• Local News
    ချစ်သူရေနစ်သေလို့ အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံး
Hmue Eain Zaw
[Unicode Version]

ရည်းစားဖြစ်သူရေနစ်သေဆုံးမှုကြောင့် အမျိုးသမီး တစ်ဦး အဆိပ်သောက်ပြီး ကိုယ်ကိုကိုယ်သတ်သေမှုတစ်ခု သထုံမြို့မှာဖြစ်ပွားခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့က Duwun ကိုပြောပါတယ်။

20525802_678887722311055_6352954419886213316_n.jpg

Photo - သထုံ သုဓမ္မဝတီမြိုသစ်





သြဂုတ် ၈ ရက်နေ့ မနက်ပိုင်းက ရည်းစားဖြစ်သူဟာ သူနေထိုင်တဲ့ ဒလဘန်းရွာနဲ့ ရှမ်းစုရွာ ကြား တံတားအနားက ရေမြောင်းထဲမှာ ရေနစ်သေဆုံးမှုဖြစ်ခဲ့ပြီး နောက်တစ်နေ့ သြဂုတ်လ ၉ ရက်နေ့ မနက် အစောကြီး ၃ နာရီလောက်မှာ အဆိပ်သောက်ပြီး သတ်သေသွားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကသိရပါတယ်။



ရေနစ်သေဆုံးတဲ့ အမျိုးသားဟာ အသက် ၂၂ နှစ်ရှိပြီဖြစ်ပြီး အဆိပ်သောက်သေတဲ့ အမျိုးသမီးကတော့ အသက် ၂၁ နှစ်အရွယ်ရှိတယ်လို့သိရပါတယ်။ သေဆုံးသူအမျိုးသမီးဟာ အဆိပ်သောက်သေကြောင်းပေါက်ပေါက်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။



"ရေနစ်ပြီး ဆုံးတဲ့ ကောင်လေးကတော့ မနေ့က အသုဘချတယ်။ အဆိပ်သောက်တဲ့ ကောင်မလေးကတော့ ဒီနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ အသုဘချပါတယ်။ သောက်တဲ့ အဆိပ်က ပေါ်တက် လို့ ခေါ်တဲ့ အဆိပ်ပါ။"လို့ သထုံခရိုင်က အဆင်မြင့်ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။



အဆိပ်သောက်သေဆုံးမှုနဲ့ပတ်သက်ပြီးတော့ အလောင်းကို ဆေးရုံမှာ စစ်ဆေးပြီးတာကြောင့် ရဲလုပ်ထုံးလုပ်နည်းအရ သေမှုသေခင်းဖွင့်ပြီးဆောင်ရွက်နေတယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့က သိရပါတယ်။

[Zawgyi Version]

ရည္းစားျဖစ္သူေရနစ္ေသဆံုးမႈေၾကာင့္ အမ်ိဳးသမီး တစ္ဦး အဆိပ္ေသာက္ျပီး ကုိယ္ကုိကုိယ္သတ္ေသမႈတစ္ခု သထုံျမိဳ႕မွာျဖစ္ပြားခဲ့တယ္လုိ႔ သထုံခရုိင္ရဲတပ္ဖြဲ႔က Duwun ကုိေျပာပါတယ္။

Photo - သထုံ သုဓမၼဝတီျမိဳသစ္





ၾသဂုတ္ ၈ ရက္ေန႔ မနက္ပုိင္းက ရည္းစားျဖစ္သူဟာ သူေနထုိင္တဲ့ ဒလဘန္းရြာနဲ႔ ရွမ္းစုရြာ ၾကား တံတားအနားက ေရေျမာင္းထဲမွာ ေရနစ္ေသဆုံးမႈျဖစ္ခဲ့ျပီး ေနာက္တစ္ေန႔ ၾသဂုတ္လ ၉ ရက္ေန႔ မနက္ အေစာၾကီး ၃ နာရီေလာက္မွာ အဆိပ္ေသာက္ျပီး သတ္ေသသြားတာျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႔ကသိရပါတယ္။



ေရနစ္ေသဆုံးတဲ့ အမ်ိဳးသားဟာ အသက္ ၂၂ ႏွစ္ရွိျပီျဖစ္ျပီး အဆိပ္ေသာက္ေသတဲ့ အမ်ိဳးသမီးကေတာ့ အသက္ ၂၁ ႏွစ္အရြယ္ရွိတယ္လုိ႔သိရပါတယ္။ ေသဆုံးသူအမ်ိဳးသမီးဟာ အဆိပ္ေသာက္ေသေၾကာင္းေပါက္ေပါက္တယ္လုိ႔ ရဲတပ္ဖြဲ႔က အတည္ျပဳပါတယ္။



"ေရနစ္ျပီး ဆုံးတဲ့ ေကာင္ေလးကေတာ့ မေန႔က အသုဘခ်တယ္။ အဆိပ္ေသာက္တဲ့ ေကာင္မေလးကေတာ့ ဒီေန႔ ၾသဂုတ္လ ၁၀ ရက္ေန႔မွာ အသုဘခ်ပါတယ္။ ေသာက္တဲ့ အဆိပ္က ေပၚတက္ လုိ႔ ေခၚတဲ့ အဆိပ္ပါ။"လုိ႔ သထုံခရုိင္က အဆင္ျမင့္ရဲအရာရွိတစ္ဦးက Duwun ကုိေျပာပါတယ္။



အဆိပ္ေသာက္ေသဆုံးမႈနဲ႔ပတ္သက္ျပီးေတာ့ အေလာင္းကုိ ေဆးရုံမွာ စစ္ေဆးျပီးတာေၾကာင့္ ရဲလုပ္ထုံးလုပ္နည္းအရ ေသမႈေသခင္းဖြင့္ျပီးေဆာင္ရြက္ေနတယ္လုိ႔ သထုံခရုိင္ရဲတပ္ဖြဲ႔က သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs