• Local News
    အလဲဗင်းမီဒီယာသမား ၃ ဦး ကိစ္စ တိုင်းအစိုးရက စာနယ်ဇင်းကောင်စီကို အရင်ဆုံးတိုင်ကြားသင့်တယ်လို့ ကောင်စီထုတ်ပြန်
Mi Thawdar Aung
[Unicode Version]

ပုဒ်မ ၅၀၅ (ခ) နဲ့ ဖမ်းဆီးခံထားရတဲ့ အလဲဗင်း မီဒီယာသမား ၃ ဦးကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဖြစ်စဉ်အပေါ် ပြန်လည်သုံးသပ်ပြီး စာနယ်ဇင်းကောင်စီကို သာအရင်ဆုံးတိုင်ကြား သင့်တယ်လို့  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကိုက ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

 

mm press.jpg 

Eleven Media-Group မှ အယ်ဒီတာချုပ် ကိုကျော်ဇော်လင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို အစိုးရ အဖွဲ့က အခုလို တရားစွဲဆိုခြင်းအပေါ် သတင်းမီဒီယာကောင်စီအနေနဲ့ ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်ကို အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့တာပါ။

အောက်တိုဘာ ၈ ရက်ထုတ် Weekly Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာဖော်ပြထားတဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး အယ်ဒီတာချုပ် ကိုကျော်ဇော်လင်း၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ သတင်းထောက်ချုပ် ကိုဖြိုးေ၀၀င်းတို့ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ကနေ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ဆိုခဲ့ပြီးနောက် အဆိုပါ သတင်းသမား ၃ ဦးမှာ အင်းစိန်အကျဉ်းထောင်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

သတင်းမီဒီယာဥပဒေပုဒ်မ ၄ (က) (ခ) (ဂ) အရ သတင်းမီဒီယာသမားတွေဟာ ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့မှာ လွတ်လပ်စွာ ဝေဖန်ရေးသားခွင့်ရှိပြီး နိုင်ငံသားတိုင်းသိခွင့်ရှိတဲ့ သတင်းအချက်အလက်တွေနဲ့ သဘောထားအမြင်တွေကို ကျင့်ဝတ်စည်းကမ်းနဲ့ အညီ စုံစမ်းဖော်ထုတ်ရေးသားခွင့်ရှိတယ်ဆိုပြီး ပြဌာန်းထားတယ်လို့ မီဒီယာကောင်စီရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်းမီဒီယာဥပဒေပုဒ်မ ၂၁ အရ နစ်နာတဲ့ ဌာန၊အဖွဲ့အစည်း ဒါမှမဟုတ် ပုဂ္ဂိုလ်က သတင်းမီဒီယာသမားတစ်ဦးက တာဝန်နဲ့ ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်တယ်လို့ ယူဆရင် အရင်ဆုံး ကောင်စီကို တိုင်ကြားနိုင်တယ်ဆိုပြီး ပြဌာန်းချက်မှာ ဖော်ပြထားတာကြောင့် ရန်ကုန်တိုင်းအစိုးရအနေနဲ့ အဲလဗင်း ဖြစ်စဉ်ကို သတင်းမီဒီယာကောင်စီကို အရင်ဆုံး တိုင်ကြားဖို့ လိုအပ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေနဲ့လည်း သတင်းမီဒီယာဥပဒေနဲ့ အညီ နှစ်ဦးနှစ်ဖက် ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေးလိုပြီး ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နေချိန်မှာ သတင်းမီဒီယာသမားတွေကို လွှတ်တော်ကပြဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေကို အသုံးမပြုဘဲ အခုလို ပုဒ်မ ၅၀၅ (ခ) နဲ့ တိုက်ရိုက်စွဲဆိုခဲ့ခြင်းက နိုင်ငံတော်ရဲ့ ဒီမိုကရေစီသာမက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်လို့ သတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားပါတယ်။

[Zawgyi Version]

ပုဒ္မ ၅၀၅ (ခ) နဲ႔ ဖမ္းဆီးခံထားရတဲ့ အလဲဗင္း မီဒီယာသမား ၃ ဦးကိစၥနဲ႔ ပတ္သက္ၿပီး ရန္ကုန္တုိင္းအစုိးရအေနနဲ႔ ျဖစ္စဥ္အေပၚ ျပန္လည္သံုးသပ္ၿပီး စာနယ္ဇင္းေကာင္စီကုိ သာအရင္ဆံုးတုိင္ၾကား သင့္တယ္လုိ႔  ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီကုိက ေၾကညာခ်က္ထုတ္ျပန္ေျပာဆုိလုိက္ပါတယ္။

 

Eleven Media-Group မွ အယ္ဒီတာခ်ဳပ္ ကုိေက်ာ္ေဇာ္လင္း၊ တာ၀န္ခံအယ္ဒီတာ ကိုနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကုိၿဖိဳးေ၀၀င္းတုိ႔ကုိ အစုိးရ အဖြဲ႔က အခုလုိ တရားစြဲဆုိျခင္းအေပၚ သတင္းမီဒီယာေကာင္စီအေနနဲ႔ ျပင္းထန္စြာ ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ကုိ ေအာက္တုိဘာ ၁၁ ရက္က ထုတ္ျပန္ခဲ့တာပါ။

ေအာက္တုိဘာ ၈ ရက္ထုတ္ Weekly Eleven ဂ်ာနယ္ စာမ်က္ႏွာ ၂၆ မွာေဖာ္ျပထားတဲ့ ေဆာင္းပါးနဲ႔ ပတ္သက္ၿပီး အယ္ဒီတာခ်ဳပ္ ကိုေက်ာ္ေဇာ္လင္း၊ တာ၀န္ခံအယ္ဒီတာ ကုိနရီမင္းနဲ႔ သတင္းေထာက္ခ်ဳပ္ ကုိၿဖိဳးေ၀၀င္းတုိ႔ကုိ ရန္ကုန္တိုင္းအစုိးရအဖြဲ႕ကေန ႏုိင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ တရားစြဲ ဆုိခဲ့ၿပီးေနာက္ အဆုိပါ သတင္းသမား ၃ ဦးမွာ အင္းစိန္အက်ဥ္းေထာင္ကုိ ပုိ႔ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

သတင္းမီဒီယာဥပေဒပုဒ္မ ၄ (က) (ခ) (ဂ) အရ သတင္းမီဒီယာသမားေတြဟာ ဥပေဒျပဳေရး၊အုပ္ခ်ဳပ္ေရးႏွင့္ တရားစီရင္ေရးဆုိင္ရာတုိ႔မွာ လြတ္လပ္စြာ ေ၀ဖန္ေရးသားခြင့္ရွိၿပီး ႏုိင္ငံသားတုိင္းသိခြင့္ရွိတဲ့ သတင္းအခ်က္အလက္ေတြနဲ႔ သေဘာထားအျမင္ေတြကုိ က်င့္၀တ္စည္းကမ္းနဲ႔ အညီ စံုစမ္းေဖာ္ထုတ္ေရးသားခြင့္ရွိတယ္ဆုိၿပီး ျပဌာန္းထားတယ္လုိ႔ မီဒီယာေကာင္စီရဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

သတင္းမီဒီယာဥပေဒပုဒ္မ ၂၁ အရ နစ္နာတဲ့ ဌာန၊အဖြဲ႕အစည္း ဒါမွမဟုတ္ ပုဂၢိဳလ္က သတင္းမီဒီယာသမားတစ္ဦးက တာ၀န္နဲ႔ က်င့္၀တ္သိကၡာတစ္ရပ္ရပ္ကုိ ခ်ိဳးေဖာက္တယ္လုိ႔ ယူဆရင္ အရင္ဆံုး ေကာင္စီကုိ တုိင္ၾကားႏုိင္တယ္ဆုိၿပီး ျပဌာန္းခ်က္မွာ ေဖာ္ျပထားတာေၾကာင့္ ရန္ကုန္တုိင္းအစုိးရအေနနဲ႔ အဲလဗင္း ျဖစ္စဥ္ကုိ သတင္းမီဒီယာေကာင္စီကုိ အရင္ဆံုး တုိင္ၾကားဖုိ႔ လုိအပ္တယ္လုိ႔ သိရပါတယ္။

ျမန္မာႏုိင္ငံသတင္းမီဒီယာေကာင္စီအေနနဲ႔လည္း သတင္းမီဒီယာဥပေဒနဲ႔ အညီ ႏွစ္ဦးႏွစ္ဖက္ ေျပလည္ေအာင္ ညွိႏႈိင္းေဆာင္ရြက္ေပးလုိၿပီး ဒီမုိကေရစီႏုိင္ငံ ေဖာ္ေဆာင္ေနခ်ိန္မွာ သတင္းမီဒီယာသမားေတြကုိ လႊတ္ေတာ္ကျပဌာန္းထားတဲ့ သတင္းမီဒီယာဥပေဒကုိ အသံုးမျပဳဘဲ အခုလုိ ပုဒ္မ ၅၀၅ (ခ) နဲ႔ တိုက္ရုိက္စြဲဆုိခဲ့ျခင္းက ႏုိင္ငံေတာ္ရဲ႕ ဒီမုိကေရစီသာမက ရန္ကုန္တုိင္းအစုိးရအဖြဲ႕ရဲ႕ ဂုဏ္သိကၡာလည္း က်ဆင္းေစတယ္လုိ႔ သတင္းမီဒီယာေကာင္စီက ထုတ္ျပန္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs