• Local News
    အာဟာရချို့တဲ့မှုတွေကြောင့် မြန်မာနိုင်ငံကလူတွေ အရပ်ပုညှပ်မှု နဲ့ သံဓါတ်ချို့တဲ့မှုတွေဖြစ်နေ
Hmue Eain Zaw
[Unicode Version]

ကာလရှည်ကြာအာဟာရချို့တဲ့တာကြောင့် အရပ်ပုညှက်နေတာနဲ့ သံဓာတ်အားနည်းတာတွေက မြန်မာနိုင်ငံရဲ့ အဓိကက အာဟာရချို့တဲ့မှုဖြစ်နေတယ်လို့ သြဂုတ် ၁၁ ရက်နေ့ကပြုလုပ်တဲ့ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဖွင့်ပွဲမှာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

38905575_226009538112643_482747164359917568_n.jpg 

မြန်မာနိုင်ငံမှာငါးနှစ်အရွယ်ကလေးငယ်တွေမှာ ကာလရှည်ကြာအာဟာရချို့တဲ့တာကြောင့် ရှိသင့်တဲ့အရပ်မရှိဘဲ ပုညှက်နေတာနဲ့ အမျိုးသမီးတွေမှာ သံဓါတ်ချို့တဲ့နေတာက အဓိကကျန်းမာရေးချို့တဲ့မှုဖြစ်နေတာလို့ အာဟာရဌာန တာဝန်ရှိသူတွေက ပြောကြားလိုက်တာပါ။

"နှစ်မျိုးမှာငါးနှစ်အောက်ကလေးတွေကကာလတာရှည်အာဟာရချို့တဲ့လို့အရပ်ပုတာ၊ရှိရမယ့်အရပ်မရှိတာရယ်။နောက်တစ်ခုက သွေးအားနည်းတာက ငါးနှစ်အောက်ကလေးတွေကော၊ နောက်ပြီး အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အထိအမျိုးသမီးတွေသွေးအားနည်းတာပေါ့။ အဲ့ဒီနှစ်ခုက အဓိက ဖြစ်နေလို့ ဒါကို အဓိကထားပြီးလုပ်နေတာပေါ့။"လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဌာနက ဒုတိယညွှန်ကြားရေးမှူးဒေါက်တာလွင်မာလှိုင်က ပြောပါတယ်။

39017545_219961525361464_1601131033053364224_n.jpg

ကျောင်းနေရွယ်ကလေး ကိုးသိန်းကျော်မှာ အသက်ငါးနှစ်အောက်ကလေးတွေမှာ ရှိသင့်တဲ့အရပ်မရှိဘဲပုညှက်နေတာက ၂၉.၂ ရာခိုင်နှုန်းနဲ့ သုံးယောက်မှာတစ်ယောက် အရပ်ပုနေခြင်းကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

အသက် ငါးနှစ်အောက်ကလေးတွေ သွေးအားနည်းနေတာက ၅၈ ရာခိုင်နှုန်း နဲ့ အမျိုးသမီးတွေ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အထိမှာသွေးအားနည်းရောဂါခံစားနေရတာက ၄၇ ရာခိုင်နှုန်းဖြစ်ပြီးတော့ အမျိုုးသမီးနှစ်ယောက်မှာ တစ်ယောက်နှုန်းနဲပ သွေးအားနည်းနေတာဖြစ်တယ်လို့ သိရပါတယ်။

38918450_290462065093245_6259989003710234624_n.jpg

မြန်မာနိုင်ငံအနေနဲ့လည်း အာဟာရဖွံ့ဖြိုးမှုအတွက် ဗဟိုအဆင့်အနေနဲ့ လုပ်ဆောင်နေပြီးတော့ အခုသြဂုတ်လမှာ မိခင်နို့် စနစ်တကျ တိုက်တာ၊ ကျောင်းသားလူငယ်တွေ အာဟာရဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်တာ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အာဟာရဖွံဖြိုးရေး ၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး စတဲ့ လေးပတ်ကိုသြဂုတ်လ တစ်လလုံးမှာ ရပ်ကွက်အလိုက်၊ကျောင်းအလိုက် လုပ်ဆောင်မယ်လို့လည်း တရားဝင်မိတ်ဆက်ခဲ့ပါတယ်။

နိုင်ငံတကာသုတေသနရလာဒ်တွေအရ အာရှပစိဖိတ်ဒေသတွေမှာ ငါးနှစ်အောက်ကလေးတွေ သေဆုံးတာရဲ့ ၅၃ ရာခိုင်နှုန်းက အာဟာရချို့တဲ့မှုနဲ့ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

[Zawgyi Version]

ကာလရွည္ၾကာအာဟာရခ်ိဳ႕တဲ့တာေၾကာင့္ အရပ္ပုညွက္ေနတာနဲ႔ သံဓာတ္အားနည္းတာေတြက ျမန္မာႏုိင္ငံရဲ႕ အဓိကက အာဟာရခ်ိဳ႕တဲ့မႈျဖစ္ေနတယ္လုိ႔ ၾသဂုတ္ ၁၁ ရက္ေန႔ကျပဳလုပ္တဲ့ အာဟာရဖြံ႕ၿဖိဳးေရးရက္သတၱပတ္ ဖြင့္ပြဲမွာ ျပည္သူ႔က်န္းမာေရး ဦးစီးဌာနတာ၀န္ရွိသူေတြက ေျပာဆုိလုိက္ပါတယ္။

 

ျမန္မာႏုိင္ငံမွာငါးနွစ္အရြယ္ကေလးငယ္ေတြမွာ ကာလရွည္ၾကာအာဟာရခ်ိဳ႕တဲ့တာေၾကာင့္ ရွိသင့္တဲ့အရပ္မရွိဘဲ ပုညွက္ေနတာနဲ႔ အမ်ဳိးသမီးေတြမွာ သံဓါတ္ခ်ိဳ႕တဲ့ေနတာက အဓိကက်န္းမာေရးခ်ိဳ႕တဲ့မႈျဖစ္ေနတာလုိ႔ အာဟာရဌာန တာ၀န္ရွိသူေတြက ေျပာၾကားလုိက္တာပါ။

"နွစ္မ်ိဳးမွာငါးနွစ္ေအာက္ကေလးေတြကကာလတာရွည္အာဟာရခ်ိဳ႕တဲ့လုိ႔အရပ္ပုတာ၊ရွိရမယ့္အရပ္မရွိတာရယ္။ေနာက္တစ္ခုက ေသြးအားနည္းတာက ငါးနွစ္ေအာက္ကေလးေတြေကာ၊ ေနာက္ၿပီး အသက္ ၁၅ နွစ္ကေန ၄၉ နွစ္အထိအမ်ဳိးသမီးေတြေသြးအားနည္းတာေပါ့။ အဲ့ဒီႏွစ္ခုက အဓိက ျဖစ္ေနလုိ႔ ဒါကုိ အဓိကထားၿပီးလုပ္ေနတာေပါ့။"လုိ႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာန၊ အာဟာရဌာနက ဒုတိယညႊန္ၾကားေရးမွဴးေဒါက္တာလြင္မာလႈိင္က ေျပာပါတယ္။

ေက်ာင္းေနရြယ္ကေလး ကုိးသိန္းေက်ာ္မွာ အသက္ငါးနွစ္ေအာက္ကေလးေတြမွာ ရွိသင့္တဲ့အရပ္မရွိဘဲပုညွက္ေနတာက ၂၉.၂ ရာခုိင္ႏႈန္းနဲ႔ သုံးေယာက္မွာတစ္ေယာက္ အရပ္ပုေနျခင္းကို ႀကံဳေတြ႔ေနရတာျဖစ္ပါတယ္။

အသက္ ငါးနွစ္ေအာက္ကေလးေတြ ေသြးအားနည္းေနတာက ၅၈ ရာခုိင္ႏႈန္း နဲ႔ အမ်ဳိးသမီးေတြ အသက္ ၁၅ နွစ္ကေန ၄၉ နွစ္အထိမွာေသြးအားနည္းေရာဂါခံစားေနရတာက ၄၇ ရာခုိင္ႏႈန္းျဖစ္ၿပီးေတာ့ အမ်ုဳိးသမီးနွစ္ေယာက္မွာ တစ္ေယာက္ႏႈန္းနဲပ ေသြးအားနည္းေနတာျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာႏုိင္ငံအေနနဲ႕လည္း အာဟာရဖြံ႕ၿဖိဳးမႈအတြက္ ဗဟိုအဆင့္အေနနဲ႔ လုပ္ေဆာင္ေနၿပီးေတာ့ အခုၾသဂုတ္လမွာ မိခင္ႏုိ္႕ စနစ္တက် တုိက္တာ၊ ေက်ာင္းသားလူငယ္ေတြ အာဟာရဖြ႔ံၿဖိဳးမႈအတြက္ လုပ္ေဆာင္တာ၊ ကိုယ္၀န္ေဆာင္မိခင္ေတြ အာဟာရဖြံၿဖိဳးေရး ၊ အုိင္အုိဒင္းခ်ိဳ႕တဲ့မႈပေပ်ာက္ေရး စတဲ့ ေလးပတ္ကုိၾသဂုတ္လ တစ္လလုံးမွာ ရပ္ကြက္အလုိက္၊ေက်ာင္းအလုိက္ လုပ္ေဆာင္မယ္လုိ႔လည္း တရား၀င္မိတ္ဆက္ခဲ့ပါတယ္။

ႏုိင္ငံတကာသုေတသနရလာဒ္ေတြအရ အာရွပစိဖိတ္ေဒသေတြမွာ ငါးနွစ္ေအာက္ကေလးေတြ ေသဆုံးတာရဲ႕ ၅၃ ရာခုိင္ႏႈန္းက အာဟာရခ်ိိဳ႕တဲ့မႈနဲ႕ဆက္ႏြယ္ေနတယ္လုိ႔ ဆုိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs