• Local News
    မသန်စွမ်းအဖွဲ့ချုပ်ဥက္ကဌ ကို မျက်မမြင်အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်တယ်ဆိုပြီးတိုင်ကြားထား
Mi Thawdar Aung
[Unicode Version]

မျက်မမြင် အမျိုးသမီးတစ်ဦးကို သားမယားပြုကျင့်ခဲ့တယ်ဆိုပြီး မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်ကို အောက်တိုဘာ ၈ ရက်နေ့ရက်စွဲနဲ့ အစိုးရဌာနတွေကိုတိုင်ကြားထားတယ်လို့ သိရပါတယ်။

 

43599327_751108615239485_8408738150939099136_n.jpg

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

 

အဆိုပါ မျက်မမြင် အမျိုးသမီးရဲ့ ဦးလေး ဦးမာယုက တူမ မနာခါးရှီးကို မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဥက္ကဌ ဦးအောင်ကိုမြင့်က အဓမ္မပြုကျင့်ခဲ့တဲ့ဆိုပြီး တိုင်ကြားစာကို အောက်တိုဘာ ၈ ရက်က  မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ အမျိုးသားကေ်ာမတီကို ပေးပို့ခဲ့တာပါ။

တိုင်ကြားစာရဲ့ ဖော်ပြချက်ထဲမှာ  ၂၀၁၈ ခုနှစ် ဇန်နဝါရီလတုန်းက မျက်မမြင်အမျိုးသမီး မနာခါးရှီး အလုပ်လုပ်ကိုင်တဲ့ YUME EYE အနှိပ်ခန်းမှာ မနာခါးရှီးတစ်ဦးတည်းအိပ်ရမယ့် အခြေအနေမှာ ရှိနေစဉ် ဦးအောင်ကိုမြင့်က သူရဲ့ အိမ်မှာ လာအိပ်ရန်နဲ့ လာခေါ်မယ်လို့ ပြောဆိုကြောင်း၊ အနှိပ်ခန်းပိတ်ချိန်မှာ အခြားဝန်ထမ်းတွေ ပြန်သွားလု့ိ မနာခါးရှီးက ဦးအောင်ကိုမြင့်ကို စောင့်ဆိုင်းနေရာ ရောက်လာပြီး အနှိပ်ခန်းကုတင်ပေါ်မှာသားမယားပြုကျင့်ခဲ့ပြီး သူ့ရဲ့ နေအိမ်ကို ခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

43473484_751108551906158_4673022145733853184_n.jpg

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

၂၀၁၈ ခုနှစ် ဧပြီလ ၇ ရက်နေ့ကလည်း မနာခါးရှီး စမ်းချောင်းမြို့နယ်က နေအိမ်တစ်အိမ်မှာ အနှိပ်ဝန်ဆောင်မှုပေးနေစဉ် ဦးအောင်ကိုမြင့်က တွေ့ချင်ကြောင်း ပြောဆိုပြီး ကားတစ်စီးစေလွှတ်ကာ လာခေါ်ပြီး တည်းခိုခန်းတစ်ခုကို ခေါ်ဆောင်သွားပြီး သားမယားထပ်မံ ပြုကျင့်ခဲ့တယ်လို့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။

အဲဒီလို သားမယားပြုကျင့်ခဲ့မှုတွေကြောင့် မနာခါးရှီးမှာ ဓမ္မတာမလာတော့ဘဲ ဦးအောင်ကိုမြင့်ကို အသိပေးခဲ့ပြီး ပြီးခဲ့တဲ့ ဇွန်လ တုန်းက ဦးအောင်ကိုမြင့်က YUME EYE အနှိပ်ခန်းမီးဖိုချောင်ပြင်ဆင်ဖို့ အလုပ်သမားခေါ်ခဲ့မယ်လို့ ပြောဆိုပြီး ရောက်လာချိန်မှာ အလုပ်သမားမပါဘဲ ဦးအောင်ကိုမြင့် တစ်ဦးတည်းလာပြီး မနာခါးရှီးကို ထပ်မံသားမယားပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဦးအောင်ကိုမြင့်က အသင့်ယူဆောင်လာတဲ့ ကေသီပန်းသွေးပုပ်ချဆေး (၁၀) ထုပ်ကို မနာခါးရှီးကို ပေးသောက်ခဲ့ကြောင်း၊ ဆေးသောက်ပြီးနောက် မနာခါးရှီးမှာ တစ်ကိုယ်လုံး ပျော့ခွေကာ နာကျင်တဲ့ ဝေဒနာကို ခံစားရပြီး၊ မစားနိုင်၊ မသောက်နိုင်၊မအိပ်နိုင်တဲ့ ဝေဒနာကို ခံစားခဲ့ရတာကြောင့် ဦးအောင်ကိုမြင့်ကို ပြောရာ သူကိုယ်တိုင် အလုံ၊ ကမာရွတ်၊ အာရှတော်ဝင် ဆေးခန်းတွေကိုပို့ဆောင်ပြသခဲ့ကြောင်း၊ အခုချိန်ထိ မသက်သာသေးဘဲ ဆေးမှတ်တမ်းတွေကိုလည်း ဦးအောင်ကိုမြင့်က သိမ်းဆည်းထားခဲ့တယ်လို့ သိရပါတယ်။

43514696_751108598572820_4294693032273379328_n.jpg

Photo - မြန်မာနိုင်ငံမျက်မမြင်အသင်း

အဲဒီနောက် မနာခါးရှီးက ဝေဒနာမခံစားနိုင်တော့တဲ့တွက် မိတ်ဆွေတွေကို အကူအညီတောင်းခဲ့ရာကနေ အဆိုပါ ဖြစ်စဉ်တွေကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဦးလေးတော်စပ်သူ ဦးမာယုက တိုင်ကြားစာမှာဖော်ပြထားပါတယ်။

အလုပ်သမားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်အမြတ်ထုတ်ခဲ့ခြင်း၊ ဓမ္မတာမလာတဲ့ အခြေအနေမှာဝေဒနာတွေ နာကျင်စေခဲ့ခြင်း၊ တရားဝင်အိမ်ထောင်ရှိရက်နဲ့ မနားခါးရှီးကို သားမယားပြုကျင့်ခဲ့တဲ့အတွက် လက်ရှိမှာ မနာခါးရှီးက စိတ်ပိုင်းဆိုင်ရာ ဆေးကုသနေရတယ်လို့ ဆိုပါတယ်။

အဲဒီလို ပြုမှုကျင့်ကြံခဲ့တဲ့ဦးအောင်ကိုမြင့်ကို ဥပဒေကြောင်းအရ ဆက်လက်တိုင်ကြားနိုင်ဖု့ိ ကူညီဆောင်ရွက်ပေးနိုင်ရန် မြန်မာနိုင်ငံ မသန်စွမ်းသူများ၊ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ကို တိုင်ကြားစာပေးပို့ထားခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

မ်က္မျမင္ အမ်ိဳးသမီးတစ္ဦးကုိ သားမယားျပဳက်င့္ခဲ့တယ္ဆုိၿပီး ျမန္မာႏုိင္ငံ မသန္စြမ္းအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးေအာင္ကုိျမင့္ကုိ ေအာက္တုိဘာ ၈ ရက္ေန႔ရက္စြဲနဲ႔ အစုိးရဌာနေတြကုိတုိင္ၾကားထားတယ္လို႔ သိရပါတယ္။

 

43599327_751108615239485_8408738150939099136_n.jpg

Photo - ျမန္မာႏုိင္ငံမ်က္မျမင္အသင္း

 

အဆိုပါ မ်က္မျမင္ အမ်ိဳးသမီးရဲ႕ ဦးေလး ဦးမာယုက တူမ မနာခါးရွီးကုိ ျမန္မာႏုိင္ငံမသန္စြမ္းအဖြဲ႔ခ်ဳပ္ ဥကၠဌ ဦးေအာင္ကုိျမင့္က အဓမၼျပဳက်င့္ခဲ့တဲ့ဆုိၿပီး တုိင္ၾကားစာကုိ ေအာက္တုိဘာ ၈ ရက္က  ျမန္မာႏုိင္ငံ မသန္စြမ္းသူမ်ား အခြင့္အေရးမ်ားဆုိင္ရာ အမ်ိဳးသားေက္ာမတီကုိ ေပးပုိ႔ခဲ့တာပါ။

တိုင္ၾကားစာရဲ႕ ေဖာ္ျပခ်က္ထဲမွာ  ၂၀၁၈ ခုႏွစ္ ဇန္န၀ါရီလတုန္းက မ်က္မျမင္အမ်ိဳးသမီး မနာခါးရွီး အလုပ္လုပ္ကုိင္တဲ့ YUME EYE အႏွိပ္ခန္းမွာ မနာခါးရွီးတစ္ဦးတည္းအိပ္ရမယ့္ အေျခအေနမွာ ရွိေနစဥ္ ဦးေအာင္ကုိျမင့္က သူရဲ႔ အိမ္မွာ လာအိပ္ရန္နဲ႔ လာေခၚမယ္လုိ႔ ေျပာဆုိေၾကာင္း၊ အႏွိပ္ခန္းပိတ္ခ်ိန္မွာ အျခား၀န္ထမ္းေတြ ျပန္သြားလု႔ိ မနာခါးရွီးက ဦးေအာင္ကုိျမင့္ကုိ ေစာင့္ဆုိင္းေနရာ ေရာက္လာၿပီး အႏွိပ္ခန္းကုတင္ေပၚမွာသားမယားျပဳက်င့္ခဲ့ၿပီး သူ႔ရဲ႕ ေနအိမ္ကုိ ေခၚေဆာင္သြားခဲ့တယ္လုိ႔သိရပါတယ္။

Photo - ျမန္မာႏုိင္ငံမ်က္မျမင္အသင္း

၂၀၁၈ ခုႏွစ္ ဧၿပီလ ၇ ရက္ေန႔ကလည္း မနာခါးရွီး စမ္းေခ်ာင္းၿမိဳ႕နယ္က ေနအိမ္တစ္အိမ္မွာ အႏွိပ္၀န္ေဆာင္မႈေပးေနစဥ္ ဦးေအာင္ကုိျမင့္က ေတြ႕ခ်င္ေၾကာင္း ေျပာဆုိၿပီး ကားတစ္စီးေစလႊတ္ကာ လာေခၚၿပီး တည္းခိုခန္းတစ္ခုကုိ ေခၚေဆာင္သြားၿပီး သားမယားထပ္မံ ျပဳက်င့္ခဲ့တယ္လုိ႔ တုိင္ၾကားစာမွာ ေဖာ္ျပထားပါတယ္။

အဲဒီလုိ သားမယားျပဳက်င့္ခဲ့မႈေတြေၾကာင့္ မနာခါးရွီးမွာ ဓမၼတာမလာေတာ့ဘဲ ဦးေအာင္ကုိျမင့္ကုိ အသိေပးခဲ့ၿပီး ၿပီးခဲ့တဲ့ ဇြန္လ တုန္းက ဦးေအာင္ကုိျမင့္က YUME EYE အႏွိပ္ခန္းမီးဖုိေခ်ာင္ျပင္ဆင္ဖုိ႔ အလုပ္သမားေခၚခဲ့မယ္လုိ႔ ေျပာဆုိၿပီး ေရာက္လာခ်ိန္မွာ အလုပ္သမားမပါဘဲ ဦးေအာင္ကုိျမင့္ တစ္ဦးတည္းလာၿပီး မနာခါးရွီးကုိ ထပ္မံသားမယားျပဳက်င့္ခဲ့တယ္လုိ႔ သိရပါတယ္။

အဲဒီေနာက္ ဦးေအာင္ကုိျမင့္က အသင့္ယူေဆာင္လာတဲ့ ေကသီပန္းေသြးပုပ္ခ်ေဆး (၁၀) ထုပ္ကုိ မနာခါးရွီးကုိ ေပးေသာက္ခဲ့ေၾကာင္း၊ ေဆးေသာက္ၿပီးေနာက္ မနာခါးရွီးမွာ တစ္ကုိယ္လံုး ေပ်ာ့ေခြကာ နာက်င္တဲ့ ေ၀ဒနာကုိ ခံစားရၿပီး၊ မစားႏုိင္၊ မေသာက္ႏုိင္၊မအိပ္ႏုိင္တဲ့ ေ၀ဒနာကုိ ခံစားခဲ့ရတာေၾကာင့္ ဦးေအာင္ကုိျမင့္ကုိ ေျပာရာ သူကုိယ္တုိင္ အလံု၊ ကမာရြတ္၊ အာရွေတာ္၀င္ ေဆးခန္းေတြကိုပုိ႔ေဆာင္ျပသခဲ့ေၾကာင္း၊ အခုခ်ိန္ထိ မသက္သာေသးဘဲ ေဆးမွတ္တမ္းေတြကုိလည္း ဦးေအာင္ကုိျမင့္က သိမ္းဆည္းထားခဲ့တယ္လုိ႔ သိရပါတယ္။

Photo - ျမန္မာႏုိင္ငံမ်က္မျမင္အသင္း

အဲဒီေနာက္ မနာခါးရွီးက ေ၀ဒနာမခံစားႏုိင္ေတာ့တဲ့တြက္ မိတ္ေဆြေတြကုိ အကူအညီေတာင္းခဲ့ရာကေန အဆုိပါ ျဖစ္စဥ္ေတြကုိ သိရွိခဲ့ရတာျဖစ္တယ္လုိ႔ ဦးေလးေတာ္စပ္သူ ဦးမာယုက တုိင္ၾကားစာမွာေဖာ္ျပထားပါတယ္။

အလုပ္သမားတစ္ဦးကုိ လိင္ပုိင္းဆုိင္ရာ အႏုိင္က်င့္အျမတ္ထုတ္ခဲ့ျခင္း၊ ဓမၼတာမလာတဲ့ အေျခအေနမွာေ၀ဒနာေတြ နာက်င္ေစခဲ့ျခင္း၊ တရား၀င္အိမ္ေထာင္ရွိရက္နဲ႔ မနားခါးရွီးကုိ သားမယားျပဳက်င့္ခဲ့တဲ့အတြက္ လက္ရွိမွာ မနာခါးရွီးက စိတ္ပုိင္းဆုိင္ရာ ေဆးကုသေနရတယ္လုိ႔ ဆုိပါတယ္။

အဲဒီလုိ ျပဳမႈက်င့္ၾကံခဲ့တဲ့ဦးေအာင္ကုိျမင့္ကုိ ဥပေဒေၾကာင္းအရ ဆက္လက္တုိင္ၾကားႏုိင္ဖု႔ိ ကူညီေဆာင္ရြက္ေပးႏိုင္ရန္ ျမန္မာႏုိင္ငံ မသန္စြမ္းသူမ်ား၊ အခြင့္အေရးမ်ားဆုိင္ရာ အမ်ိဳးသားေကာ္မတီ ကုိ တိုင္ၾကားစာေပးပုိ႔ထားခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs