အမည်မသိလူတွေလည်း ပါပါတယ်။

ကန့်ဘလူမြို့မှာ ရဲအချင်းချင်း အုပ်စုဖွဲ့ပြီး ဓါးခုတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲချင်းအုပ်စုဖွဲ့၍ ဓါးခုတ်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူက Duwun ကိုအောက်တိုဘာ ၂၉ ရက်နေ့က အတည်ပြုပြောကြားပါတယ်။

 

Photo - ကန့်ဘလူသတင်း





အောက်တိုဘာ ၂၇ ရက်နေ့ ည ၉ နာရီခွဲလောက်အချိန်က ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာခံမောင်ကျော်နဲ့ ရဲတပ်ကြပ်ဇော်ဇော်သန့်တို့က မြို့ပတ်လမ်းအတိုင်း နေအိမ်ကိုပြန်လာစဉ် ကန့်ဘလူမြို့ GTC ကျောင်းအနားမှာ အဖြူရောင်ကားတစ်စီးက လမ်းပေါ်မှာ ကန့်လန့်ဖြတ်ရပ်ပြီး လမ်းအောက်အမှောင်ရိပ်မှာ သစ်တွေတင်ထားတဲ့ သုံးဘီးဆိုင်ကယ် တစ်စီးတွေ့ရှိရတာကြောင့် စစ်ဆေးမေးမြန်းခဲ့တယ်လို့ဆိုပါတယ်။



အဲ့ဒီအချိန်မှာပဲ ရဲတပ်ကြပ်အောင်ပြည့်ဆိုသူက သုံးဘီးတစ်စီးဖမ်းထားတာကို လွဲမယ်လို့ ပြောတာရာမှာ ရဲအရာခံမောင်ကျော်ကို မချေမငံပြောဆိုတာကြောင့် အချင်းချင်းစကားများခဲ့ပြီးနောက် တပ်ကြပ်အောင်ပြည့်က လူတချို့ကို ဖုန်းဆက်ခေါ်ရာမှ လူ၄ ယောက်ထပ်ရောက်လာပြီး ရဲအရာခံမောင်ကျော်နဲ့ ရဲတပ်ကြပ်ဇော်ဇော်သန့်တို့ကို ထိုးကြိတ်ခဲ့တယ်လို့ဆိုပါတယ်။



အဲ့ဒီနောက် အမည်မသိလူတစ်ယောက်က ရဲတပ်ကြပ်အောင်ပြည့်ရဲ့ကားပေါ်မှာ အသင့်ပါလာတဲ့ ဓါးရှည်ကိုယူပြီး အရာခံမောင်ကျော်နှင့် ရဲတပ်ကြပ်ဇော်ဇော်သန့်တို့နှစ်ဦးအား လိုက်လန်ထိုးခုတ်သဖြင့် ရဲတပ်ကြပ်ဇော်ဇော်သန့်မှာ ဦးခေါင်းတွင် ၁ လက်မခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲဘက်လက်ဖဝါးတွင် ၂ လက်မခန့်ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲ/ယာပေါင်နှင့်ခြေသလုံးများတွင် ပြတ်ရှဒဏ်ရာများ နှင့် ရဲအရာခံမောင်ကျော်မှာ ဝဲ/ယာပါးနှင့်မျက်ခုံးတို့၌ ဖုရောင်ပေါက်ပြဲဒဏ်ရာများနှင့် နောက်ကျောတွင် ဓါးပြားနှင့်ရိုက်နှက်ထားသည့် ညိုမဲဒဏ်ရာတွေနဲ့ ထွက်ပြေးခဲ့ရပြီး၊ ကန့်ဘလူပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။



"ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ညပိုင်းဖြစ်တာပါ"လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။



ဖြစ်စဉ်နှင့်ပါတ်သက်ပြီး အုပ်စုဖွဲ့ဓားဖြင့်လိုက်ခုတ်သော စစ်ကိုင်းတိုင်းမှုခင်းနှိမ်နင်းရေးအဖွဲ့မှ ရဲတပ်ကြပ်အောင်ပြည့်နဲ့ သူရဲ့ညီဖြစ်သူ အငယ်လေးပါ အမည်မသိ လူ ၅ ဦးတို့အား ဥပဒေအရ အရေးယူပေးပါရန် ရဲအရာခံမောင်ကျော် က တရားလိုပြုလုပ်တိုင်တန်းထားတာကြောင့် ကန့်ဘလူမြို့မရဲစခန်းကနေ (ပ)၂၂၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၄/၂၉၄/၃၂၃/၁၁၄ တို့နဲ့ အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။



က္က