• Local News
    အင်းစိန်က ဆရာဝန် ဒေါက်တာထွန်းလွင် ကိုသတ်သူ လာရောက်အဖမ်းခံ
Hmue Eain Zaw
[Unicode Version]

အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းက ထောင်ဆရာဝန်ဟောင်းတစ်ဦးဖြစ်သူ ဒေါက်တာထွန်းလွင်ကို ဆေးခန်းအတွင်းသို့ဝင်ရောက်၍ ဓါးနှင့် ထိုးသတ်ခဲ့သူသည် အင်းစိန်မြို့မရဲစန်းကို ကိုယ်တိုင်လာရောက်ပြီး အဖမ်းခံခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။

43156446_2423990827616698_1482744910988705792_n.jpg

Photo - Yangon Police



အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံလမ်းaဆးကုခန်းတွင်ဆေးဝါးကုသသည့် အလုပ်ကိုလုပ်ကိုင်နေသော ဒေါက်တာ ထွန်းလွင်၊(၇၁)နှစ်၊ ၏ဆေးခန်းထဲကိုဝင်ရောက်ပြီး ဝဲဘက်လည်ပင်းထိုးကို ဓါးနဲ့ထိုးသွင်းခဲ့တာကြောင့် အင်းစိန်ဆေးရုံအမျိုးသားခွဲစိတ်ဆောင်တွင် အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူခဲ့ရသည်။

ပြောပြချက်အရ ညနေ ၆ နာရီကျောက် အချိန်တွင် ဒေါက်တာ ထွန်းလွင် နှင့် အမျိုးသမီးတစ်ဦးတို့ ဆေးခန်းထဲရှိနေစဉ်မှာ အင်းစိန်မြို့နယ်၊ ပိန္နဲကုန်းရပ်ကွပ်၊ သရက်ခြံ(၁) လမ်းနေ ဘိုဘို(ခ)လွင်ဘိုဘိုကျော်(၃၃)နှစ်ဆိုသူက ဆေးခန်းအတွင်းဝင်ရောက်ပြီး ဓားဖြင့်ထိုးကာထွက်ပြေးသွားခဲ့ပါတယ်။

ဒါကြောင့်အင်းစိန်မြို့မရဲစခန်း(ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့်အမှုရေးဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးဆောင်ရွက်နေစဉ် အမှုမှ ဒဏ်ရာရရှိသူ ဒေါက်တာ ထွန်းလွင်သည် ရရှိသော ဒဏ်ရာများဖြင့် ည ၇နာရီကျော် အချိန်တွင်သေဆုံးသွားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ စစ်ဆေးခဲ့ပြီး တရားခံဖမ်းဆီးရမိရေးအတွက် အင်းစိန်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းနေစဉ် ၂၁၂၅ အချိန်တွင် ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော် မှ အင်းစိန်မြို့မရဲစန်းသို့ ကိုယ်တိုင်လာရောက် အဖမ်းခံကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ)လွင်ဘိုဘိုကျော် အားစစ်ဆေးခဲ့ရာ ၎င်းနှင့် သေဆုံးသူသည် ယခင်က စကားများရန် ဖြစ်သည့် ကိစ္စနှင့်ပတ်သက်၍ အမှုဖွင့် တရားစွဲဆိုသောကြောင့် ပြစ်မှုကျူးလွန်သူမှ ထောင်(၁)လကျခဲ့ဖူး

ပြီး ထိုရန်ငြိုးကြောင့် ယခုကဲ့သို့ သေဆုံးသူအား ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ကြာင်း စစ်ဆေးပေါ်ပေါက်ခဲ့ကာ ပြစ်မှုကျူးလွန်သူ ဘိုဘို(ခ) လွင်ဘိုဘိုကျော်အား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

[Zawgyi Version]

ေအာက္တုိဘာ ၄ ရက္ေန႔ ညေနပုိင္းက ေထာင္ဆရာ၀န္ေဟာင္းတစ္ဦးျဖစ္သူ ေဒါက္တာထြန္းလြင္ကုိ ေဆးခန္းအတြင္းသုိ႔၀င္ေရာက္၍ ဓါးႏွင့္ ထုိးသတ္ခဲ့သူသည္ အင္းစိန္ၿမိဳ႕မရဲစန္းကုိ ကုိယ္တုိင္လာေရာက္ျပီး အဖမ္းခံခဲ့တယ္လုိ႔ ရန္ကုန္တုိင္းေဒသၾကီးရဲတပ္ဖြဲ႕က သိရပါတယ္။

Photo - Yangon Police



အင္းစိန္ၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြက္၊ သရက္ၿခံလမ္းaဆးကုခန္းတြင္ေဆး၀ါးကုသသည့္ အလုပ္ကိုလုပ္ကိုင္ေနေသာ ေဒါက္တာ ထြန္းလြင္၊(၇၁)ႏွစ္၊ ၏ေဆးခန္းထဲကို၀င္ေရာက္ျပီး ၀ဲဘက္လည္ပင္းထိုးကုိ ဓါးနဲ႔ထုိးသြင္းခဲ့တာေၾကာင့္ အင္းစိန္ေဆးရုံအမ်ိဳးသားခြဲစိတ္ေဆာင္တြင္ အတြင္းလူနာအျဖစ္ေဆးကုသမႈခံယူခဲ့ရသည္။

ေျပာျပခ်က္အရ ညေန ၆ နာရီေက်ာက္ အခ်ိန္တြင္ ေဒါက္တာ ထြန္းလြင္ ႏွင့္ အမ်ိဳးသမီးတစ္ဦးတုိ႔ ေဆးခန္းထဲရွိေနစဥ္မွာ အင္းစိန္ၿမိဳ႕နယ္၊ ပိႏၷဲကုန္းရပ္ကြပ္၊ သရက္ၿခံ(၁) လမ္းေန ဘိုဘို(ခ)လြင္ဘိုဘိုေက်ာ္(၃၃)ႏွစ္ဆိုသူက ေဆးခန္းအတြင္း၀င္ေရာက္ၿပီး ဓားျဖင့္ထုိးကာထြက္ေျပးသြားခဲ့ပါတယ္။

ဒါေၾကာင့္အင္းစိန္ၿမိဳ႕မရဲစခန္း(ပ)၂၀၄၄/ ၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္အမႈေရးဖြင့္ကာ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးေဆာင္ရြက္ေနစဥ္ အမႈမွ ဒဏ္ရာရရွိသူ ေဒါက္တာ ထြန္းလြင္သည္ ရရွိေသာ ဒဏ္ရာမ်ားျဖင့္ ည ၇နာရီေက်ာ္ အခ်ိန္တြင္ေသဆုံးသြားသျဖင့္ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ မွ ၃၀၂ သို႔ေျပာင္းလဲ စစ္ေဆးခ့ဲၿပီး တရားခံဖမ္းဆီးရမိေရးအတြက္ အင္းစိ္န္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားသည္ လိုက္လံစုံစမ္းေနစဥ္ ၂၁၂၅ အခ်ိန္တြင္ ျပစ္မႈက်ဴးလြန္သူ ဘိုဘို(ခ)လြင္ဘိုဘိုေက်ာ္ မွ အင္းစိန္ၿမိဳ႕မရဲစန္းသို႔ ကိုယ္တိုင္လာေရာက္ အဖမ္းခံေၾကာင္း သိရသည္။

ျပစ္မႈက်ဴးလြန္သူ ဘိုဘို(ခ)လြင္ဘိုိဘိုေက်ာ္ အားစစ္ေဆးခ့ဲရာ ၎ႏွင့္ ေသဆုံးသူသည္ ယခင္က စကားမ်ားရန္ ျဖစ္သည့္ ကိစၥႏွင့္ပတ္သက္၍ အမႈဖြင့္ တရားစြဲဆိုေသာေၾကာင့္ ျပစ္မႈက်ဴးလြန္သူမွ ေထာင္(၁)လက်ခ့ဲဖူး

ၿပီး ထိုရန္ၿငိဳးေၾကာင့္ ယခုက့ဲသို႔ ေသဆုံးသူအား ဓားျဖင့္ထုိးခ့ဲျခင္းျဖစ္ၾကာင္း စစ္ေဆးေပၚေပါက္ခ့ဲကာ ျပစ္မႈက်ဴးလြန္သူ ဘိုဘို(ခ) လြင္ဘိုဘိုေက်ာ္အား ဥပေဒႏွင့္အညီ ထိေရာက္စြာအေရးယူသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs