• Local News
    မော်လမြိုင်မှာ ဖခင်ကို သားနဲ့တူဖြစ်သူက လာရောက်စွန့်ပစ်မှုဖြစ်ပွား
Mi Thawdar Aung
[Unicode Version]

မော်လမြိုင်မြို့မှာ အောက်တိုဘာ ၂၆ ရက်က မောင်ငံရပ်ကွက် ဆောက်လုပ်ရေးဝန်းရှေ့အသက် ၆၀ ခန့်ရှိတဲ့ အဘိုးအိုတစ်ဦးကို လာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် မုပွန်နယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

 

maung gan 1.jpg 

“ သူ့ကိုမေးမြန်းကြည့်တဲ့အခါမှာ သူ့ကိုလာစွန့်ပစ်ခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်တို့အပိုင်းနဲ့ သူ့ရဲ့ မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းတာတွေမရှိပါဘူး။ အရေးယူတာမျိုးတွေလည်းမရှိပါဘူး။ အဘိုးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ “ လို့ မုပွန်နယ်မြေရဲစခန်းမှ ဒုရဲမှူးသန့်စင်က Duwun ကိုပြောပါတယ်။

 

maung gan 4.jpg 

အဆိုပါ အဘိုးအိုဟာ ဇေယျာမြိုင်ရပ်ကွက်မှာနေထိုင်သူ  ဖြစ်ပြီး သူ့ကို သားနဲ့ တူဖြစ်သူက လာရောက်စွန့်ပစ်ခဲ့တာလို့ အဘိုးအိုရဲ့ ပြောပြချက်အရသိရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မသော်တာဝင်းဇင်က Duwun ကိုပြောပြပါတယ်။

 

maung gan 2.jpg 

“ အဘိုးက ပြောတော့ သူ့ကို ကောင်လေးနှစ်ယောက်က ၂၆ ရက်ညကတည်းက လာစွန့်ပစ်ထားတာလို့ ပြောပါတယ်။ သူ့ကို ကြည့်ရတာ အားနည်းပြီး နေမကောင်းတဲ့ပုံလည်း ပေါ်နေတယ်။ သူ့ကို ဆက်မေးတော့ အဘိုးက ငိုပြီးတော့ သားနဲ့ တူဖြစ်သူတို့ လာစွန့်ပစ်တာလို့ ပြောပါတယ်။ အဘိုးက ဇေယျာမြိုင်ရွှေစေတီလမ်းထဲမှာ သူ့သမီးရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မတို့က စုံစမ်းပြီးတော့ အဘိုးရဲ့သမီးကို ဆက်သွယ်ပြီး လာပြန်ခေါ်မလား မခေါ်ဘူးလားမေးတော့ သမီးဖြစ်သူကနေ သူတို့စွန့်ပစ်တာမဟုတ်ဘူး။ သူ့ဘာသာသူသွားတာပဲတဲ့။ထိန်းမနိုင်ဘူးတဲ့  ကျွန်မကို အဲလိုပြောပါတယ်။နောက်တော့ သူတို့ရောက်လာပြီးတော့ ရဲစခန်းက တော့ မေးမြန်းဖို့ ခေါ်သွားပါတယ်” လို့ မသော်တာဝင်းဇင်က ဆိုပါတယ်။

 လက်ရှိတော့ အဆိုပါ အသက် ၆၀ အရွယ် အဘိုးကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံကို ပို့ဆောင်ထားပြီး ဖျားနာဆောင်မှာ ကုသမှုခံယူနေတယ်လို့သိရပါတယ်။

[Zawgyi Version]

ေမာ္လၿမိဳင္ၿမိဳ႕မွာ ေအာက္တုိဘာ ၂၆ ရက္က ေမာင္ငံရပ္ကြက္ ေဆာက္လုပ္ေရး၀န္းေရွ႕အသက္ ၆၀ ခန္႔ရွိတဲ့ အဘုိးအုိတစ္ဦးကုိ လာေရာက္စြန္႔ပစ္ခဲ့မႈျဖစ္ပြားခဲ့တယ္လုိ႔ ေမာ္လၿမိဳင္ မုပြန္နယ္ေျမရဲစခန္းကေန စံုစမ္းသိရွိရပါတယ္။

 

“ သူ႔ကုိေမးျမန္းၾကည့္တဲ့အခါမွာ သူ႔ကုိလာစြန္႔ပစ္ခဲ့တာလုိ႔ ေျပာပါတယ္။ ကၽြန္ေတာ္တို႔အပုိင္းနဲ႔ သူ႔ရဲ႕ မိသားစု၀င္ေတြကုိ စစ္ေဆးေမးျမန္းတာေတြမရွိပါဘူး။ အေရးယူတာမ်ိဳးေတြလည္းမရွိပါဘူး။ အဘုိးကုိ လူမႈကယ္ဆယ္ေရးအဖြဲ႕ေတြနဲ႔ ေပါင္းၿပီး ေဆးရုံကုိပုိ႔ေပးခဲ့ပါတယ္။ “ လုိ႔ မုပြန္နယ္ေျမရဲစခန္းမွ ဒုရဲမွဴးသန္႔စင္က Duwun ကုိေျပာပါတယ္။

 

အဆုိပါ အဘုိးအုိုဟာ ေဇယ်ာၿမိဳင္ရပ္ကြက္မွာေနထုိင္သူ  ျဖစ္ၿပီး သူ႔ကုိ သားနဲ႔ တူျဖစ္သူက လာေရာက္စြန္႔ပစ္ခဲ့တာလုိ႔ အဘုိးအုိရဲ႕ ေျပာျပခ်က္အရသိရေၾကာင္း ကူညီကယ္ဆယ္ေရးလုပ္ေပးခဲ့တဲ့ဘုိဘုိ၀င္း အေရးေပၚကယ္ဆယ္ေရးအဖြဲ႔မွ မေသာ္တာ၀င္းဇင္က Duwun ကုိေျပာျပပါတယ္။

 

“ အဘုိးက ေျပာေတာ့ သူ႔ကုိ ေကာင္ေလးႏွစ္ေယာက္က ၂၆ ရက္ညကတည္းက လာစြန္႔ပစ္ထားတာလုိ႔ ေျပာပါတယ္။ သူ႔ကုိ ၾကည့္ရတာ အားနည္းၿပီး ေနမေကာင္းတဲ့ပံုလည္း ေပၚေနတယ္။ သူ႔ကုိ ဆက္ေမးေတာ့ အဘုိးက ငုိၿပီးေတာ့ သားနဲ႔ တူျဖစ္သူတုိ႔ လာစြန္႔ပစ္တာလုိ႔ ေျပာပါတယ္။ အဘုိးက ေဇယ်ာၿမိဳင္ေရႊေစတီလမ္းထဲမွာ သူ႔သမီးရွိတယ္လုိ႔ ေျပာတယ္။ အဲဒါနဲ႔ ကၽြန္မတို႔က စံုစမ္းၿပီးေတာ့ အဘုိးရဲ႕သမီးကုိ ဆက္သြယ္ၿပီး လာျပန္ေခၚမလား မေခၚဘူးလားေမးေတာ့ သမီးျဖစ္သူကေန သူတို႔စြန္႔ပစ္တာမဟုတ္ဘူး။ သူ႔ဘာသာသူသြားတာပဲတဲ့။ထိန္းမႏုိင္ဘူးတဲ့  ကၽြန္မကုိ အဲလုိေျပာပါတယ္။ေနာက္ေတာ့ သူတို႔ေရာက္လာၿပီးေတာ့ ရဲစခန္းက ေတာ့ ေမးျမန္းဖုိ႔ ေခၚသြားပါတယ္” လုိ႔ မေသာ္တာ၀င္းဇင္က ဆုိပါတယ္။

 လက္ရွိေတာ့ အဆုိပါ အသက္ ၆၀ အရြယ္ အဘုိးကုိေတာ့ သက္ဆုိင္ရာတာ၀န္ရွိသူေတြနဲ႔ ကူညီကယ္ဆယ္ေရးအဖြဲ႔ေတြက ေဆးရုံကုိ ပုိ႔ေဆာင္ထားၿပီး ဖ်ားနာေဆာင္မွာ ကုသမႈခံယူေနတယ္လို႔သိရပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs