• Local News

    ဇေကမ္ဘာကုမ္ပဏီရဲ့ စီမံကိန်း တပ်မတော် ပိတ်သိမ်း

Ko John
[Unicode Version]

မြရိပ်ညိုဟိုတယ်ဟောင်းနေရာပေါ်မှာ ဇေကမ္ဘာကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ Yangon New World စီမံကိန်းဟာ စာချုပ်ပါသတ်မှတ်ချက်တွေကို မလိုက်နာတာကြောင့် တပ်မတော်ကနေ အဲ့ဒီစီမံကိန်းကို ပြန်ပြီး ရုပ်သိမ်းလိုက်ပါတယ်။

42993559_1082283745269684_6976735933500489728_n.jpg

အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်တဲ့ ဇေကမ္ဘာက ၄၀ ရာခိုင်နှုန်း၊ တရုတ်ကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်း ရင်းနှီးမတည်တဲ့ အဲ့ဒီစီမံကိန်းမှာ ဇေကမ္ဘာကုမ္ပဏီအနေနဲ့ (M.O.A) အရသာ ချုပ်ဆိုထားဆဲ ဖြစ်ပြီး B.O.T စာချုပ် ချုပ်ဆိုနိုင်ခြင်းမရှိသည့် ကာလအတွင်း စာချုပ်ပါ စည်းကမ်းများအပေါ်မလိုက်နာတာကြောင့် တပ်မြို့စည်ပင်က စီမံကိန်းမြေငှားရမ်းမှု ကိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

"မြရိပ်ညိုဟိုတယ်စီမံကိန်းဟာ M.O.A မှာပါတဲ့အတိုင်း B.O.T စာချုပ် ချုပ်ဆိုနိုင်မှုမရှိသေးဘူး၊ မြေအသုံးချခနဲ့ ကြားကာလမြေငှားရမ်းခတွေပေးသွင်းမှုမရှိတာကြောင့်လည်း နိုင်ငံတော်ဘဏ္ဍာရရှိမှု နစ်နာခဲ့ပါတယ်၊ MIC နဲ့မြေငှားရမ်းသူရဲ့ခွင့်ပြုချက်မရရှိဘဲ ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ (၂) လုံးနဲ့အခြားအဆောက်အဦ (၂) လုံးကို ဖြိုဖျက်ပြီး ရုံးနှင့် စီမံကိန်းအဆောက်အဦသစ်တွေဆောက်လုပ်တာ၊ ခွင့်ပြုထားတာမရှိ ဘဲနိုင်ငံခြားကုမ္ပဏီနဲ့ ပူးပေါင်းဆောင်ရွက်တဲ့သတင်းတွေကို ဖော်ပြခဲ့တာတွေဟာ M.O.A ပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ဆောင်ရွက်ခဲ့တာဖြစ်လို့ ဇေကမ္ဘာကုမ္ပဏီကို မြေငှားရမ်းမှုရပ်ဆိုင်းဆောင်ရွက်ဖို့ အကြောင်းကြားခဲ့ပြီး ဖြစ်ပါတယ်"လို့ တပ်မတော်တာဝန်ရှိသူအရာရှိကြီးက မီဒီယာတွေကို အောက်တိုဘာ ၃ ရက်နေ့မှာပြောပါတယ်။

မြရိပ်ညိုဟိုတယ်မြေနေရာဟာ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်တွင်တည်ရှိပြီး တပ်မတော်ပိုင် မြေဖြစ်ကာ ၁၃ ဒသမ ၇၉၄ ဧက ကျယ်ဝန်းကြောင်း၊ B.O.T စနစ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယင်းအချိန်က နှစ်ချုပ်စာချုပ်ဖြင့် လုပ်ငန်းဆောင်ရွက်သည့် ဇေကမ္ဘာကုမ္ပဏီကိုဦးစားပေးစနစ်ဖြင့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်တွင် ကြိုတင်သဘော တူညီမှုမှတ်တမ်းလွှာ (M.O.A) လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ပါတယ်။

စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခ ကန်ဒေါ်လာ ၄၁ ဒသမ ၃၈၂ သန်း ကို (၂) နှစ်အတွင်း (၅) ကြိမ်ခွဲ၍ ပေးသွင်းရမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း (၂) ကြိမ်အတွက် ကန်ဒေါ်လာ ၁၆ ဒသမ ၅၅၂ သန်းသာ ပေးသွင်းခဲ့ကြောင်း။ပေးသွင်း ရန်ကျန်ရှိနေသော (၃) ကြိမ်အတွက် ကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းကို ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိ ပေးသွင်းမှုမရှိသောကြောင့် အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ရတယ်လို့ တပ်မတော်တာဝန်ရှိသူကပြောပါတယ်။

ဒါ့အပြင်မြေပိုင်ရှင်သို့ ခွင့်ပြုချက်တစ်စုံတစ်ရာတင်ပြခွင့်ပြုခြင်းမရှိဘဲ အဆိုပါ မြေဧရိယာအတွင်းရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၆ ခုနှစ်၊ သတ်မှတ်ထားခဲ့သည့် ရှေးဟောင်းလက်ရာစာရင်းဝင် အဆောက်အဦ ၂ လုံးဖြစ်သော မြို့တော်ဝန်အိမ် House (C) နှင့် ဧည့်ရိပ်သာ House (D) တို့ကို ဖြိုဖျက်ခဲ့ကာ ၎င်းတို့သဘောအတိုင်း ရုံးနှင့် စီမံကိန်းအဆောက်အဦသစ်များဆောင်ရွက်ခဲ့တာကြောင့်ခုလို ပိတ်သိမ်းတာဖြစ်တယ်လို့ သူကပြောပါတယ်။

စီမံကိန်းမြေနေရာတွင် မြေတူးဖော်မှုများကြောင့် အများပြည်သူများအသုံးပြုနေ သည့် ကုက္ကိုင်းရေလှောင်ကန် ဆက်စပ်မြေနေရာများ ထိခိုက်နိုင်သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုများရှိသဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့လည်း စီမံကိန်း လုပ်ငန်းအား ခွင့်ပြုခြင်းမရှိရန်လည်း အကြောင်းကြားခဲ့ပြီးဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိကြီးကပြောပါတယ်။

[Zawgyi Version]

ျမရိပ္ညိဳဟုိတယ္ေဟာင္းေနရာေပၚမွာ ေဇကမၻာကုမၸဏီလီမိတက္နဲ႔ တ႐ုတ္ကုမၸဏီတို႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ Yangon New World စီမံကိန္းဟာ စာခ်ဳပ္ပါသတ္မွတ္ခ်က္ေတြကို မလိုက္နာတာေၾကာင့္ တပ္မေတာ္ကေန အဲ့ဒီစီမံကိန္းကို ျပန္ၿပီး ႐ုပ္သိမ္းလိုက္ပါတယ္။



အေမရိကန္ေဒၚလာ သန္း ၅၀၀ တန္တဲ့ ေဇကမာၻက ၄၀ ရာခိုင္ႏႈန္း၊ တရုတ္ကုမၸဏီမွ ၆၀ ရာခိုင္ႏႈန္း ရင္းႏွီးမတည္တဲ့ အဲ့ဒီစီမံကိန္းမွာ ေဇကမာၻကုမၸဏီအေနနဲ႔ (M.O.A) အရသာ ခ်ဳပ္ဆိုထားဆဲ ျဖစ္ၿပီး B.O.T စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ျခင္းမရွိသည့္ ကာလအတြင္း စာခ်ဳပ္ပါ စည္းကမ္းမ်ားအေပၚမလိုက္နာတာေၾကာင့္ တပ္ၿမိဳ႕စည္ပင္က စီမံကိန္းေျမငွားရမ္းမႈ ကိုရပ္ဆိုင္းလိုက္တာျဖစ္ပါတယ္။

"ျမရိပ္ညိဳဟိုတယ္စီမံကိန္းဟာ M.O.A မွာပါတဲ့အတိုင္း B.O.T စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္မႈမရွိေသးဘူး၊ ေျမအသံုးခ်ခနဲ႔ ၾကားကာလေျမငွားရမ္းခေတြေပးသြင္းမႈမရွိတာေၾကာင့္လည္း ႏိုင္ငံေတာ္ဘ႑ာရရွိမႈ နစ္နာခဲ့ပါတယ္၊ MIC နဲ႔ေျမငွားရမ္းသူရဲ့ခြင့္ျပဳခ်က္မရရွိဘဲ ေရွးေဟာင္းလက္ရာစာရင္း၀င္ အေဆာက္အဦ (၂) လံုးနဲ႔အျခားအေဆာက္အဦ (၂) လံုးကို ၿဖိဳဖ်က္ၿပီး ႐ံုးႏွင့္ စီမံကိန္းအေဆာက္အဦသစ္ေတြေဆာက္လုပ္တာ၊ ခြင့္ျပဳထားတာမရွိ ဘဲႏိုင္ငံျခားကုမၸဏီနဲ႔ ပူးေပါင္းေဆာင္ရြက္တဲ့သတင္းေတြကို ေဖာ္ျပခဲ့တာေတြဟာ M.O.A ပါ စည္းကမ္းခ်က္ေတြကို ေဖာက္ဖ်က္ေဆာင္ရြက္ခဲ့တာျဖစ္လို႔ ေဇကမာၻကုမၸဏီကို ေျမငွားရမ္းမႈရပ္ဆိုင္းေဆာင္ရြက္ဖို႔ အေၾကာင္းၾကားခဲ့ၿပီး ျဖစ္ပါတယ္"လို႔ တပ္မေတာ္တာဝန္ရွိသူအရာရွိႀကီးက မီဒီယာေတြကို ေအာက္တိုဘာ ၃ ရက္ေန႔မွာေျပာပါတယ္။

ျမရိပ္ညိဳဟုိတယ္ေျမေနရာဟာ ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္တြင္တည္ရွိၿပီး တပ္မေတာ္ပိုင္ ေျမျဖစ္ကာ ၁၃ ဒသမ ၇၉၄ ဧက က်ယ္ဝန္းေၾကာင္း၊ B.O.T စနစ္ျဖင့္ လုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ ယင္းအခ်ိန္က ႏွစ္ခ်ဳပ္စာခ်ဳပ္ျဖင့္ လုပ္ငန္းေဆာင္ရြက္သည့္ ေဇကမာၻကုမၸဏီကိုဦးစားေပးစနစ္ျဖင့္ ၂၀၁၄ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္တြင္ ႀကိဳတင္သေဘာ တူညီမႈမွတ္တမ္းလႊာ (M.O.A) လက္မွတ္ေရးထိုးေဆာင္ရြက္ခဲ့ပါတယ္။

စာခ်ဳပ္ သေဘာတူညီခ်က္အတိုင္း ေျမအသံုးခ်ခ ကန္ေဒၚလာ ၄၁ ဒသမ ၃၈၂ သန္း ကို (၂) ႏွစ္အတြင္း (၅) ႀကိမ္ခြဲ၍ ေပးသြင္းရမည္ျဖစ္ေသာ္လည္း သတ္မွတ္ကာလအတြင္း (၂) ႀကိမ္အတြက္ ကန္ေဒၚလာ ၁၆ ဒသမ ၅၅၂ သန္းသာ ေပးသြင္းခဲ့ေၾကာင္း။ေပးသြင္း ရန္က်န္ရွိေနေသာ (၃) ႀကိမ္အတြက္ ကန္ေဒၚလာ ၂၄ ဒသမ ၈၂၉ သန္းကို ၂၀၁၆ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္တြင္ ေနာက္ဆံုးေပးသြင္းရမည္ျဖစ္ေသာ္လည္း ယေန႔အထိ ေပးသြင္းမႈမရွိေသာေၾကာင့္ အႀကိမ္ႀကိမ္ႏႈိးေဆာ္သတိေပးခဲ့ရတယ္လို႔ တပ္မေတာ္တာဝန္ရွိသူကေျပာပါတယ္။

ဒါ့အျပင္ေျမပိုင္ရွင္သို႔ ခြင့္ျပဳခ်က္တစ္စံုတစ္ရာတင္ျပခြင့္ျပဳျခင္းမရွိဘဲ အဆိုပါ ေျမဧရိယာအတြင္းရွိ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ၁၉၉၆ ခုႏွစ္၊ သတ္မွတ္ထားခဲ့သည့္ ေရွးေဟာင္းလက္ရာစာရင္း၀င္ အေဆာက္အဦ ၂ လံုးျဖစ္ေသာ ၿမိဳ႕ေတာ္၀န္အိမ္ House (C) ႏွင့္ ဧည့္ရိပ္သာ House (D) တို႔ကို ၿဖိဳဖ်က္ခဲ့ကာ ၄င္းတို႔သေဘာအတိုင္း ႐ံုးႏွင့္ စီမံကိန္းအေဆာက္အဦသစ္မ်ားေဆာင္ရြက္ခဲ့တာေၾကာင့္ခုလို ပိတ္သိမ္းတာျဖစ္တယ္လို႔ သူကေျပာပါတယ္။

စီမံကိန္းေျမေနရာတြင္ ေျမတူးေဖာ္မႈမ်ားေၾကာင့္ အမ်ားျပည္သူမ်ားအသံုးျပဳေန သည့္ ကုကၠိဳင္းေရေလွာင္ကန္ ဆက္စပ္ေျမေနရာမ်ား ထိခိုက္ႏိုင္သျဖင့္ စိုးရိမ္မႈမ်ားရွိေနၿပီး ကန္႔ကြက္မႈမ်ားရွိသျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီသို႔လည္း စီမံကိန္း လုပ္ငန္းအား ခြင့္ျပဳျခင္းမရွိရန္လည္း အေၾကာင္းၾကားခဲ့ၿပီးျဖစ္ေၾကာင္း အဆိုပါ တပ္မေတာ္အရာရွိႀကီးကေျပာပါတယ္။



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs