မြန်မာနိုင်ငံရဲတပ်ဖွဲ့ကကြေညာထားပါတယ်။

သီတင်းကျွတ်မှာ ဗြောက်အိုးဖောက်တာ မီးရှူးဖောက်တာတွေလုပ်ရင် အရေးယူမယ် လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်က ကြေညာလိုက်ပါတယ်။

 

 

မကြာမီကာလအတွင်း သီတင်းကျွတ်ပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတော်ကို ရောက်ရှိပြီး အဆိုပါ ပွဲတော်တွေကို အကြောင်းပြုကာ  မီးရှူးမီးပန်းလွှတ်တာ၊ဗြောက်အိုးဖောက်တာ၊ရှူးဒိုင်းတွေဖောက်တာကြောင့်အများပြည်သူ အထိတ်တလန့် ဖြစ်စေတာ၊ပြည်သူလူထုနဲ့ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေနိုင်တဲ့အပြင် မသမာသူတွေနဲ့ အဖျက်အမှောင့်ဆောင်ရွက်လိုသူတွေကအခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်မှူတွေရောနှော ဆောင်ရွက်နိုင်တာကြောင့်လို့ဖော်ပြထားပါတယ်။

 

ယခင်နှစ်သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်မြို့တွင်း တစ်နေရာ။

 

 

'' ထုတ်ပြန်တဲ့အတိုင်းအရေးယူရင်တော့ကောင်းပါတယ်။ အခုက တချိူ့လမ်းတွေမှာဆို သက်ကြီးရွယ်အိုတွေ၊ ရောဂါသည်တွေရှိကြတော့ တချိုူ့ဆိုးဆိုးဝါးဝါးတွေ ဆိုအရေးယူသင့်တယ်။ဒါပေမယ့် အရမ်းအသံမကျယ်တဲ့ မီးရှူးတွေကိုတော့ ကလေးတွေ ကစားဖို့လောက်က ခွင့်ပြုပေးသင့်ပါတယ်။ '' လို့ ကြည့်မြင်တိုင်မှာနေတဲ့ မသဇင်ကပြောပါတယ်။

ဒါကြောင့် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ဗြောက်အိုး၊ရှူးဒိုင်းတွေကို သိုလှောင်တာ၊ရောင်းချတာ၊ ပစ်ဖောက်တာတွေမပြုလုပ်ဖို့နဲ့ လိုက်နာမှုမရှိဘူးဆိုရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ယခင်နှစ်သီတင်းကျွတ်လပြည့်နေ့ ရန်ကုန်မြို့တွင်း တစ်နေရာ။

 

နှစ်စဉ်မှာ သီတင်းကျွတ်တန်ဆောင်တိုင်နီးရင် ဒီလိုမီးရှုးမီးပန်းမပစ်ဖောက်ဖို့ ရဲတပ်ဖွဲ့ကထုတ်ပြန်တဲ့အပြင် ရပ်ကွက်တွေမှာ လိုက်လံအသိပေးလေ့ရှိတာကိုတွေ့ရပါတယ်။



က္က