ခေတ်ဟောင်းနဲ့ ခေတ်သစ်ရုပ်ရှင်တွေအပါအဝင် အနုပညာရှင်ပေါင်းများစွာ ကပြသမှာပါ။

အနုပညာနဲ့ ပတ်သက်ပြီး ဂျပန်မှာ အထင်ကရ ပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ Kyoto International Film and Art Festival ကို အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။



 

mainvisual.jpg

Photo - http://kiff.kyoto.jp

 

Kyoto ရုပ်ရှင်နဲ့ အနုပညာပွဲတော်မှာ အဓိက ရုပ်ရှင်ပြပွဲ၊ ဖန်တီးမှု အနုပညာပြပွဲဆိုပြီး အဓိက အပိုင်း နှစ်ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ပွဲတော်ကာလအတွင်း ပွဲအခမ်းအနားအသေးစားတွေကိုလည်း ထည့်သွင်းကျင်းပဦးမှာ ဖြစ်ပါတယ်။

ပွဲတော်အတွင်းမှာ ကြည့်ရှုခံစားဖို့အတွက် အထူးဖိတ်ကြားထားတဲ့ ရုပ်ရှင် ၁၃ ကားအပြင်၊ အသံတိတ် ရုပ်ရှင်တွေ၊ ကွန်ပြူတာ အထူးပြုလုပ်ချက်နဲ့ ဖန်တီးထားတဲ့ animation ဇာတ်လမ်းတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

ရုပ်ရှင်တွေကတော့ နှစ်ပေါင်း ၁၅၀ လောက်သက်တမ်းရှိတဲ့ ရုပ်ရှင်ဟောင်းတွေ၊ အသံမပါတဲ့ခေတ်က ရုပ်ရှင်တွေ၊ အမေရိကန်ဟာသ ရုပ်ရှင်တွေ၊ စင်ဒရဲလားပုံပြင် ရုပ်ရှင်တွေ၊ နဲ့ အခြားစာပေ ဂီတအနုပညာရှင်တွေရဲ့ဖန်တီးမှုတွေလည်းပါဝင်မှာဖြစ်ပါတယ်။

ဒါအပြင်လာမယ့်ကြာသပတေးနေ့မှာ ပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားကို Kyoto မြို့အတွင်းက           နီရှီဟောင်ဝမ်ယီ ဘုရားကျောင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဖန်တီးမှုအနုပညာ ပြပွဲကိုတော့ ဂျန်ပုမူလတန်းကျောင်းအဟောင်းမှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

Kyoto မြို့ဟာ ဂျပန်နိုင်ငံရဲ့ ရုပ်ရှင်အမွေနှစ်တွေ ရှိတဲ့နေရာဖြစ်လို့ ဂျပန်ရဲ့ ဟောလိဝုဒ်အဖြစ်တင်စားခြင်း ခံရတဲ့ဒေလည်းဖြစ်ပါတယ်။ ရုပ်ရှင်ခေတ်ဦးကာလက စတူဒီယိုအတော်များများဟာ Kyoto မြို့မှာ တည်ထောင်ထားခဲ့ကြတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က