• Local News
    ဒေါ်လာဈေးကစားသူ ၄ ယောက်ကို ရဲဖမ်းပြီ
Hmue Eain Zaw
[Unicode Version]

ဒေါ်လာငွေလဲလှယ်မှုမှာ ငွေကြေးဈေးကမောက်ကမဖြစ်အောင် ဈေးကစားသူ ၄ ယောက်ကို မြို့နယ် ၃ ခုမှာ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေသိရပါတယ်။



dollar-transaction-cash-money-finance-770x433.jpg

ဒေါ်လာဈေးကစားသူ ၄ ယောက်ကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂၊ ၄၂ နဲ့ ပုဇွန်တောင်၊ ကျောက်တံတား နဲ့ ပန်းဘဲတန်းမြို့နယ် ၃ ခုမှာ အမှုဖွင့်လိုက်တာဖြစ်ပြီး စစစ ဌာနကနေတရားလိုပြုလုပ်ပြီး ရဲတပ်ဖွဲ့ကတဆင့်အမှုဖွင့်လိုက်တာဖြစ်တယ်လို့ စစစ ရဲ့ညွှန့်ကြားရေးမှူးဦးအောင်မျိုးက စက်တင်ဘာ ၂၉ ရက်နေ့မှာ Duwun ကိုပြောပါတယ်။

"သူတို့ကဈေးကစားကြတယ်။" လို့ စစစ ရဲ့ညွှန့်ကြားရေးမှူးဦးအောင်မျိုးကပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ဒေါ်လာဈေးနဲ့ ရွှေဈေးတွေဟာ စံချိန်တင်အမြင့်ဆုံးဈေးတွေနဲ့မြင့်တက်လာခဲ့ပြီးနောက် ခေါ်ယူစစ်ဆေးမှုတွေပြုလုပ်အပြီး ဖမ်းဆီးလိုက်တာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်နေ့မှာ ပဲ အင်းစိန်ထောင်ကိုပို့ပြီး ရမန်ယူထားတယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးသော အရေးယူမှုဖြစ်တယ်လို့သိရပြီး ဆက်လက်စစ်ဆေးမှုတွေလည်းပြုလုပ်သွားဦးမှာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံ၏ဒေါ်လာရောင်းဝယ်မှုကို ဗဟိုဘဏ်အညွှန်းကိန်းနဲ့ ရောင်းဝယ်မှုကို လွှတ်ချလိုက်ပြီးနောက်ပိုင်း ရွှေဘုံသာလမ်း (မဂိုလမ်း)တွင်ရှိသော ဒေါ်လာပွဲစားများက လောင်းကစားဆန်ဆန်ဒေါ်လာဈေးကစားမှုများကြောင့် ပြည်တွင်းငွေလဲဈေးကွက် စံချိန်တင်မြင့်တက်ခဲ့ခြင်းဖြစ်သည်။

 

[Zawgyi Version]

ေဒၚလာေငြလဲလွယ္မႈမွာ ေငြေၾကးေစ်းကေမာက္ကမျဖစ္ေအာင္ ေစ်းကစားသူ ၄ ေယာက္ကုိ ျမိဳ႕နယ္ ၃ ခုမွာ အမႈဖြင့္ျပီး ဖမ္းဆီးလုိက္ျပီျဖစ္တယ္လုိ႔ ရန္ကုန္တုိင္းေဒသၾကီးရဲတပ္ဖြဲ႔ကေနသိရပါတယ္။



dollar-transaction-cash-money-finance-770x433.jpg

ေဒၚလာေစ်းကစားသူ ၄ ေယာက္ကုိ ႏုိင္ငံျခားေငြစီမံခန္႔ခြဲမႈဥပေဒ ပုဒ္မ ၄၂၊ ၄၂ နဲ႔ ပုဇြန္ေတာင္၊ ေက်ာက္တံတား နဲ႔ ပန္းဘဲတန္းျမိဳ႕နယ္ ၃ ခုမွာ အမႈဖြင့္လုိက္တာျဖစ္ျပီး စစစ ဌာနကေနတရားလုိျပဳလုပ္ျပီး ရဲတပ္ဖြဲ႔ကတဆင့္အမႈဖြင့္လုိက္တာျဖစ္တယ္လုိ႔ စစစ ရဲ႕ညႊန္႔ၾကားေရးမွဴးဦးေအာင္မ်ိဳးက စက္တင္ဘာ ၂၉ ရက္ေန႔မွာ Duwun ကုိေျပာပါတယ္။

"သူတုိ႔ကေစ်းကစားၾကတယ္။" လုိ႔ စစစ ရဲ႕ညႊန္႔ၾကားေရးမွဴးဦးေအာင္မ်ိဳးကေျပာပါတယ္။

ျပီးခဲ့တဲ့ တစ္ပတ္အတြင္းက ေဒၚလာေစ်းနဲ႔ ေရႊေစ်းေတြဟာ စံခ်ိန္တင္အျမင့္ဆုံးေစ်းေတြနဲ႔ျမင့္တက္လာခဲ့ျပီးေနာက္ ေခၚယူစစ္ေဆးမႈေတြျပဳလုပ္အျပီး ဖမ္းဆီးလုိက္တာျဖစ္ျပီး စက္တင္ဘာ ၂၈ ရက္ေန႔မွာ ပဲ အင္းစိန္ေထာင္ကိုပုိ႔ျပီး ရမန္ယူထားတယ္လုိ႔ သိရပါတယ္။

ဒါဟာ ၂၀၁၀ ခုႏွစ္ေနာက္ပုိင္းမွာ ပထမဆုံးေသာ အေရးယူမႈျဖစ္တယ္လုိ႔သိရျပီး ဆက္လက္စစ္ေဆးမႈေတြလည္းျပဳလုပ္သြားဦးမွာျဖစ္တယ္လုိ႔သိရပါတယ္။

ျမန္မာႏုိင္ငံ၏ေဒၚလာေရာင္း၀ယ္မႈကုိ ဗဟုိဘဏ္အညႊန္းကိန္းနဲ႔ ေရာင္း၀ယ္မႈကုိ လႊတ္ခ်လုိက္ျပီးေနာက္ပုိင္း ေရႊဘုံသာလမ္း (မဂုိလမ္း)တြင္ရွိေသာ ေဒၚလာပြဲစားမ်ားက ေလာင္းကစားဆန္ဆန္ေဒၚလာေစ်းကစားမႈမ်ားေၾကာင့္ ျပည္တြင္းေငြလဲေစ်းကြက္ စံခ်ိန္တင္ျမင့္တက္ခဲ့ျခင္းျဖစ္သည္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs