PNLO နာယက ဦးခွန်ဥက္ကာ ပြောဆိုထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ပုပ္ပါးဒေသတဝိုက်မှာ ကျင်းပဖို့ရှိနေတယ်လို့သိရပါတယ်။



 

Photo - WiKiPedia





အလွတ်သဘောတွေ့ဆုံမှာဖြစ်ပြီး အဲ့ဒီတွေ့ဆုံပွဲကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးဒေသမှာ ကျင်းပသွားမယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO နာယက ဦးခွန်ဥက္ကာ ကမီဒီယာတွေကို အောက်တိုဘာ ၅ ရက်နေ့ကပြောပါတယ်။



ပုပ္ပါးတောင်ခြေက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ပိုင်ခြံလေးမှာ တွေ့ဆုံဖြစ်ကြမယ်လို့ ခန့်မှန်းထားကြပေမယ့် အတိအကျဘယ်နေရာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။



ဒီတွေ့ဆုံပွဲမှာ လာမယ့်၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် ဆုံးဖြတ်ရတော့မယ့် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး အပါအဝင် တခုထဲသော တပ်မတော် ဖွဲ့စည်းရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေ ချမှတ်ဖို့ ဆွေးနွေးသွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောထားပါတယ်။



တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ ခေါင်းဆောင်တွေ အရင်ကတွေ့ဆုံခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒါမှမဟုတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးသန့်သာ တွေ့ဆုံခဲ့ကြပြီး အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေ တစုတစည်းတည်း ထိပ်တိုက် တွေ့ဆုံဆွေးနွေးခဲ့ကြတာ မရှိခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က