• Local News
    စူးရှထက် ရုံးပြောင်းလျှောက်ထားမှု ခရိုင်တရားရုံးပယ်ချ
Mi Thawdar Aung
[Unicode Version]

အစ္စဏီအမှုနဲ့ ပတ်သက်ပြီး တရားလို စူးရှထက်က ရုံးပြောင်းလျှောက်ထားမှုကို အရှေ့ပိုင်းခရိုင်တရားရုံးကနေ ပယ်ချလိုက်ပြီး မူလတာမွေမြို့နယ်တရားရုံးကိုပဲ ပြန်စစ်ဆေးပေးမယ့် တရားရုံးက အမိန့်ချလိုက်တယ်လို့  အစ္စဏီ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

issini 2.jpg

“ရုံးပြောင်းခြင်းမရှိပါဘူး။ စူးရှထက်ရဲ့ လျှောက်ထားမှု မမှန်ကန်ကြောင်း သုံးသပ်ပြီးတော့ ခရိုင်တရားရုံးက ပယ်လိုက်ပါတယ်။ “ လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

ဒါပေမယ့် တရားလို စူးရှထက်ကနေ ဒီအမှုတွဲနဲ့ ပတ်သက်ပြီးတော့ မကျေနပ်တော့ကြောင့် ဆယ်လီဆဲဗင်းရုပ်သံမှာ ဖြေဆိုခဲ့တဲ့ စူးရှထက်ရဲ့ ရုပ်သံအင်တာဗျုးကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်ကို ပို့ထားတယ်လို့ သိရပါတယ်။

တိုင်းတရားလွှတ်တော်ကနေ မူလအမှုတွဲကို တောင်းခေါ်ယူထားတဲ့အတွက် လက်ရှိမှာ အမှုကိုဆက်လက်စစ်ဆေးဖို့ မဖြစ်နိုင်သေးဘဲ ရုံးချိန်းအတိုင်းသာ ရှိနေဦးမယ်လို့ ရှေ့နေ ဦးကျော်ဇင်ဦးက ပြောပါတယ်။

“ တာမွေတရားရုံးကတော့ အမှုကို ချိန်းနေကြအတိုင်းပဲ လာမယ့် ၁၃ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ အမှုကတော့ တိုးတက်ရာတိုးတတ်ကြောင်း ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူး။ အမှုကတော့ ကြန့်ကြာနေဦးမယ်။ ကျွန်တော့်လူကတော့ အချုပ်နဲ့ပဲ ဆက်ပြီးရင်ဆိုင်ရဦးမယ်” လို့ ဆိုပါတယ်။

မော်ဒယ်စူးရှထက် က အစ္စဏီရဲ့ အဓမ္မပြုကျင့်နှိပ်စက်ခံရကြောင်း ပြောဆိုထားတဲ့ ရုပ်သံအင်တာဗျုးကို မြန်မာဆယ်လီဆဲဗင်း သတင်းဌာနမှာဖော်ပြခဲ့ပါတယ်။

ဧပြီလ ၁၂ ရက်နေ့က  အဆိုတော်အစ္စဏီက မော်ဒယ်စူးရှထက်ကို အလိုမတူဘဲ အဓမ္မပြုကျင်ပြီး ကိုယ်လက်နာကျင်အောင်ရိုက်နှက်ခဲ့လို့စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့တာပါ။

အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ  မုဒိမ်းမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားပြီး အင်းစိန်ထောင်မှာထိန်းသိမ်းခံထားရတာ ငါးလလောက်ရှိနေပြီလည်းဖြစ်ပါတယ်။

 

[Zawgyi Version]

အစၥဏီအမႈနဲ႔ ပတ္သက္ၿပီး တရားလုိ စူးရွထက္က ရုံးေျပာင္းေလွ်ာက္ထားမႈကုိ အေရွ႕ပုိင္းခရိုင္တရားရုံးကေန ပယ္ခ်လုိက္ၿပီး မူလတာေမြၿမိဳ႕နယ္တရားရုံးကုိပဲ ျပန္စစ္ေဆးေပးမယ့္ တရားရုံးက အမိန္႔ခ်လိုက္တယ္လုိ႔  အစၥဏီ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

“ရုံးေျပာင္းျခင္းမရွိပါဘူး။ စူးရွထက္ရဲ႕ ေလွ်ာက္ထားမႈ မမွန္ကန္ေၾကာင္း သံုးသပ္ၿပီးေတာ့ ခရိုင္တရားရုံးက ပယ္လုိက္ပါတယ္။ “ လို႔ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

ဒါေပမယ့္ တရားလုိ စူးရွထက္ကေန ဒီအမႈတြဲနဲ႔ ပတ္သက္ၿပီးေတာ့ မေက်နပ္ေတာ့ေၾကာင့္ ဆယ္လီဆဲဗင္းရုပ္သံမွာ ေျဖဆုိခဲ့တဲ့ စူးရွထက္ရဲ႕ ရုပ္သံအင္တာဗ်ဳးကုိ ရန္ကုန္တုိင္းေဒသႀကီးတရားလႊတ္ေတာ္ကုိ ပုိ႔ထားတယ္လို႔ သိရပါတယ္။

တုိင္းတရားလႊတ္ေတာ္ကေန မူလအမႈတြဲကုိ ေတာင္းေခၚယူထားတဲ့အတြက္ လက္ရွိမွာ အမႈကုိဆက္လက္စစ္ေဆးဖုိ႔ မျဖစ္ႏုိင္ေသးဘဲ ရုံးခ်ိန္းအတုိင္းသာ ရွိေနဦးမယ္လုိ႔ ေရွ႕ေန ဦးေက်ာ္ဇင္ဦးက ေျပာပါတယ္။

“ တာေမြတရားရုံးကေတာ့ အမႈကုိ ခ်ိန္းေနၾကအတုိင္းပဲ လာမယ့္ ၁၃ ရက္ေန႔ကုိ ခ်ိန္းဆုိထားပါတယ္။ အမႈကေတာ့ တုိးတက္ရာတုိးတတ္ေၾကာင္း ဆက္လက္ေဆာင္ရြက္ႏိုင္ျခင္းမရွိေသးပါဘူး။ အမႈကေတာ့ ၾကန္႔ၾကာေနဦးမယ္။ ကၽြန္ေတာ့္လူကေတာ့ အခ်ဳပ္နဲ႔ပဲ ဆက္ၿပီးရင္ဆုိင္ရဦးမယ္” လုိ႔ ဆုိပါတယ္။

ေမာ္ဒယ္စူးရွထက္ က အစၥဏီရဲ႕ အဓမၼျပဳက်င့္ႏွိပ္စက္ခံရေၾကာင္း ေျပာဆုိထားတဲ့ ရုပ္သံအင္တာဗ်ဳးကုိ ျမန္မာဆယ္လီဆဲဗင္း သတင္းဌာနမွာေဖာ္ျပခဲ့ပါတယ္။

ဧၿပီလ ၁၂ ရက္ေန႔က  အဆို္ေတာ္အစၥဏီက ေမာ္ဒယ္စူးရွထက္ကုိ အလုိမတူဘဲ အဓမၼျပဳက်င္ၿပီး ကုိယ္လက္နာက်င္ေအာင္ရုိက္ႏွက္ခဲ့လို႔စူးရွထက္က အမႈဖြင့္တုိင္ၾကားခဲ့တာပါ။

အဆိုေတာ္အစၥဏီကုိ တာေမြၿမိဳ႕မရဲစခန္းကေန  မုဒိမ္းမႈအပါအ၀င္ ပုဒ္မ ၃ ခုနဲ႔ တရားစြဲဆုိထားၿပီး အင္းစိန္ေထာင္မွာထိန္းသိမ္းခံထားရတာ ငါးလေလာက္ရွိေနၿပီလည္းျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs