• Local News
    ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တဲ့ နန်းမိုဟွမ်ကို TNLA က ပြန်လွှတ်ဖို့ သဘောတူ
Mi Thawdar Aung
[Unicode Version]

TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တဲ့ နန်းမိုဟွမ်ကို ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)ရဲ့   ကြားဝင်စေ့စပ်ပေးမှုကြောင့့် ပြန်လွှတ်ပေးလိုက်ပြီလို့  FPNCC နဲ့ ရှမ်းလူမှုအဖွဲ့အစည်း ၁၀ ဖွဲ့မှ အောက်တိုဘာ ၁၀ ရက်က ပူးပေါင်းသတင်းထုတ်ပြန်ပါတယ်။

43176110_2195228330540997_4535549081631588352_n.jpg

Photo - Sai Htin Kyaw

 

 

နန်းမိုဟွမ် လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး နန်းမိုဟွမ်ရဲ့ မိသားစုဝင်တွေနဲ့ နမ့်ခမ်းမြို့နယ် ရှမ်းလူမှုအဖွဲ့ တွေ ပူးပေါင်းပြီးတော့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို အကူအညီတောင်းခံခဲ့ရာ FPNCC နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

နန်းမိုဟွမ်က သက်ဆိုင်ရာ ကိစ္စပေါ်မျာ မှားယွင်းမှုအချို့ရှိခဲ့တယ်လို့ ဝန်ခံပြီးနောက် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပြီး ကြားဝင်စေ့စပ်ပေးမှုတွေကြောင့် TNLAအနေနဲ့ တိုင်းရင်းသားချစ်ကြည်ရင်းနှီးမှုကို ရှေးရှုပြီး နန်းမိုဟွမ်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို ဟိုနောင်ရပ်ကွက်မှာ ကုန်မာဆိုင်ဖွင့်လှစ်ထားတဲ့ အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို သြဂုတ်လ (၁၇) ရက် မနက်ပိုင်းက TNLA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

ဒေါ်နမ်းမိုဟွမ် အဖမ်းခံရပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာ TNLA အဖွဲ့မှ သတင်းထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး  ဒေါ်နန်းမိုဟွမ်က PSLF/TNLA ရဲ့ လုပ်ငန်းတာဝန်ကို နှောင့်ယှက်တာကြောင့် အရေးယူဖို့ ဖမ်းဆီးတာဖြစ်ပြီး အောက်တိုဘာာ လမှာ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

[Zawgyi Version]

TNLA ရဲ႕ လုပ္ငန္းတာဝန္ကို ေႏွာင့္ယွက္တာေၾကာင့္ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္လုိက္တဲ့ နန္းမုိဟြမ္ကုိ ျပည္ေထာင္စုႏုိင္ငံေရးေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီ (FPNCC)ရဲ႕   ၾကား၀င္ေစ့စပ္ေပးမႈေၾကာင့့့္ ျပန္လႊတ္္ေပးလိုက္ၿပီလုိ႔  FPNCC နဲ႔ ရွမ္းလူမႈအဖြဲ႔အစည္း ၁၀ ဖြဲ႔မွ ေအာက္တုိဘာ ၁၀ ရက္က ပူးေပါင္းသတင္းထုတ္ျပန္ပါတယ္။

43176110_2195228330540997_4535549081631588352_n.jpg

Photo - Sai Htin Kyaw

 

 

နန္းမုိဟြမ္ လြတ္ေျမာက္ေရးနဲ႔ ပတ္သက္ၿပီး နန္းမုိဟြမ္ရဲ႕ မိသားစု၀င္ေတြနဲ႔ နမ့္ခမ္းၿမိဳ႕နယ္ ရွမ္းလူမႈအဖြဲ႔ ေတြ ပူးေပါင္းၿပီးေတာ့ ျပည္ေထာင္စုႏုိင္ငံေရးေဆြးေႏြးညွိႏိႈင္းေရးေကာ္မတီ (FPNCC) ကုိ အကူအညီေတာင္းခံခဲ့ရာ FPNCC နဲ႔ တေအာင္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္နဲ႔ ေဆြးေႏြးညွိႏိႈင္းၿပီးေနာက္ ျပန္လႊတ္ေပးခဲ့တာျဖစ္ပါတယ္။

နန္းမုိဟြမ္က သက္ဆိုင္ရာ ကိစၥေပၚမ်ာ မွားယြင္းမႈအခ်ိဳ႕ရွိခဲ့တယ္လုိ႔ ၀န္ခံၿပီးေနာက္ ေထာင္ဒဏ္ ၃ ႏွစ္ ခ်မွတ္ခံခဲ့ရတာျဖစ္ၿပီး ၾကား၀င္ေစ့စပ္ေပးမႈေတြေၾကာင့္ TNLAအေနနဲ႔ တုိင္းရင္းသားခ်စ္ၾကည္ရင္းႏွီးမႈကုိ ေရွးရႈၿပီး နန္းမုိဟြမ္ကုိ အျမန္ဆံုးျပန္လႊတ္ေပးဖုိ႔ သေဘာတူခဲ့တာျဖစ္တယ္လုိ႔ သိရပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပုိင္း နမ့္ခမ္းၿမိဳ ဟုိေနာင္ရပ္ကြက္မွာ ကုန္မာဆုိင္ဖြင့္လွစ္ထားတဲ့ အသက္(၃၇)ႏွစ္အရြယ္ ေဒၚနန္းမိုဟြမ္ကို ၾသဂုတ္လ (၁၇) ရက္ မနက္ပုိင္းက TNLA အဖြဲ႔က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာပါ။

ေဒၚနမ္းမုိဟြမ္ အဖမ္းခံရၿပီးေနာက္ စက္တင္ဘာ ၃ ရက္ေန႔မွာ TNLA အဖြဲ႕မွ သတင္းထုတ္ျပန္ခ်က္တစ္ေစာင္ထုတ္ျပန္ခဲ့ၿပီး  ေဒၚနန္းမိုဟြမ္က PSLF/TNLA ရဲ႕ လုပ္ငန္းတာဝန္ကို ေႏွာင့္ယွက္တာေၾကာင့္ အေရးယူဖုိ႔ ဖမ္းဆီးတာျဖစ္ၿပီး ေအာက္တိုဘာာ လမွာ ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs