၂၅ ယောက်လောက်ဆေးရုံရောက်သွားပါတယ်။

နှစ်လကြာဆန္ဒပြနေတဲ့ ဖုယွင်အလုပ်သမားသပိတ်ကို အောက်တိုဘာ ၁၅ ရက်နေ့မနက်ကိုးနာရီခန့်မှာ ဘယ်ကမှန်းမသိတဲ့ လူအယောက် ၅၀ လောက်က အကြမ်းဖက်ဖြိုခွင်းတာကြောင့် သပိတ်စခန်းကလူ ၂၅ ခန့်နီးပါးဆေးရုံရောက်နေတယ်လို့ သပိတ်စခန်းက မသဇင်နွယ်က Duwun ကိုပြောပါတယ်။

 

44032200_927099164150402_3372679633903288320_n.jpg 

“လူတွေအရိုက်ခံရတာတော့ဟုတ်ပါတယ်။ လူအင်အားက ငါးဆယ်လောက်ရှိတယ်။ တခြားဒဏ်ရာရတဲ့လူတွေလည်းရှိတယ်။ ဆေးရုံသွားတာကတော့ ၂၅ ယောက်လောက်ရှိတယ်။ ကျန်တဲ့လူတွေကလည်း ပြင်းထန်ဒဏ်ရာရပြီး ဓါတ်မှန်ရိုက်တာတွေဘာတွေလုပ်နေရတယ်လို့ သိရတယ်။ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ရှိပါတယ်။” လို့သူက ပြောပါတယ်။

သပိတ်စတင်ပြီး ၅၆ ယောက်မြောက်နေ့မှာ ဒီလိုဖြိုခွင်းခဲ့တာဖြစ်ပြီးတော့ ဒီနေ့မနက် ကိုးနာရီလောက်မှာ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သပိတ်စခန်းဖွင့်ထားတဲ့ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားတွေရဲ့ ဆန္ဒပြမှုအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးတော့ စက်ရုံက အလုပ်သမား ၃၀ ကို အကြောင်းမဲ့အလုပ်ထုတ်ပစ်တာကြောင့် သြဂုတ်လ ၂၁ ရက်နေ့ကစပြီး သပိတ်မှောက်ခဲ့တာဖြစ်ပါတယ်။

အလုပ်ထုတ်ခံရသူတွေအပါအဝင် အလုပ်သမား ၅၀၀ လောက်ပါဝင်ပြီးတော့ စက်ရုံရှေ့မှာ သပိတ်မှောက်တာဖြစ်ပီးတော့ အလုပ်သမားတွေကို စည်းကမ်းမလိုက်နာလို့အလုပ်ထုတ်တာဆိုတဲ့ပြောဆိုချက်တွေအပေါ်ကို သပိတ်မှောက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က