• Local News
    အွန်လိုင်းမှာခင်ရာကနေ စုမဲထည့်ဖို့ပြောဆိုပြီး ငွေလိမ်လည်သူကို အရေးယူ
Mi Thawdar Aung
[Unicode Version]

လူမှုကွန်ရက် ဖေ့စ်ဘုတ်မှာ ခင်ရာကနေ စုမဲငွေ ထည့်ဖို့ ပြောဆိုပြီး ငွေလိမ်လည်ခဲ့သူကို အရေးယူထားတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

money.jpg 

ဖြစ်စဉ်ကတော့ ရန်ကုန်တိုင်းသာကေတမြို့နယ်မှာ နေထိုင်တဲ့ ဒေါ်ဌေးလုလုဇံ ဆိုသူက လူမှုကွန်ရက်မှာ Theintthazin Oo Facebook Account သုံးစွဲသူ မသိမ့်သဇင်ဦးဆိုသူနဲ့ အွန်လိုင်းပေါ်မှာ ခင်မင်ရင်းနှီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဲဒီနောက် မသိမ့်သဇင်ဦးကနေ သူက အွန်လိုင်းပေါ်မှာ စုမဲငွေတွေကို ရောင်းဝယ်လုပ်ကိုင်ကြောင်း၊စုမဲတွေဝယ်ယူရင် အကျိုးအမြတ်တွေရှိတယ်လို့ ပြောဆိုခဲ့ပြီး ဒေါ်ဌေးလှလှဇံက  စုမဲတွေဝယ်ယူဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

မသိမ့်သဇင်ဦးက သူရဲ့ မောင်ဖြစ်သူ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ နေမျိုးဝေရဲ့ ဧရာဝတီဘဏ်အကောင့်ပေးပြီး နေမျိုးဝေနဲ့ ဒေါ်ဌေးလှလှဇံတို့ကို ငွေလွှဲပြောင်းလက်ခံကိစ္စတွေ  ဆက်လက်လုပ်ကိုင်စေခဲ့တယ်လို့ သိရပါတယ်။

ဒေါ်ဌေးလှလှဇံက နေမျိုးဝေရဲ့ Mobile Banking အကောင့်ထဲကို၂၀၁၈  ခုနှစ် ဇူလိုင် ၂၃ ရက်ကနေ စက်တင်ဘာ ၂၄ ရက်အထိ  ငွေကျပ် (၅,၅၂၅,၀၀၀) ကို လွှဲပြောင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့ စုံစမ်းချက်အရ သိရပါတယ်။

အဲဒီနောက် အောက်တိုဘာ ၁၀ ရက်နေ့မှာ နေမျိုးဝေကို ဆက်သွယ်လို့မရတော့ဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကြောင့် တိုင်တန်းခဲ့ပြီး နေမျိုးဝေကို သာကေတမြို့မရဲစခန်း(ပ)၇၅၀/၂၀၁၈၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဂ) နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။

[Zawgyi Version]

လူမႈကြန္ရက္ ေဖ့စ္ဘုတ္မွာ ခင္ရာကေန စုမဲေငြ ထည့္ဖုိ႔ ေျပာဆုိၿပီး ေငြလိမ္လည္ခဲ့သူကုိ အေရးယူထားတယ္လုိ႔ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ကေန သိရပါတယ္။

 

ျဖစ္စဥ္ကေတာ့ ရန္ကုန္တုိင္းသာေကတၿမိဳ႕နယ္မွာ ေနထုိင္တဲ့ ေဒၚေဌးလုလုဇံ ဆိုသူက လူမႈကြန္ရက္မွာ Theintthazin Oo Facebook Account သုံးစြဲသူ မသိမ့္သဇင္ဦးဆုိသူနဲ႔ အြန္လိုင္းေပၚမွာ ခင္မင္ရင္းႏွီးခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႕ကေန သိရပါတယ္။

အဲဒီေနာက္ မသိမ့္သဇင္ဦးကေန သူက အြန္လိုင္းေပၚမွာ စုမဲေငြေတြကုိ ေရာင္း၀ယ္လုပ္ကုိင္ေၾကာင္း၊စုမဲေတြ၀ယ္ယူရင္ အက်ိဳးအျမတ္ေတြရွိတယ္လို႔ ေျပာဆုိခဲ့ၿပီး ေဒၚေဌးလွလွဇံက  စုမဲေတြ၀ယ္ယူဖုိ႔ သေဘာတူခဲ့တယ္လုိ႔ သိရပါတယ္။

မသိမ့္သဇင္ဦးက သူရဲ႕ ေမာင္ျဖစ္သူ ေျမာက္ဒဂံုၿမိဳ႕နယ္မွာ ေနထုိင္တဲ့ ေနမ်ိဳးေ၀ရဲ႕ ဧရာ၀တီဘဏ္အေကာင့္ေပးၿပီး ေနမ်ိဳးေ၀နဲ႔ ေဒၚေဌးလွလွဇံတို႔ကုိ ေငြလႊဲေျပာင္းလက္ခံကိစၥေတြ  ဆက္လက္လုပ္ကုိင္ေစခဲ့တယ္လုိ႔ သိရပါတယ္။

ေဒၚေဌးလွလွဇံက ေနမ်ိဳးေ၀ရဲ႔ Mobile Banking အေကာင့္ထဲကုိ၂၀၁၈  ခုႏွစ္ ဇူလုိင္ ၂၃ ရက္ကေန စက္တင္ဘာ ၂၄ ရက္အထိ  ေငြက်ပ္ (၅,၅၂၅,၀၀၀) ကုိ လႊဲေျပာင္းေပးခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႔ စံုစမ္းခ်က္အရ သိရပါတယ္။

အဲဒီေနာက္ ေအာက္တိုဘာ ၁၀ ရက္ေန႔မွာ ေနမ်ိဳးေ၀ကုိ ဆက္သြယ္လုိ႔မရေတာ့ဘဲ ထြက္ေျပးတိမ္းေရွာင္သြားခဲ့တာေၾကာင့္ တုိင္တန္းခဲ့ၿပီး ေနမ်ိဳးေ၀ကုိ သာေကတၿမိဳ႕မရဲစခန္း(ပ)၇၅၀/၂၀၁၈၊ ဆက္သြယ္ေရး ဥပေဒပုဒ္မ ၆၆(ဂ) နဲ႔ အေရးယူထားတယ္လုိ႔ သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs