• Local News
    ရေကျော်ပွဲဈေးကို အရင်နှစ်တွေထက် လုံခြုံရေးတိုးမြှင့်မည်
Mi Thawdar Aung
[Unicode Version]

ရေကျော် သီတင်းကျွတ် ပွဲဈေးကို အောက်တိုဘာ ၂၁ ရက်ကနေ ၂၄ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး လုံခြုံရေးအင်အားကို အရင်နှစ်တွေထက် တိုးမြှင့်မှာ ဖြစ်တယ်လို့  သိရပါတယ်။

 

yay kyaw.png 

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်လူငယ်တွေက လုံခြုံရေးတာဝန်ယူမှာဖြစ်ပြီး CCTV ၇၇ လုံးကို လမ်းတွေအလိုက် တပ်ဆင်မှာဖြစ်ပြီး ဒရုန်းတွေလည်း အသုံးပြုသွားမှာဖြစ်တယ်လို့ ပုဇွန်တောင်မြို့နယ် အမှတ် ၉ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။

“''ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂ဝ၁၁ ခုနှစ်ကစပြီး ပြန်လည် ကျင်းပခဲ့တာ အခုဆိုရင် ရှစ်နှစ်ရှိပါပြီ။ ဒီနှစ်ဆို ၇၇ လုံး တပ်ထားမယ်။ လမ်းတွေအလိုက် တပ်ထားပါတယ်။ ပွဲတော်နေ့မှာ CCTV တွေကို အချက်အချာကျတဲ့ နေရာတွေမှာ ပြန်ပြောင်းတပ်ထားပါမယ်။ ရဲတပ်ဖွဲ့က တစ်မြို့နယ်ကို သုံးယောက်နှုန်းနဲ့ ပွဲတော် နေ့မှာ တာဝန်ချထားပေးပါမယ်။ ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ညနေ ၄ နာရီ ကစပြီး ဗိုလ်ချုပ်လမ်းမကြီး ရေကျော်လမ်းကို ညပိုင်း ပွဲပြီးတဲ့အထိ လမ်း ပိတ်ထားတာကို တာဝန်ယူပါမယ်''ဟု အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောပါတယ်။

 

yay kyaw 1.png 

ပုဇွန်တောင်မြို့နယ် ၇ ရပ်ကွက်၊ ၉ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကျီတော်ရပ်ကွက်နဲ့ ဗိုလ်တထောင်မြို့နယ် ၁၀ ရပ်ကွက် စုစုပေါင်း ၅ ရပ်ကွက်တို့မှာ ကျင်းပမှာ ဖြစ်ပြီးတော့ ဈေးဆိုင်ခန်းပေါင် ၄၀၀ နီးပါးပါဝင်မယ်လို့ သိရပါတယ်။

ဒါ့အပြင် အငြိမ့်အဖွဲ့တွေ၊ သီချင်းသီဆိုဖျော်ဖြေပွဲတွေနဲ့ ကာတွန်းပြပွဲတွေကိုလည်း ပွဲတော်ရက်အတွင်း ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။

ရေကျော်သီတင်းကျွတ်မီးထွန်းပွဲတော်ကို ၂ဝ၁၁ ခုနှစ်ကစပြီး ပြန်လည် ကျင်းပခဲ့တာ အခုဆိုရင် ၈ နှစ်အထိ ရှိခဲ့ပြီလို့ သိရပါတယ်။

 

[Zawgyi Version]

ေရေက်ာ္ သီတင္းကၽြတ္ ပြဲေစ်းကုိ ေအာက္တုိဘာ ၂၁ ရက္ကေန ၂၄ ရက္အထိ က်င္းပသြားမွာျဖစ္ၿပီး လံုျခံဳေရးအင္အားကုိ အရင္ႏွစ္ေတြထက္ တုိးျမွင့္မွာ ျဖစ္တယ္လုိ႔  သိရပါတယ္။

 

yay kyaw.png 

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔၊ အရန္မီးသတ္တပ္ဖြဲ႔၊ ရပ္ကြက္လူငယ္ေတြက လံုျခံဳေရးတာ၀န္ယူမွာျဖစ္ၿပီး CCTV ၇၇ လံုးကုိ လမ္းေတြအလုိက္ တပ္ဆင္မွာျဖစ္ၿပီး ဒ႐ုန္းေတြလည္း အသံုးျပဳသြားမွာျဖစ္တယ္လုိ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္ အမွတ္ ၉ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ႏုိင္က ေျပာပါတယ္။

“''ေရေက်ာ္သီတင္းကြၽတ္မီးထြန္းပြဲေတာ္ကို ၂ဝ၁၁ ခုႏွစ္ကစၿပီး ျပန္လည္ က်င္းပခဲ့တာ အခုဆိုရင္ ရွစ္ႏွစ္ရွိပါၿပီ။ ဒီႏွစ္ဆို ၇၇ လုံး တပ္ထားမယ္။ လမ္းေတြအလိုက္ တပ္ထားပါတယ္။ ပြဲေတာ္ေန႔မွာ CCTV ေတြကို အခ်က္အခ်ာက်တဲ့ ေနရာေတြမွာ ျပန္ေျပာင္းတပ္ထားပါမယ္။ ရဲတပ္ဖြဲ႕က တစ္ၿမိဳ႕နယ္ကို သုံးေယာက္ႏႈန္းနဲ႔ ပြဲေတာ္ ေန႔မွာ တာဝန္ခ်ထားေပးပါမယ္။ ယာဥ္ထိန္းရဲတပ္ဖြဲ႕ကလည္း ညေန ၄ နာရီ ကစၿပီး ဗိုလ္ခ်ဳပ္လမ္းမႀကီး ေရေက်ာ္လမ္းကို ညပိုင္း ပြဲၿပီးတဲ့အထိ လမ္း ပိတ္ထားတာကို တာဝန္ယူပါမယ္''ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ႏိုင္က ေျပာပါတယ္။

 

ပုဇြန္ေတာင္ၿမိဳ႕နယ္ ၇ ရပ္ကြက္၊ ၉ ရပ္ကြက္၊ ၁၀ ရပ္ကြက္၊ မဂၤလာေတာင္ညႊန္႔ၿမိဳ႕နယ္ က်ီေတာ္ရပ္ကြက္နဲ႔ ဗုိလ္တေထာင္ၿမိဳ႕နယ္ ၁၀ ရပ္ကြက္ စုစုေပါင္း ၅ ရပ္ကြက္တုိ႔မွာ က်င္းပမွာ ျဖစ္ၿပီးေတာ့ ေစ်းဆုိင္ခန္းေပါင္ ၄၀၀ နီးပါးပါ၀င္မယ္လို႔ သိရပါတယ္။

ဒါ့အျပင္ အၿငိမ့္အဖြဲ႔ေတြ၊ သီခ်င္းသီဆုိေဖ်ာ္ေျဖပြဲေတြနဲ႔ ကာတြန္းျပပြဲေတြကုိလည္း ပြဲေတာ္ရက္အတြင္း ထည့္သြင္းက်င္းပသြားမယ္လုိ႔ သိရပါတယ္။

ေရေက်ာ္သီတင္းကြၽတ္မီးထြန္းပြဲေတာ္ကို ၂ဝ၁၁ ခုႏွစ္ကစၿပီး ျပန္လည္ က်င္းပခဲ့တာ အခုဆိုရင္ ၈ ႏွစ္အထိ ရွိခဲ့ၿပီလို႔ သိရပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs