• Local News
    မျက်မမြင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းတွေကို ငါးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်မယ်
Hmue Eain Zaw
[Unicode Version]
မျက်မမြင်ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းတွေကို ငါးနှစ်စီမံကိန်းနဲ့ အမျိုးသားအဆင့်ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဦးနိုင်ငံံလင်းကပြောပါတယ်။ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ အထိအမျိုးသားအဆင့် ငါးနှစ်စီမံကိန်းရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ အောက်တိုဘာ ၁၁ ရက်နေ့မှာပြုလုပ်တဲ့ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အထိမ်းအမှတ်အခမ်းအနားမှာပြောကြားလိုက်ပါတယ်။
43851587_336239063849263_99442073588989952_n.jpg
“မြန်မာနိုင်ငံမှာ ပြည်သူလူထုမျက်စိကျန်းမာရေးစောင့်ရှောက်မှုပေးစွမ်းရမယ်လို့ ပြောထားတာကြောင့် မြန်မာနိုင်ငံမှာလည်း ၂၀၀၀ ခုနှစ်မှာ စတင်ကျင်းပခဲ့ပါတယ် ” လို့ ဦးနိုင်ငံလင်းကပြောပါတယ်။
မြန်မာနိုင်ငံမှာ ကာကွယ်နိုင်တဲ့ မျက်စိရောဂါတွေထဲမှာမှ မျက်စိမမြင်တာကိုဖြစ်စေတဲ့ရောဂါတွေက အတွင်းတိမ်၊ရေတိမ်၊မျက်မှန်လိုတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဆီးချို၊ သွေးတိုးကြောင့်ဖြစ်တဲ့ မျက်စိရောဂါတွေဖြစ်ပြီးတော့ အတွင်းတိမ်ရောဂါက မျက်စိရောဂါတွေအားလုံးရဲ့ ၆၀ ရာခိုင်နှုန်းမှာရှိတယ်လို့ သိရပါတယ်။
နှစ်စဉ်အောက်တိုဘာလရဲ့ ဒုတိယကြာသပတေးနေ့ကို ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့အဖြစ်သတ်မှတ်ပြီးတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံတွေပါဝင်ကျင်းပတာဖြစ်ပြီး ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ ဆောင်ပုဒ်မှာ Universal Eye Health : “Eye Care Everywhere” - ဖြစ်ပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs