လှည်းကူးမြို့နယ်မှာ ဆင်တွေကို သတ်ဖြတ်ပြီး ဆင်စွယ်နဲ့ အရေခွံတွေကို ရောင်းချခဲ့သူကို ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဲပြစ်မှုကျူးလွန်သူ မောင်ရွှေ (ခ) ရွှေမောင်
ပြီးခဲ့တဲ့ ဧပြီလတုန်းက လှည်းကူးမြို့နယ် ကလီထော်ကြိုးဝိုင်းမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးခဲ့လို့ စုံစမ်းရာ ကျော်ဝင်းနဲ့ စိန်ဝင်းဆိုသူတို့ကို ဖမ်းဆီးခဲ့ရာ သူတို့ကို စစ်ဆေးချက်အရ ပြစ်မှုကျူးလွန်ရာမှာ မောင်ရွှေ (ခ) ရွှေမောင်ပါဝင်တယ်လို့ သိရတာကြောင့် တရားခံပြေးအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပါတယ်။
စုံစမ်းချက်အရ မောင်ရွှေ(ခ) ရွှေမောင်ဟာ ရှမ်းပြည်နယ်၊မိုင်းရှုးမြို့မှာ ကျောက်တူးတဲ့သူဖြစ်ပြီး သြဂုတ်လ ၇ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
မောင်ရွှေ (ခ) မောင်ရွှေကို စစ်ဆေးရာ သူအပါအဝင် (၈) ဦးဟာ ၂၀၁၈ ခုနှစ် မတ်လတုန်းက လှည်းကူးမြို့နယ် ပေါင်းလင်းသစ်တောကြိုးဝိုင်းမှာ ဆင်ထီးတစ်ကောင်ကို တူမီးသေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ဆင်စွယ်နဲ့ အရေခွံတို့ကို ရောင်းချခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။
ဒါ့အပြင် ၂၀၁၇ မတ်လတုန်းကလည်း လှည်းကူးမြို့နယ် ကြိမ်မှန်မြှောင်မှာ ဆင်မတစ်ကောင်၊စက်တင်ဘာလနဲ့ နိုဝင်ဘာလတုန်းကလည်း လှည်းကူးမြို့နယ် မရမ်းချောင်အုပ်စု မှာ ဆင်ထီးတစ်ကောင်နဲ့ ဆင်မကောင်တို့ကို တူမီးသေနတ်တွေနဲ့ ပစ်သတ်ခဲ့ပြီး အစွယ်နဲ့ အရေခွံတို့ကို ရောင်းချခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ကနေ ထုတ်ပြန်ပါတယ်။
ရွှေမောင် (ခ) မောင်ရွှေကို တောရိုင်းတိရစ္ဆာန် ပုဒ်မ ၃၇ (က) အမှု (၄) မှုကို ဖော်ထုတ်ခဲ့ပြီး ဖောင်ကြီးနယ်မြေရဲစခန်းကနေ လက်နက်များအက်ဥပဒေပုဒ်မနဲ့ ထပ်မံအမှုဖွင့်အရေးယူူထားတယ်လို့ သိရပါတယ်။
လွည္းကူးၿမိဳ႕နယ္မွာ ဆင္ေတြကုိ သတ္ျဖတ္ၿပီး ဆင္စြယ္နဲ႔ အေရခြံေတြကုိ ေရာင္းခ်ခဲ့သူကုိ ဖမ္းဆီးရမိခဲ့တယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။
ဲျပစ္မႈက်ဴးလြန္သူ ေမာင္ေရႊ (ခ) ေရႊေမာင္
ၿပီးခဲ့တဲ့ ဧၿပီလတုန္းက လွည္းကူးၿမိဳ႕နယ္ ကလီေထာ္ႀကိဳး၀ိုင္းမွာ ေတာဆင္ရုိင္းတစ္ေကာင္ ေသဆံုးခဲ့လုိ႔ စံုစမ္းရာ ေက်ာ္၀င္းနဲ႔ စိန္၀င္းဆုိသူတို႔ကုိ ဖမ္းဆီးခဲ့ရာ သူတုိ႔ကုိ စစ္ေဆးခ်က္အရ ျပစ္မႈက်ဴးလြန္ရာမွာ ေမာင္ေရႊ (ခ) ေရႊေမာင္ပါ၀င္တယ္လို႔ သိရတာေၾကာင့္ တရားခံေျပးအျဖစ္ ဆက္လက္ေဆာင္ရြက္ခဲ့ပါတယ္။
စံုစမ္းခ်က္အရ ေမာင္ေရႊ(ခ) ေရႊေမာင္ဟာ ရွမ္းျပည္နယ္၊မိုင္းရႈးၿမိဳ႕မွာ ေက်ာက္တူးတဲ့သူျဖစ္ၿပီး ၾသဂုတ္လ ၇ ရက္ေန႔မွာ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။
ေမာင္ေရႊ (ခ) ေမာင္ေရႊကုိ စစ္ေဆးရာ သူအပါအ၀င္ (၈) ဦးဟာ ၂၀၁၈ ခုႏွစ္ မတ္လတုန္းက လွည္းကူးၿမိဳ႕နယ္ ေပါင္းလင္းသစ္ေတာႀကိဳး၀ိုင္းမွာ ဆင္ထီးတစ္ေကာင္ကုိ တူမီးေသနတ္နဲ႔ ပစ္သတ္ခဲ့ၿပီး ဆင္စြယ္နဲ႔ အေရခြံတို႔ကုိ ေရာင္းခ်ခဲ့တယ္လုိ႔ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။
ဒါ့အျပင္ ၂၀၁၇ မတ္လတုန္းကလည္း လွည္းကူးၿမိဳ႕နယ္ ႀကိမ္မွန္ေျမွာင္မွာ ဆင္မတစ္ေကာင္၊စက္တင္ဘာလနဲ႔ ႏုိ၀င္ဘာလတုန္းကလည္း လွည္းကူးၿမိဳ႕နယ္ မရမ္းေခ်ာင္အုပ္စု မွာ ဆင္ထီးတစ္ေကာင္နဲ႔ ဆင္မေကာင္တုိ႔ကုိ တူမီးေသနတ္ေတြနဲ႔ ပစ္သတ္ခဲ့ၿပီး အစြယ္နဲ႔ အေရခြံတုိ႔ကုိ ေရာင္းခ်ခဲ့တယ္လုိ႔ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ကေန ထုတ္ျပန္ပါတယ္။
ေရႊေမာင္ (ခ) ေမာင္ေရႊကုိ ေတာရိုင္းတိရစာၦန္ ပုဒ္မ ၃၇ (က) အမႈ (၄) မႈကုိ ေဖာ္ထုတ္ခဲ့ၿပီး ေဖာင္ႀကီးနယ္ေျမရဲစခန္းကေန လက္နက္မ်ားအက္ဥပေဒပုဒ္မနဲ႔ ထပ္မံအမႈဖြင့္အေရးယူူထားတယ္လုိ႔ သိရပါတယ္။
See stories of the future in your inbox each morning.
Copyright © 2018 Duwun.