• Local News
    ၂၈ သိန်းကျော်တန်ဖိုးရှိတဲ့ မီးရှုးမီးပန်း၊ ဗျောက်အိုးတွေ ဖမ်းမိ
Mi Thawdar Aung
[Unicode Version]

ပုသိမ်မြို့မှာ ငွေကျပ် ၂၈ သိန်းကျော်တန်ဖိုးရှိတဲ့ မီးရှုးမီးပန်းနဲ့ ဗျောက်အိုးတွေ ဖမ်းဆီးမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီကျော်အချိန်လောက်က ပုသိမ်မြို့ ၊ အမှတ် (၄) ရပ်ကွက် ဦးအောင်နိုင်ဆိုသူရဲ့ “နေပြည်တော်” မှန်ဆိုင်မှာ ဗျောက်အိုးတွေ ရောင်းချနေတဲ့သတင်းအရ ပုသိမ်နယ်မြေရဲစခန်းတပ်ဖွဲ့ဝင်တွေကသွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

 

mee pann.jpg 

အဲဒီလို သွားရောက်ဖမ်းဆီးရာ စုစုပေါင်းငွေကျပ် ၂၈ သိန်းကျော် တန်ဖိုးရှိတဲ့ မီးရှုးမီးပန်း၊ ဗျောက်အိုး တွေကို ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

ရောင်းချသူ ဦးအောင်နိုင်ကို ပုသိမ်နယ်မြေရဲစခန်း (ပ)၄၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သတင်းရရှိပါတယ်။

သီတင်းကျွတ်မှာ ဗြောက်အိုးဖောက်တာ မီးရှူးဖောက်တာတွေလုပ်ရင် အရေးယူမယ် လို့  မြန်မာနိုင်ငံရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်က ကြေညာခဲ့ပါတယ်။

မီးရှူးမီးပန်းလွှတ်တာ၊ဗြောက်အိုးဖောက်တာ၊ရှူးဒိုင်းတွေဖောက်တာကြောင့်အများပြည်သူ အထိတ်တလန့် ဖြစ်စေတာ၊ပြည်သူလူထုနဲ့ကလေးသူငယ်တို့ ထိခိုက်အနာတရဖြစ်စေနိုင်တဲ့အပြင် မသမာသူတွေနဲ့ အဖျက်အမှောင့်ဆောင်ရွက်လိုသူတွေကအခွင့်ကောင်းယူပြီး အကြမ်းဖက်တိုက်ခိုက်တာတွေ ဖြစ်ပွားနိုင်တာကြောင့် အခုလို ဆောင်ရွက်ရတာဖြစ်တယ်လို့ ကြေညာထားတာပါ။

ဒါကြောင့် ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး လုံခြုံရေးအတွက် မီးရှူးမီးပန်း၊ဗြောက်အိုး၊ရှူးဒိုင်းတွေကို သိုလှောင်တာ၊ရောင်းချတာ၊ ပစ်ဖောက်တာတွေမပြုလုပ်ဖို့နဲ့ လိုက်နာမှုမရှိဘူးဆိုရင် တည်ဆဲဥပဒေအရ ထိထိရောက်ရောက်အရေးယူမယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

[Zawgyi Version]

ပုသိမ္ၿမိဳ႕မွာ ေငြက်ပ္ ၂၈ သိန္းေက်ာ္တန္ဖုိးရွိတဲ့ မီးရႈးမီးပန္းနဲ႔ ေဗ်ာက္အုိးေတြ ဖမ္းဆီးမိခဲ့တယ္လုိ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ခ်က္အရသိရပါတယ္။

ေအာက္တုိဘာ ၁၀ ရက္ ညေန ၆ နာရီေက်ာ္အခ်ိန္ေလာက္က ပုသိမ္ၿမိဳ႕ ၊ အမွတ္ (၄) ရပ္ကြက္ ဦးေအာင္ႏုိင္ဆုိသူရဲ႕ “ေနျပည္ေတာ္” မွန္ဆုိင္မွာ ေဗ်ာက္အုိးေတြ ေရာင္းခ်ေနတဲ့သတင္းအရ ပုသိမ္နယ္ေျမရဲစခန္းတပ္ဖြဲ႔၀င္ေတြကသြားေရာက္ဖမ္းဆီးခဲ့တယ္လုိ႔ သိရပါတယ္။

 

အဲဒီလုိ သြားေရာက္ဖမ္းဆီးရာ စုစုေပါင္းေငြက်ပ္ ၂၈ သိန္းေက်ာ္ တန္ဖုိးရွိတဲ့ မီးရႈးမီးပန္း၊ ေဗ်ာက္အုိး ေတြကုိ ဖမ္းမိခဲ့တယ္လို႔ သိရပါတယ္။

ေရာင္းခ်သူ ဦးေအာင္ႏုိင္ကုိ ပုသိမ္နယ္ေျမရဲစခန္း (ပ)၄၄၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၈၆ နဲ႔ အမႈဖြင့္အေရးယူထားတယ္လုိ႔ သတင္းရရွိပါတယ္။

သီတင္းကၽြတ္မွာ ေျဗာက္အိုးေဖာက္တာ မီး႐ွဴးေဖာက္တာေတြလုပ္ရင္ အေရးယူမယ္ လို႔  ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ေအာက္တိုဘာ ၉ ရက္က ေၾကညာခဲ့ပါတယ္။

မီး႐ွဴးမီးပန္းလႊတ္တာ၊ေျဗာက္အိုးေဖာက္တာ၊႐ွဴးဒိုင္းေတြေဖာက္တာေၾကာင့္အမ်ားျပည္သူ အထိတ္တလန္႔ ျဖစ္ေစတာ၊ျပည္သူလူထုနဲ႔ကေလးသူငယ္တို႔ ထိခိုက္အနာတရျဖစ္ေစႏိုင္တဲ့အျပင္ မသမာသူေတြနဲ႔ အဖ်က္အေမွာင့္ေဆာင္ရြက္လိုသူေတြကအခြင့္ေကာင္းယူၿပီး အၾကမ္းဖက္တိုက္ခိုက္တာေတြ ျဖစ္ပြားႏုိင္တာေၾကာင့္ အခုလုိ ေဆာင္ရြက္ရတာျဖစ္တယ္လုိ႔ ေၾကညာထားတာပါ။

ဒါေၾကာင့္ ရပ္ရြာေအးခ်မ္းသာယာေရးနဲ႔ တရားဥပေဒစုိးမုိးေရး လုံျခံဳေရးအတြက္ မီး႐ွဴးမီးပန္း၊ေျဗာက္အိုး၊႐ွဴးဒိုင္းေတြကို သိုေလွာင္တာ၊ေရာင္းခ်တာ၊ ပစ္ေဖာက္တာေတြမျပဳလုပ္ဖို႔နဲ႔ လိုက္နာမႈမရွိဘူးဆိုရင္ တည္ဆဲဥပေဒအရ ထိထိေရာက္ေရာက္အေရးယူမယ္လို႔ ထုတ္ျပန္ထားတာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs