တုတ်တွေနဲ့ ဝင်ရိုက်ပြီး အကြမ်းဖက်ခဲ့တာပါ။

ဒဂုံဆိပ်ကမ်းမှာဆန္ဒပြနေတဲ့ ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမားတွေ အကြမ်းဖက်ခံရမှုမှာ အလုပ်သမားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။


 

44038424_184623842415146_6244054305674887168_n.jpg

Photo - တင်ထွဋ်ပိုင်

 

ဖုယွင်အထည်ချုပ်စက်ရုံအလုပ်သမား ၃၀ ကို အလုပ်ထုတ်ပယ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်လနီးပါးကြာ ဆန္ဒပြနေခဲ့တာဖြစ်ပြီး ဒီနေ့ အောက်တိုဘာ ၁၅ ရက် မနက် ၆ နာရီလောက်မှာ ဆန္ဒထုတ်ဖော်နေတဲ့ အလုပ်သမားတွေက စက်ရုံ အနောက်ဘက် အုတ်တံတိုင်းအပေါက်နေရာမှာ နေ့စဉ်အလုပ်ဆင်းနေတဲ့ အလုပ်သမား ၈၆၄ ဦးကို သပိတ်စခန်းနဲ့ ပူးပေါင်းဖို့ ပြောခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆန္ဒပြ အလုပ်သမား ၅၀ က အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေကို သပိတ်စခန်း နှင့်ပူးပေါင်းဖို့၊ အလုပ်ရှင်နှင့်ပူးပေါင်းခြင်း မပြုလုပ်ကြဖို့ ဟောပြောတာ၊ ကြွေးကြော်တာတွေ ပြုလုပ်နေစဉ် အလုပ်ဆင်းတဲ့ အလုပ်သမားတွေနဲ့ ဆန္ဒပြ အလုပ်သမားတွေ အချင်းချင်း စကားများရာကနေ ရန်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ရန်ကုန်ုတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ခိုက်ရန်ဖြစ်ပွားမှုကြောင့် နေ့စဉ်အလုပ်ဆင်းနေတဲ့ အလုပ်သမားတွေက အလုပ်သမား ၉ ဦးကို ရန်ကုန်ဆေးရုံကြီးကို တင်ပို့ခဲ့ပြီး ဆန္ဒပြ အလုပ်သမား ၂၃ ဦးကိုတော့ သင်္ဃန်းကျွန်းစံပြဆေးရုံကို ပြသထားပြီး ဒီဖြစ်စဉ်ကို ဥပဒေအရ အမှုဖွင့်မယ်လို့ သိရပါတယ်။

Photo - တင်ထွဋ်ပိုင်

သြဂုတ်လ ၂၁ ရက်က ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ်(၈၉)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ ကနောင်မင်းသားကြီးလမ်းရှိ တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ FU YUEN (ဖုယွင်) အထည်ချုပ် စက်ရုံမှာ စက်ရုံအလုပ်သမား ၁၃၀၀ လောက်ရှိတဲ့အနက် အလုပ်သမား အယောက် ၃၀ အလုပ်ထုတ်ပယ်ခံရတဲ့ကိစ္စကို မကျေနပ်ကာ အလုပ်သမားအချို့က စက်တင်ဘာ ၃ ရက်နေ့တည်းက စက်ရုံရှေ့မှာ ဆန္ဒပြနေခဲ့တာဖြစ်တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ထုုတ်ပြန်ထားပါတယ်။

ဖုယွင်အလုပ်သမားသပိတ်ကို ဘယ်ကမှန်းမသိတဲ့ လူအယောက် ၅၀ လောက်က အကြမ်းဖက်ဖြိုခွင်းခဲ့တာဖြစ်ပြီး သပိတ်စခန်းက လူ ၂၅ ယောက်နီးပါး ဆေးရုံတင်ထားရတယ်လို့ သပိတ်စခန်း ဦးဆောင်သူ မသဇင်နွယ်က အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက Duwun ကိုပြောပါတယ်။

သပိတ်မှောက်ဆန္ဒပြမှုမှာ အလုပ်ထုတ်ခံရသူတွေအပါအဝင် အလုပ်သမား ၅၀၀ လောက်ပါဝင်ပြီးတော့ စည်းကမ်းမလိုက်နာလို့အလုပ်ထုတ်တာဆိုတဲ့ပြောဆိုချက်တွေအပေါ်ကို သပိတ်မှောက်တာဖြစ်တယ်လို့ မသဇင်နွယ် ပြောပြချက်အရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က