စီမံချက်ကာလ နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိလုပ်ပေးမှာပါ။

တစ်နိုင်ငံလုံးမှာရှိတဲ့ တရားမဝင် မှတ်ပုံတင်မဲ့ သုံးဘီးဆိုင်ကယ်နဲ့ လျှပ်စစ်ဆိုင်ကယ်တွေကို One Stop Service စနစ်နဲ့ မှတ်ပုံတင်လုပ်ပေးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။



 

 

စီမံချက်ကာလ နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ တစ်နိုင်ငံလုံးက ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနရုံး ၄၉ ရုံးမှာဆောင်ရွက်ပေးမှာဖြစ်ပြီး ရုံးပိတ်ရက်စနေနေ့တွေမှာတော့ Mobile Team အဖွဲ့တွေနဲ့ အချက်အချာကျတဲ့ ၃၉ မြို့မှာ နယ်လှည့်ဆောင်ရွက်ပေးမယ်လို့ သတင်းထုတ်ပြန်ထားတာပါ။

စီမံချက်မှာ Model Year ခုနှစ်ပုံစံ ၂၀၀၈ ခုနှစ်အထက်ရှိတဲ့ ဆိုင်ကယ်တွေကိုသာဆောင်ရွက်ပေးမှာဖြစ်ပြီး ဟောင်းနွမ်းပြီး လုံခြုံမှုမရှိတဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တွေ၊ လူစီးသုံးဘီးမော်တော်ယာဉ်တွေ၊ ဒေသအစီအစဉ်နဲ့ တပ်ဆင်ထားတဲ့ဆိုင်ကယ်ဘေးတွဲတွေ၊ တောတွင်းနဲ့ ကမ်းစပ်တွေမှာာ သုံးတဲ့ လေးဘီးပါမော်တော်ဆိုင်ကယ်တွေ၊ မှတ်ပုံတင်ထားပြီး သက်တမ်း ၅ နှစ်ကျော်နှစ်ပြတ်နေတဲ့ သုံးဘီးမော်တော်ဆိုင်ကယ်တွေကို မှတ်ပုံတင်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

မှတ်ပုံတင်ဆောင်ရွက်ရာမှာ အကောက်ခွန်နှုန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက ကောက်ခံမယ့် မှတ်ပုံတင်နှုန်းထား၊ အာမခံလုပ်ငန်းနဲ့ စီးပွားရေးဘဏ်တို့မှာ ပေးသွင်းရမယ့်နှုန်းထားတွေကို မှတ်ပုံတင်လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အသိပေးကြေငြာမှာလည်း ဖြစ်ပါတယ်။

နောင်မှာ မှတ်ပုံတင်မဲ့ယာဉ်တွေကို အသုံးပြုမယ်ဆိုရင်အခုလို One Stop Service စနစ်နဲ့ မှတ်ပုံတင်ပေးမှာမဟုတ်တော့ဘဲ ဥပဒေအရ ယာဉ်ကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းအရေးယူခံရမယ်ဆိုပြီးတော့လည်း ကြေငြာထားတာပါ။

မှတ်ပုံတင်လုပ်ငန်းကိစ္စ အသေးစိတ်သိလိုပါက သက်ဆိုင်ရာမြို့အလိုက် ကညနရုံးတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။

အရင် ၂၀၁၀၊၂၀၁၂နဲ့ ၂၀၁၄ ခုနှစ်တွေမှာ ကညနရုံးအနေနဲ့  နိုင်ငံအတွင်းက မှတ်ပုံတင်မဲ့သုံးဘီးဆိုင်ကယ်တွေကို စီမံချက်ပြုလုပ်ပြီး မှတ်ပုံတင်ပေးခဲ့တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က