ခေါက်ဆွဲကြော်ကနေဖြစ်တာပါ။

လေးမျက်နှာမြို့နယ်မှာ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူ ၄၈ ဦး ဆေးရုံကို တင်ပြီးကုသပေးခဲ့ရတယ်လို့ လေးမျက်နှာရဲစခန်းက တာဝန်ရှိသူက Duwun ကို အောက်တိုဘာ ၂၅ ရက်နေ့ကပြောပါတယ်။



 

Photo - လေးမျက်နှာကျန်းမာရေးဦးစီးဌာန





ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ည ၁၀ နာရီ အချိန် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ညောင်ပင်ဝဲကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းအောင်ရဲ့အိမ်မှာ အလှူဟင်းချက်ရာကနေ ဖြစ်ခဲ့တာလို့သိရပါတယ်။



အဲ့ဒီအိမ်မှာဒေသခံ ပြည်သူတွေ စုပေါင်းလှူဒါန်းတဲ့ “စိန်”နှင့် “ရွှေဥဒေါင်း” တံဆိပ်ပါ ခေါက်ဆွဲ ၄၀ ထုပ်ကို ပဲသီး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်တို့နှင့် ကြော်လှော်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့ မနက် ၇ နာရီအချိန် ၎င်းကျေးရွာရှိ ဓမ္မရာမဘုန်းကြီးကျောင်း၌ ဥပုသ်သည်နဲ့ ဒေသခံပြည်သူ ၁၃၀ ဦးနှင့် ဦးဟန်ဝင်းအောင် နေအိမ်၌ ၃၀ ဦး၊ စုစုပေါင်း ၁၆၀ ဦးတို့အား ကျွေးမွေးခဲ့ရာ အဲ့ဒီထဲက ၄၈ ယောက်လောက် မူးဝေအော့အန်မှုတွေဖြစ်တာကြောင့် ဆေးရုံကို ပို့ပြီးကုသပေးခဲ့ရတယ်လို့သိရပါတယ်။



"အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၃၀ ယောက်ပါ။ လောလောဆယ်တော့ ဆေးရုံက ဆင်းတဲ့သူတွေ ဆင်းသွားကြပါပြီ။ ဘယ်က ဘယ်လိုဖြစ်တယ်ဆိုတာတော့ စုံစမ်းနေပါတယ်။"လို့ ရဲတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

လေးမျက်နှာ ဆေးရုံကြီးမှာ အမျိုးသား ၁၄ယောက်နဲ့ အမျိုးသမီး ၂၅ ေယောက်က ဆက်လက် ကုသမှု ခံယူနေတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က