• Local News
    နယူးယောက်က မြန်မာသူနာပြုအမျိုးသမီးကို သတ်တဲ့စုံတွဲကို ဖမ်းမိ
Hmue Eain Zaw
[Unicode Version]
ပြီးခဲ့တဲ့ ဇူလိုင်လလောက်က နယူးယောက်က သူနာပြု မြန်မာအမျိုးသမီးတစ်ဦးအသတ်ခံရမှူမှာ တရားခံဖြစ်တဲ့ စုံတွဲကို ဖမ်းမိပြီဖြစ်တယ်လို့ New York Daily News မှာဒီနေ့ အောက်တိုဘာ ၂၇ ရက်နေ့ကဖော်ပြထားပါတယ်။
44883303_1919939211425026_3216157492195098624_n.jpg
Photo crd ဒေါ်ကြည်မာသိန်း FB
အဝတ်ဗီရိုတစ်ခုအတွင်းမှာ စောင်နဲ့ပတ်ပြီး အသတ်ခံရတဲ့ သူမကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ သူမနဲ့အတူနေထိုင်ခဲ့ဖူးတဲ့ အခန်းဖော်အမျိူးသမီးကို ရဲတပ်ဖွဲ့ကရှာဖွေနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
အန်နီကာ ကန်ဆီနို (၂၃)နှစ်နဲ့ သူမချစ်သူ Alexander Alberda (၂၁)နှစ်တို့ကိုရဲက ဖမ်းဆီးထားပါတယ်။ ဇူလိုု်င် ၂၁ ရက်နေ့က သူမနေထိုင်ရာ တိုက်ခန်းမှာ မနက်အစောပိုင်းက သူမအလောင်းကိုတွေ့ရှိခဲ့တာဖြစ်ပြီးတော့ အိပ်ရာခင်းနဲ့လိပ်ပြီးအလောင်းကို ဘီရိုအတွင်းထည့်ထားခဲ့တာပါ။ သူမအသတ်ခဲရတာနဲ့ပါတ်သတ်ပြီးတော့ ဘယ်လိုပုံစံသတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ နယူးယောက်က ရဲတစ်ဦးက ပြောထားပါတယ်။
"တရားမျှတမှူအတွက်ကိုတော့ အမေရိကန်နိုင်ငံသားချင်းတန်းတူညီမျှရရှိမယ်လို့ မျှော်လင့်ထားတယ်"လို့ သေဆုံးသူရဲ့သားဖြစ်သူ ကိုဇေယျကျော်က လူမှုကွန်ရက် Facebook မှာ ရေးသားထားပါတယ်။
ကျူးလွန်သူအမျိူးသမီးနေထိုင်တဲ့လိပ်စာဟောင်းက ဒေါ်ကြည်မာသိန်းနေထိုင်ခဲ့တဲ့ လိပ်စာဖြစ်ပြီးတော့ သူမအသစ်ပြောင်းရွှေ့တဲ့လိပ်စာကလည်း ဒေါ်ကြည်မာသိန်းနေထိုင်တဲ့လိပ်စာနဲ့ မိုင်တစ်ဝက်လောက်သာဝေးပါတယ်။ သေဆုံးသူက SUNY Downstate Medical Cemter မှာအမျိူးသမီးသူနာပြုအဖြစ်လုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။
[Zawgyi Version]
အဝတ်ဗီရိုတစ်ခုအတွင်းမှာ စောင်နဲ့ပတ်ပြီး အသတ်ခံရတဲ့ သူမကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ သူမနဲ့အတူနေထိုင်ခဲ့ဖူးတဲ့ အခန်းဖော်အမျိုးသမီးကို ရဲတပ်ဖွဲ့ကရှာဖွေနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ကျူးလွန်သူအမျိုးသမီးနေထိုင်တဲ့လိပ်စာဟောင်းက ဒေါ်ကြည်မာသိန်းနေထိုင်ခဲ့တဲ့ လိပ်စာဖြစ်ပြီးတော့ သူမအသစ်ပြောင်းရွှေ့တဲ့လိပ်စာကလည်း ဒေါ်ကြည်မာသိန်းနေထိုင်တဲ့လိပ်စာနဲ့ မိုင်တစ်ဝက်လောက်သာဝေးပါတယ်။ သေဆုံးသူက SUNY Downstate Medical Cemter မှာအမျိုးသမီးသူနာပြုအဖြစ်လုပ်ကိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs