဒီေနာက္ မႈခင္းေဖာ္ထုတ္ေရး တပ္ဖြဲ႕၀င္ေတြက အသံုးျပဳတဲ့ကားနဲ႔ပတ္သက္ျပီး

စံုစမ္းေဆာင္ရြက္ခဲ့ရာမွာအငွားယာဥ္ေမာင္းႏွင္သူဟာ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္မွာေနတဲ့

သန္းေဇာ္ဦး(ခ)စိုးမိုးေက်ာ္ျဖစ္ေၾကာင္း သိရတာေၾကာင့္ ျပစ္မႈက်ဴးလြန္သူကုိဖမ္းဆီးခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

ဖမ္းဆီးရမိသူ သန္းေဇာ္ဦး(ခ)စိုးမိုးေက်ာ္ကုိ စစ္ေဆးခ်က္အရ အဲ့ဒီေန႔ ည ၁၁ နာရီေလာက္အခ်ိန္ ဒဂံုၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ကေန ကိုယ္၀န္ေဆာင္အမ်ိဳးသမီးတစ္ဦးနဲ႔ အမ်ိဳးသားတစ္ေယာက္ကုိ သဃၤန္းကၽြန္းစံျပေဆးရံုသို႔ ေငြက်ပ္ ၆၀၀၀ျဖင့္ ငွားရမ္းျပီး လိုက္ပါပို႔ေဆာင္ေပးစဥ္ အမႈကုိက်ဴးလြန္ခဲ့တယ္လုိ႔ ေပၚေပါက္တယ္လုိ႔ သိရပါတယ္။



အဲ့ဒီေနာက္ သက္ေသခံပစၥည္းေတြသိမ္းဆည္းႏိုင္ခဲ့ၿပီး သန္းေဇာ္ဦး(ခ)စိုးမိုးေက်ာ္ကုိ အမႈဖြင့္အေရး ယူေဆာင္ရြက္ထားတယ္လုိ႔ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs