• Local News
    ဆေးပြား ၂၆ ပြား လက်ဝယ်တွေ့ရှိလို့ ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မိုက်တီးကို တရားစွဲဆို
Mi Thawdar Aung
[Unicode Version]

မူးယစ်ဆေးပြား ၂၆ ပြား လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာမိုက်တီးကို ဒီနေ့စက်တင်ဘာ ၁၄ ရက်နေ့မှာ တာမွေမြို့နယ်တရားရုံးမှာ စတင် တရားစွဲဆိုလိုက်ပြီလို့ သိရပါတယ်။

မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာလက်ဝယ်တွေ့ရှိမှု ဥပဒေပုဒ်မ ၁၆/ ( ဂ ) နဲ့ တရားစွဲတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

41691821_2452315574793723_8482719353454723072_n.jpg 

 

ဒီနေ့ စက်တင်ဘာ ၁၄ ရက်မှာ ဒါရိုက်တာမိုက်တီးကို တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်ပြီးနောက် တရားစွဲဆိုခဲ့ပြီး စက်တင်ဘာ ၂၅ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်ညက ဒါရိုက်တာမိုက်တီး မောင်းနှင်လာတဲ့ ကားကို ရဲတပ်ဖွဲ့က စစ်ဆေးစဉ် မူးယစ်စိတ်ကြွဆေးပြား ၂၆ ပြား နဲ့အတူတွေ့ရှိခဲ့တာကြောင့် ဖမ်းဆီးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

41751607_267319430564839_5450061379748757504_n.jpg 

ဒါကြောင့် သန်းထွန်းဇော် (ခ) ဒါရိုက်တာ မိုက်တီးကို တာမွေမြို့မရဲစခန်းမှာ မယ (ပ) ၂၉/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မလ ၁၆ (ဂ) နဲ့ အမှုဖွင့်အရေးယူထားတာဖြစ်ပါတယ်။

 

[Zawgyi Version]

မူးယစ္ေဆးျပား ၂၆ ျပား လက္၀ယ္ေတြ႕ရွိတယ္ဆုိၿပီး ဖမ္းဆီးခံထားရတဲ့ ဒါရိုက္တာမုိက္တီးကုိ ဒီေန႔စက္တင္ဘာ ၁၄ ရက္ေန႔မွာ တာေမြၿမိဳ႕နယ္တရားရုံးမွာ စတင္ တရားစြဲဆုိလိုက္ၿပီလုိ႔ သိရပါတယ္။

မူးယစ္​​ေဆးဝါးနဲ႔စိတ္​ကို​ေျပာင္​းလဲ​ေစ​ေသာ ​ေဆးဝါးမ်ားဆိုင္​ရာလက္​ဝယ္​​ေတြ႕႐ွိမႈ ဥပ​ေဒပုဒ္​မ ၁၆/ ( ဂ ) နဲ႔ တရားစြဲတင္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

 

 

ဒီေန႔ စက္တင္ဘာ ၁၄ ရက္မွာ ဒါရုိက္တာမုိက္တီးကုိ တာေမြၿမိဳ႕နယ္တရားရုံးမွာ ရုံးထုတ္ၿပီးေနာက္ တရားစြဲဆုိခဲ့ၿပီး စက္တင္ဘာ ၂၅ ရက္ေန႔ကုိ ေနာက္ထပ္ရုံးခ်ိန္း ခ်ိန္းဆုိထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၆ ရက္ညက ဒါရိုက္တာမိုက္တီး ေမာင္းႏွင္လာတဲ့ ကားကို ရဲတပ္ဖြဲ႕က စစ္ေဆးစဥ္ မူးယစ္စိတ္ၾကြေဆးျပား ၂၆ ျပား နဲ႔အတူေတြ႕ရွိခဲ့တာေၾကာင့္ ဖမ္းဆီးခဲ့တယ္လုိ႔ ရန္ကုန္တိုင္းေဒသၾကီးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

 

 

ဒါေၾကာင့္ သန္းထြန္းေဇာ္ (ခ) ဒါရိုက္တာ မုိက္တီးကုိ တာေမြၿမိဳ႕မရဲစခန္းမွာ မယ (ပ) ၂၉/၂၀၁၈၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကုိေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆုိင္ရာ ဥပေဒပုဒ္မလ ၁၆ (ဂ) နဲ႔ အမႈဖြင့္အေရးယူထားတာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs