• Local News
    မန္တလေး ကျောက်တော်ကြီးဘုရားပွဲ လူသတ်မှုမှာပါဝင်သူ၁၈ ယောက်ဖမ်းမိ
Hmue Eain Zaw
[Unicode Version]

အောက်တိုဘာ ၂၅ ရက်နေ့ည၉ နာရီ ခွဲကျော်လောက်က အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက် ကျောက်တော်ကြီး ဘုရားပွဲတွင် ဖြစ်ပွားခဲ့တဲ့ လူသတ်မှုအတွက် အမှုတွင်ပါဝင်သူ စုစုပေါင်း ၁၈ ဦးကို အမှုဖြင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

 

44838461_1211431502329937_5359101145014861824_o.jpg

Photo - Mandalay Police

 

အဆိုပါညက လူငယ်တစ်စု စကားများရန်ဖြစ်ကြောင်း သတင်းအရ အောင်မြေသာစံမြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ထိန်းသိမ်းပြီး ဝမ်းဗိုက်တွင် ထိုးသွင်းဒဏ်ရာရရှိကို မန္တလေးဆေးရုံကြီးသို့ တင်ပို့ပေးပြီး အဲ့ဒီလူငယ်တွေထဲက အသက် ၁၈ နှစ်အရွယ် အောင်ပြည့်ဖြိုးကိုဖမ်းမိတာကြောင့် အမှတ်(၂)နယ်မြေရဲစခန်း (ပ)၄၀၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၁၁၄ အရ အမှုဖွင့်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် ဒဏ်ရာရရှိသူအား သွားရောက်စစ်ဆေးရာ ကျော်ဇင်စိုးဖြစ်ကြောင်း၊ ၎င်းတွင် ရင်ဘတ်ဝဲဘက်ထိုးသွင်းဒဏ်ရာ ရရှိထားကြောင်း တွေ့ရှိရသဖြင့် စုံစမ်းရာ တစ်ရပ်တည်းနေ သူငယ်ချင်းများနှင့်အတူ ကျောက်တော်ကြီးဘုရားပွဲသို့ သွားရောက်လည်ပတ်ပြီး ပြန်ထွက်လာစဉ် ကျုံးအရှေ့မြောက်ထောင့် ၆၆ လမ်း၊ ၁၂x၁၃ လမ်းကြား အရောက်၌ လူတစ်စုနှင့် ဘုရားပွဲသွားသည့် ၎င်းတို့အဖွဲ့အတွင်းမှ တစ်ဦးတို့ ပုခုံးချင်းတိုက်မိရာက စတင်ခဲ့ကြောင်းသိရပါတယ်။

ပုခုံးချင်းတိုက်မိသည့် အဖွဲ့ဟာ ကျော်ဇင်စိုး တို့အဖွဲ့နောက်သို့ လိုက်လာပြီး အတူပါလာတဲ့ သူငယ်ချင်းတွေရဲ့မိန်းမတွေနဲ့ အောင်ကိုကိုခန့် ရဲ့အမေကို မကြားဝံ့မနာသာအောင် လိုက်လံ ပြောဆိုပြီး အခြေအနေတင်းမာ၍ ရုန်းရင်းဆန်ခတ်ဖြစ်စဉ်မှာ အဲ့ဒီအဖွဲ့ထဲက တစ်ယောက်က အသင့်ပါလာတဲ့ ဓါးဖြင့်ထိုးရာကနေ ကျော်ဇင်စိုးရဲ့ ရင်ဘတ်ဝဲဘက်ဒဏ်ရာရရှိခဲ့တာကြောင့် မန္တလေး ဆေးရုံကြီးသို့ တင်ပို့ရာ ည ၁၀ နာရီ ၂၅ အချိန် သေဆုံးခဲ့ပါတယ်။

တရားခံဖမ်းဆီးရမိရေး မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းဆောင်ရွက်ခဲ့ရာ ည ၁၁ နာရီအချိန် ဓါးဖြင့်ထိုးသူ ထက်နိုင်ဝင်း(ခ)ကုလား ၂၂ နှစ်၊ ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် နေသူအား ၂၆x၈၄ လမ်းထောင့်၊ ဈေးချိုနာရီစင်အနီး၌ ဖမ်းဆီးရမိခဲ့ပြီး သက်သေခံဓါးအား ဆက်လက်သိမ်းဆည်း ရမိခဲ့ပါတယ်။



ဆက်လက်၍အမှုတွင်ပါဝင်ကျူးလွန်သူ ဇော်နိုင်ထွန်း(ခ)လေကြီး၊ ဇင်မျိုးဝင်း(ခ) ဂေါက်ကြီး၊ အောင်ဇင်မျိုး၊ ဝူးထက်ထက်၊ သော်ဇင်လတ်(ခ)သော်ကြီး၊ မြတ်စည်သူ(ခ)မဲကြီး၊ ဖြိုးငွေစိုး(ခ)ထော်ငြမ်း၊ ကျော်ခိုင်မွှေး(ခ)မွေးကြီး၊ ကျော်ကျော်ထက်၊ သူရထက်လင်း နှင့် ဘီးကုတ် တို့ ၁၁ ဦးအား ပုဏ္ဏားကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်၌ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။



ကျန်တရားခံများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာအောက်တိုဘာ ၂၆ ရက်နေ့ နံနက်၂ နာရီ ၂၀ အချိန်က မင်းမင်းထွန်း(ခ)ဖြိုးသက်ဟိန်း၊ ဟိန်းထက်အောင် (ခ)နေထွန်းနိုင်၊ ဇော်ငြိမ်း၊ မိုးကြီး နှင့် မသိမ့်သိမ့်သူ တို့အား ပုဏ္ဏားကုန်းကျေးရွာက သူတို့ရဲနေအိမ်တွေမှာ အသီးသီးဖမ်းဆီးရမိခဲ့တာကြောင့် အမှုတွင်ပါဝင်သူ စုစုပေါင်း ၁၈ ဦးကို အမှုဖွင့် ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

[Zawgyi Version]

ေအာက္တုိဘာ ၂၅ ရက္ေန႔ည၉ နာရီ ခြဲေက်ာ္ေလာက္က ေအာင္ေျမသာစံၿမိဳ႕နယ္၊ ဥပုသ္ေတာ္ရပ္ကြက္ ေက်ာက္ေတာ္ႀကီး ဘုရားပဲြတြင္ ျဖစ္ပြားခဲ့တဲ့ လူသတ္မႈအတြက္ အမႈတြင္ပါ၀င္သူ စုစုေပါင္း ၁၈ ဦးကုိ အမႈျဖင့္ ဖမ္းဆီးစစ္ေဆးေဆာင္ရြက္လ်က္ရိွတယ္လုိ႕ မႏၱေလးတုိင္း ရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ပါတယ္။

 

Photo - Mandalay Police

 

အဆုိပါညက လူငယ္တစ္စု စကားမ်ားရန္ျဖစ္ေၾကာင္း သတင္းအရ ေအာင္ေျမသာစံၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွ သြားေရာက္ထိန္းသိမ္းၿပီး ၀မ္းဗုိက္တြင္ ထုိးသြင္းဒဏ္ရာရရိွကုိ မႏၲေလးေဆးရံုႀကီးသုိ႔ တင္ပုိ႔ေပးျပီး အဲ့ဒီလူငယ္ေတြထဲက အသက္ ၁၈ ႏွစ္အရြယ္ ေအာင္ျပည့္ၿဖိဳးကုိဖမ္းမိတာေၾကာင့္ အမွတ္(၂)နယ္ေျမရဲစခန္း (ပ)၄၀၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၁၁၄ အရ အမႈဖြင့္ခဲ့တယ္လုိ႔သိရပါတယ္။

အဲ့ဒီေနာက္ ဒဏ္ရာရရိွသူအား သြားေရာက္စစ္ေဆးရာ ေက်ာ္ဇင္စုိးျဖစ္ေၾကာင္း၊ ၎တြင္ ရင္ဘတ္၀ဲဘက္ထုိးသြင္းဒဏ္ရာ ရရိွထားေၾကာင္း ေတြ႔ရိွရသျဖင့္ စံုစမ္းရာ တစ္ရပ္တည္းေန သူငယ္ခ်င္းမ်ားနွင့္အတူ ေက်ာက္ေတာ္ႀကီးဘုရားပဲြသုိ႔ သြားေရာက္လည္ပတ္ျပီး ျပန္ထြက္လာစဥ္ က်ံဳးအေရွ႔ေျမာက္ေထာင့္ ၆၆ လမ္း၊ ၁၂x၁၃ လမ္းၾကား အေရာက္၌ လူတစ္စုနွင့္ ဘုရားပဲြသြားသည့္ ၎တုိ႔အဖဲြ႔အတြင္းမွ တစ္ဦးတုိ႔ ပုခံုးခ်င္းတုိက္မိရာက စတင္ခဲ့ေၾကာင္းသိရပါတယ္။

ပုခံုးခ်င္းတုိက္မိသည့္ အဖဲြ႔ဟာ ေက်ာ္ဇင္စုိး တုိ႔အဖဲြ႔ေနာက္သုိ႔ လုိက္လာၿပီး အတူပါလာတဲ့ သူငယ္ခ်င္းေတြရဲ႕မိန္းမေတြနဲ႔ ေအာင္ကုိကုိခန္႔ ရဲ႕အေမကုိ မၾကား၀ံ့မနာသာေအာင္ လုိက္လံ ေျပာဆုိၿပီး အေျခအေနတင္းမာ၍ ရုန္းရင္းဆန္ခတ္ျဖစ္စဥ္မွာ အဲ့ဒီအဖြဲ႔ထဲက တစ္ေယာက္က အသင့္ပါလာတဲ့ ဓါးျဖင့္ထုိးရာကေန ေက်ာ္ဇင္စုိးရဲ႕ ရင္ဘတ္၀ဲဘက္ဒဏ္ရာရရိွခဲ့တာေၾကာင့္ မႏၲေလး ေဆးရံုႀကီးသုိ႔ တင္ပုိ႔ရာ ည ၁၀ နာရီ ၂၅ အခ်ိန္ ေသဆံုးခဲ့ပါတယ္။

တရားခံဖမ္းဆီးရမိေရး မႏၲေလးတုိင္းေဒသႀကီးရဲတပ္ဖဲြ႔မွ စံုစမ္းေဆာင္ရြက္ခဲ့ရာ ည ၁၁ နာရီအခ်ိန္ ဓါးျဖင့္ထုိးသူ ထက္နုိင္၀င္း(ခ)ကုလား ၂၂ နွစ္၊ ပုဏၰားကုန္းေက်းရြာ၊ ပုသိမ္ႀကီးၿမိဳ႔နယ္ ေနသူအား ၂၆x၈၄ လမ္းေထာင့္၊ ေစ်းခ်ိဳနာရီစင္အနီး၌ ဖမ္းဆီးရမိခဲ့ၿပီး သက္ေသခံဓါးအား ဆက္လက္သိမ္းဆည္း ရမိခဲ့ပါတယ္။



ဆက္လက္၍အမႈတြင္ပါ၀င္က်ဴးလြန္သူ ေဇာ္နုိင္ထြန္း(ခ)ေလႀကီး၊ ဇင္မ်ိဳး၀င္း(ခ) ေဂါက္ႀကီး၊ ေအာင္ဇင္မ်ိဳး၊ ၀ူးထက္ထက္၊ ေသာ္ဇင္လတ္(ခ)ေသာ္ႀကီး၊ ျမတ္စည္သူ(ခ)မဲႀကီး၊ ၿဖိဳးေငြစုိး(ခ)ေထာ္ျငမ္း၊ ေက်ာ္ခုိင္ေမႊး(ခ)ေမြးႀကီး၊ ေက်ာ္ေက်ာ္ထက္၊ သူရထက္လင္း နွင့္ ဘီးကုတ္ တုိ႔ ၁၁ ဦးအား ပုဏၰားကုန္းေက်းရြာ၊ ပုသိမ္ႀကီးၿမိဳ႔နယ္၌ ထပ္မံဖမ္းဆီးရမိခဲ့ပါတယ္။



က်န္တရားခံမ်ားအား ဖမ္းဆီးရမိေရးေဆာင္ရြက္ခဲ့ရာေအာက္တုိဘာ ၂၆ ရက္ေန႔ နံနက္၂ နာရီ ၂၀ အခ်ိန္က မင္းမင္းထြန္း(ခ)ၿဖိဳးသက္ဟိန္း၊ ဟိန္းထက္ေအာင္ (ခ)ေနထြန္းနုိင္၊ ေဇာ္ျငိမ္း၊ မုိးႀကီး နွင့္ မသိမ့္သိမ့္သူ တုိ႔အား ပုဏၰားကုန္းေက်းရြာက သူတုိ႔ရဲေနအိမ္ေတြမွာ အသီးသီးဖမ္းဆီးရမိခဲ့တာေၾကာင့္ အမႈတြင္ပါ၀င္သူ စုစုေပါင္း ၁၈ ဦးကုိ အမႈဖြင့္ ဖမ္းဆီးစစ္ေဆးေဆာင္ရြက္လ်က္ရွိပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs