• Local News
    အိမ်အကူကို ဝါယာကြိုးနဲ့ရိုက်နှက်ခဲ့တဲ့ အိမ်ရှင်ကို  ပုဒ်မနှစ်ခုုနဲ့ အမှုဖွင့်ထား
Aye Myat Mon
[Unicode Version]

အိမ်အကူမိန်းကလေးကို ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တဲ့ အိမ်ရှင်ကို ကျောက်တံတားရဲစခန်းမှာ သြဂုတ်လ ၉ ရက်နေ့က ပုဒ်မနှစ်ခုနဲ့ အမှုဖွင့်ထားတယ်လို့ အိမ်အကူမိန်းကလေးရဲ့ အကိုဖြစ်သူက Duwun ကိုပြောပါတယ်။

38777301_994194654120465_7056262097709039616_n.jpg

အိမ်အကူမိန်းကလေး၏ ဒဏ်ရာများ (photo-Tint Zaw)

၃၆ လမ်း (အလယ်) ဘလောက်ကအိမ်တစ်အိမ်မှာာ အိမ်အကူအဖြစ် လုပ်ကိုင်နေတဲ့ အသက် ၁၇ နှစ်နှစ်အရွယ် ဒလမြို့နယ်မှာ နေထိုင်တဲ့မချိုပြုံးက အိမ်အကူအဖြစ် လုပ်ကိုင်နေတာတစ်လခန့်ရှိနေပြီဖြစ်ပြီးတော့ အိမ်အလုပ်လုုပ်တာအဆင်မပြေဘူးဆိုပြီးတော့ ရိုက်နှက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

"ကောင်မလေးက တစ်လကို သုံးသောင်းခွဲနဲ့ ရတယ်။ ကလေးကို မေးတော ကြောက်တယ်။မပြောဘူးဆိုတော့ အိမ်ရှင်ဆီသွားမယ်ဆိုပြီး ရဲစခန်းဆီခေါ်လာတာ။ ကျွန်မတို့ကလည်း သူတို့လာခေါ်တော့မှ သိတာ။ ပထမခေါ်တဲ့ အိမ်ကနေတစ်ဆင့် ဒီအိမ်ကိုပို့ပေးထားတာပါ။"လို့ မချိုပြုံးရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းဝင်းက ပြောပါတယ်။

အိမ်ရှင်ဖြစ်သူ ဦးကျော်စိုးလင်းက ဘုရားဖူးဖို့အတွက် မကာမြို့ကို ခရီးထွက်နေတာဖြစ်ပြီးတော့ လက်ရှိအချိန်အထိ ဆက်သွယ်လို့ မရသေးဘူးလို့ သိရပါတယ်။

38744618_2085828344784927_9098866428206907392_n (1).jpg 

"အမှုက ဖွင့်မှာပါ။ ဘာလို့ လဲဆိုတော့သူတို့က ပိုက်ဆံရှိတယ်ဆိုပြီးတော့ လိုက်ဖိမှာစိုးလို့ပါ။ ကျွန်တော်က ညီတွေကို လှမ်းပြီးဖုန်းဆက်ထားတာ။ သတင်းထောက်တွေကို လှမ်းခေါ်ထားဆိုပြီးတော့။ ကိုယ်က ပိုက်ဆံနဲ့ အဖိခံရမှာကြောက်လို့လေ။"လို့ ကာယကံရှင်ရဲ့အကိုဖြစ်သူ ကိုချစ်ကိုကပြောပါတယ်။

သူမရဲ့ ဒဏ်ရာတွေကို ဈေးသွားရင်းနဲ့ အနီးအနားမှာရှိတဲ့ ဈေးသည်တွေကနေ မေးမြန်းရာကနေ တစ်ဆင့် ဝါယာကြိုးနဲ့အရိုက်ခံရတဲ့ဒဏ်ရာတွေလို့ ပြောတာကြောင့် ကျောက်တံတားရဲစခန်းကို ပို့ဆောင်ပြီး အမှုဖွင့်စေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ် မချိုပြုံးရဲ့ မိဘတွေနဲ့ တွေ့ဆုံပြီး ပြေလည်မှုရရှိအောင်ဆောင်ရွက်သွားမယ်လို့ အိမ်ရှင်ဖြစ်သူဘက်က တာဝန်ယူဆောင်ရွက်ပေးနေတဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကွန်ရက်က ကိုကျော်လင်းဦးက ပြောပါထားပါတယ်။

[Zawgyi Version]

အိမ္အကူမိန္းကေလးကုိ ၀ါယာႀကိဳးနဲ႔ ရုိက္နွက္ခဲ့တဲ့ အိမ္ရွင္ကုိ ေက်ာက္တံတားရဲစခန္းမွာ ၾသဂုတ္လ ၉ ရက္ေန႔က ပုဒ္မႏွစ္ခုနဲ႔ အမႈဖြင့္ထားတယ္လုိ႔ အိမ္အကူမိန္းကေလးရဲ႕ အကုိျဖစ္သူက Duwun ကုိေျပာပါတယ္။

အိမ္အကူမိန္းကေလး၏ ဒဏ္ရာမ်ား (photo-Tint Zaw)

၃၆ လမ္း (အလယ္) ဘေလာက္ကအိမ္တစ္အိမ္မွာာ အိမ္အကူအျဖစ္ လုပ္ကိုင္ေနတဲ့ အသက္ ၁၇ နွစ္နွစ္အ၇ြယ္ ဒလၿမိဳ႕နယ္မွာ ေနထုိင္တဲ့မခ်ိဳၿပံဳးက အိမ္အကူအျဖစ္ လုပ္ကုိင္ေနတာတစ္လခန္႔ရွိေနၿပီျဖစ္ၿပီးေတာ့ အိမ္အလုပ္လုုပ္တာအဆင္မေျပဘူးဆုိၿပီးေတာ့ ရုိက္နွက္ခံရတာျဖစ္တယ္လုိ႔ ဆုိပါတယ္။

"ေကာင္မေလးက တစ္လကုိ သုံးေသာင္းခြဲနဲ႔ ရတယ္။ ကေလးကုိ ေမးေတာ ေၾကာက္တယ္။မေျပာဘူးဆုိေတာ့ အိမ္ရွင္ဆီသြားမယ္ဆိုၿပီး ရဲစခန္းဆီေခၚလာတာ။ ကၽြန္မတုိ႔ကလည္း သူတုိ႔လာေခၚေတာ့မွ သိတာ။ ပထမေခၚတဲ့ အိမ္ကေနတစ္ဆင့္ ဒီအိမ္ကုိပို႔ေပးထားတာပါ။"လုိ႔ မခ်ိဳၿပံဳးရဲ႕ မိိခင္ျဖစ္သူ ေဒၚစန္းစန္း၀င္းက ေျပာပါတယ္။

အိမ္ရွင္ျဖစ္သူ ဦးေက်ာ္စုိးလင္းက ဘုရားဖူးဖုိ႔အတြက္ မကာၿမိဳ႕ကုိ ခရီးထြက္ေနတာျဖစ္ၿပီးေတာ့ လက္ရွိအခ်ိန္အထိ ဆက္သြယ္လုိ႔ မရေသးဘူးလုိ႔ သိရပါတယ္။

38744618_2085828344784927_9098866428206907392_n (1).jpg 

"အမႈက ဖြင့္မွာပါ။ ဘာလုိ႔ လဲဆုိေတာ့သူတုိ႔က ပိုက္ဆံရွိတယ္ဆုိၿပီးေတာ့ လုိက္ဖိမွာစိုးလုိ႔ပါ။ ကၽြန္ေတာ္က ညီေတြကုိ လွမ္းၿပီးဖုန္းဆက္ထားတာ။ သတင္းေထာက္ေတြကုိ လွမ္းေခၚထားဆုိၿပီးေတာ့။ ကုိယ္က ပိုက္ဆံနဲ႔ အဖိခံရမွာေၾကာက္လုိ႔ေလ။"လို႔ ကာယကံရွင္ရဲ႕အကုိျဖစ္သူ ကုိခ်စ္ကုိကေျပာပါတယ္။

သူမရဲ႕ ဒဏ္ရာေတြကုိ ေစ်းသြားရင္းနဲ႕ အနီးအနားမွာရွိတဲ့ ေစ်းသည္ေတြကေန ေမးျမန္းရာကေန တစ္ဆင့္ ၀ါယာႀကိဳးနဲဲ႔အရုိက္ခံရတဲ့ဒဏ္ရာေတြလုိ႔ ေျပာတာေၾကာင့္ ေက်ာက္တံတားရဲစခန္းကို ပို႔ေဆာင္ၿပီး အမႈဖြင့္ေစခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

အဲ့ဒီျဖစ္စဥ္အေပၚ မခ်ဳိၿပံဳးရဲ႕ မိဘေတြနဲ႔ ေတြ႔ဆုံၿပီး ေျပလည္မႈရရွိေအာင္ေဆာင္ရြက္သြားမယ္လုိ႔ အိမ္ရွင္ျဖစ္သူဘက္က တာ၀န္ယူေဆာင္ရြက္ေပးေနတဲ့ ၿငိမ္းခ်မ္းေရး တည္ေဆာက္မႈကြန္ရက္က ကုိေက်ာ္လင္းဦးက ေျပာပါထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs