စဉ့်ကူးမြို့နယ် သာယာဝတီရွာနားမှာဖြစ်ပွားခဲ့တာပါ။

ရွာကိုမီးရှို့မယ်လို့ ကြိမ်းဝါးတဲ့သူကို အဖွဲ့လိုက်ရိုက်နှက်ရာကနေ သေဆုံးမှုတစ်ခု အောက်တိုဘာ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

44803247_1800249160024140_7605340019728842752_n.jpg

Photo - Mandalay Police

 

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်း စဉ့်ကူးမြို့နယ် သာယာဝတီရွာ အနောက်ဘက် ၃ ဖာလုံခန့်အကွာလမ်းမပေါ်မှာ ချစ်မဲ (ခ) ကျော်ကျော်ထိုက်ဆိုသူက ဒဏ်ရာတွေနဲ့သေဆုံးနေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။

အောက်တိုဘာ ၂၅ ရက်နေ့ ည ၈ နာရီခွဲအချိန်က တစ်ရွာတည်းနေထိုင်တဲ့ မောင်ဇော်အပါအဝင်ဘ၁၄ ဦးခန့်က သေဆုံးသူကို နေအိမ်ခြံဝန်းအတွင်းမှာတုတ်တွေနဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

သေဆုံးသူက ရွာက ကုန်စုံဆိုင်ရှေ့မှာ ဆဲရေးတိုင်းထွာပြီး တစ်ရွာလုံးကို မီးရှို့သတ်မယ်လို့ကြိမ်းဝါးတာကြောင့် အနီးအနားက လူတွေက သေဆုံးသူကို ဝိုင်းလိုက်တာကြောင့် နေအိမ်ခြံဝန်းအတွင်းကိုထွက်ပြေးရာကနေ နေအိမ်ရှေ့မှာတွေ့ရှိတာကြောင့် မောင်မောင်ဇော်က ဝါးတုတ်နဲ့ရိုက်တယ်လို့ ထုတ်ပြန်ပါတယ်။

ဝါးတုတ်နဲ့ရိုက်တာကြောင့် သေဆုံးသူက လဲကျသွားခဲ့ပြီးတော့ မောင်မောင်ဇော်အပါအဝင်လူ ၁၄ ဦးကလည်း ဝိုင်းဝန်းရိုက်နှက်ပြီး ရွာအပြင်က အခင်းဖြစ်နေရာမှာ ထပ်မံရိုက်နှက်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။

ကျူးလွန်သူတွေကို တော့အောက်တိုဘာ ၂၇ ရက်နေ့မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီးတော့ ကျူးလွန်သူတွေက အသက် ၂၁နှစ်ကနေ ၃၀ နှစ်ဝန်းကျင်လူငယ်တွေကို ဖမ်းဆီးရမိထားတယ်လို့ဆိုပါတယ်။ ကျူးလွန်ခဲ့သူတွေကိုတော့ ထုံကြီးနယ်မြေရဲစခန်းကနေ (ပ)၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။



က္က