• Local News
    မော်လမြိုင်မှာ ခွေးရူးပြန်နေသူတစ်ဦးကို ပိုက်ကွန်နဲ့ ဝိုင်းဝန်းဖမ်းဆီးခဲ့ရပြီး ဆေးရုံပို့ထား
Mi Thawdar Aung
[Unicode Version]

မော်လမြိုင်မြို့မြို့ သီရိမြိုင် ရပ်ကွက် ၆ လမ်းမှာ အောက်တိုဘာ ၂၈ ရက်က ခွေးရူးပြန်နေတယ်လို့ ယူဆရသူတစ်ဦးကို ရပ်ကွက်နေပြည်သူတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပိုက်ကွန်နဲ့ ဝိုင်းဝန်းဖမ်းဆီးကာ ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဘိုဘိုဝင်း ကူညီဆယ်ရေးအဖွဲ့ကနေ စုံစမ်းသိရှိရပါတယ်။

 

dog mlm.jpg

အဆိုပါ အမျိုးသားကို မော်လမြိုင်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီးနောက် တာဝန်ကျဆရာဝန်က ခွေးရူးပြန်ရောဂါဖြစ်နေကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ မသော်တာဝင်းဇင်က Duwun ကို ပြောပြပါတယ်။

“အဲဒီအမျိုးသားက အရင်တုန်းက ခြေထောက်မှာ ခွေးကိုက်ခံရဖူးတယ်လို့ ပြောပါတယ်။ သူ့ကို ဖမ်းပြီးဆေးရုံပို့တော့ ကားပေါ်မှာလည်း အူတယ်။ လိုက်ကိုက်တယ်။ လူတွေကို ကိုက်လို့မရတော့ ပိုက်ကွန်ကို ကိုက်တယ်။ သားရေတွေကျတယ်။ အဲဒီလိုမျိုးထိတောင်ဖြစ်တယ်။ ကျွန်မတို့လည်း  နယ်ထိန်းနဲ့ အုပ်ချုပ်ရေးမှူးကို လှမ်းပြီး အကြောင်းကြားခဲ့ပါတယ်။ “ လို့ မသော်တာဝင်းဇင်က ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

အောက်တိုဘာ ၂၈ ရက် ည ၉ နာရီခွဲလောက်က  မော်လမြိုင်မြို့ သီရိမြိုင် ၆ လမ်းမှာ အမျိုးသားတစ်ဦး ခွေးရူးပြန်နေတာကို ကူညီပေးဖို့ ဖုန်းဆက်အကူအညီတောင်းခံလို့ သွားရောက်ရာ အဆိုပါ အမျိုးသားမှာ အကျီချွတ်နဲ့ ခွေးတစ်ကောင်လို ပြုမူနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

45095176_348011125771437_1138870531982884864_n.jpg 

လက်ရှိတော့ အဆိုပါ လူနာရဲ့ အခြေအနေကို မသိရသေးဘဲ ခွေးရူးပြန် ရောဂါသည်ကို အမျိုးသားကို ဝိုင်းဝန်းဖမ်းဆီးပြီး ဆေးရုံပို့ခဲ့ကြတဲ့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအဖွဲ့မှ (၃)ဦး၊  ဘိုဘိုဝင်းအဖွဲ့မှ (၃)ဦး နဲ့ ရပ်ကွက်သား (၃) ဦးတို့ကို တာဝန်ကျဆရာဝန်က ခွေးရူးပြန်ရောဂါကာကွယ်ဆေးတွေ ထိုးပေးခဲ့ရတယ်လို့လည်း သိရပါတယ်။

ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုမှာ မြန်မာနိုင်ငံကလည်း အမြင့်ဆုံးဖြစ်နေပြီး တစ်နှစ်ကို လူတစ်ထောင်ခန့် ခွေးရူးရောဂါကြောင့်သေဆုံးနေရတယ်လို့လည်း စစ်တမ်းတွေအရသိရပါတယ်။

ယခုနှစ် သြဂုတ်လပိုင်းတုန်းကလည်း ပျော်ဘွယ်မြို့နယ်မှာ အသက် လေးနှစ်အရွယ် ကလေးတစ်ဦး ကို ခွေးလေခွေးလွင့် ၅ ကောင်က ဝိုင်းကိုက်ခဲ့လို့ ဦးခေါင်းတစ်ခုလုံးစုတ်ပြတ်ပြီး ခန္တာကိုယ်မှာ ဒဏ်ရာတွေရရှိခဲ့ပြီး သေဆုံးသွားခဲ့ပါတယ်။

[Zawgyi Version]

ေမာ္လၿမိဳင္ၿမိဳ႕ၿမိဳ႕ သီရိၿမိဳင္ ရပ္ကြက္ ၆ လမ္းမွာ ေအာက္တုိဘာ ၂၈ ရက္က ေခြးရူးျပန္ေနတယ္လို႔ ယူဆရသူတစ္ဦးကုိ ရပ္ကြက္ေနျပည္သူေတြနဲ႔ ကယ္ဆယ္ေရးအဖြဲ႔ေတြက ပုိက္ကြန္နဲ႔ ၀ုိင္း၀န္းဖမ္းဆီးကာ ေဆးရုံကုိ ပုိ႔ေဆာင္ထားတယ္လုိ႔ ဘုိဘုိ၀င္း ကူညီဆယ္ေရးအဖြဲ႕ကေန စံုစမ္းသိရွိရပါတယ္။

 

အဆုိပါ အမ်ိဳးသားကုိ ေမာ္လၿမိဳင္ျပည္သူ႕ေဆးရုံႀကီးကုိ ပုိ႔ေဆာင္ခဲ့ၿပီးေနာက္ တာ၀န္က်ဆရာ၀န္က ေခြးရူးျပန္ေရာဂါျဖစ္ေနေၾကာင္း အတည္ျပဳေျပာၾကားခဲ့တယ္လို႔ မေသာ္တာ၀င္းဇင္က Duwun ကုိ ေျပာျပပါတယ္။

“အဲဒီအမ်ိဳးသားက အရင္တုန္းက ေျခေထာက္မွာ ေခြးကုိက္ခံရဖူးတယ္လို႔ ေျပာပါတယ္။ သူ႔ကုိ ဖမ္းၿပီးေဆးရုံပုိ႔ေတာ့ ကားေပၚမွာလည္း အူတယ္။ လိုက္ကုိက္တယ္။ လူေတြကုိ ကုိက္လုိ႔မရေတာ့ ပိုက္ကြန္ကုိ ကုိက္တယ္။ သားေရေတြက်တယ္။ အဲဒီလုိမ်ိဳးထိေတာင္ျဖစ္တယ္။ ကၽြန္မတို႔လည္း  နယ္ထိန္းနဲ႔ အုပ္ခ်ဳပ္ေရးမွဴးကုိ လွမ္းၿပီး အေၾကာင္းၾကားခဲ့ပါတယ္။ “ လုိ႔ မေသာ္တာ၀င္းဇင္က ျဖစ္စဥ္ကုိ ေျပာျပခဲ့ပါတယ္။

ေအာက္တုိဘာ ၂၈ ရက္ ည ၉ နာရီခြဲေလာက္က  ေမာ္လၿမိဳင္ၿမိဳ႕ သီရိျမိဳင္ ၆ လမ္းမွာ အမ်ိဳးသားတစ္ဦး ေခြးရူးျပန္ေနတာကုိ ကူညီေပးဖုိ႔ ဖုန္းဆက္အကူအညီေတာင္းခံလုိ႔ သြားေရာက္ရာ အဆိုပါ အမ်ိဳးသားမွာ အက်ီခြ်တ္နဲ႔ ေခြးတစ္ေကာင္လုိ ျပဳမူေနတာကုိ ေတြ႕ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

 

လက္ရွိေတာ့ အဆုိပါ လူနာရဲ႕ အေျခအေနကုိ မသိရေသးဘဲ ေခြးရူးျပန္ ေရာဂါသည္ကုိ အမ်ိဳးသားကုိ ၀ိုင္း၀န္းဖမ္းဆီးၿပီး ေဆးရုံပုိ႔ခဲ့ၾကတဲ့ ေမာ္လျမိဳင္လူမႈကယ္ဆယ္ေရးအဖြဲ႔မွ (၃)ဦး၊  ဘိုဘိုဝင္းအဖြဲ႔မွ (၃)ဦး နဲ႔ ရပ္ကြက္သား (၃) ဦးတို႔ကုိ တာ၀န္က်ဆရာ၀န္က ေခြးရူးျပန္ေရာဂါကာကြယ္ေဆးေတြ ထိုးေပးခဲ့ရတယ္လုိ႔လည္း သိရပါတယ္။

ေခြးရူးျပန္ေရာဂါေၾကာင့္ ေသဆုံးမႈမွာ ျမန္မာႏုိင္ငံကလည္း အျမင့္ဆုံးျဖစ္ေနၿပီး တစ္ႏွစ္ကုိ လူတစ္ေထာင္ခန္႔ ေခြးရူးေရာဂါေၾကာင့္ေသဆံုးေနရတယ္လုိ႔လည္း စစ္တမ္းေတြအရသိရပါတယ္။

ယခုႏွစ္ ၾသဂုတ္လပုိင္းတုန္းကလည္း ေပ်ာ္ဘြယ္ၿမိဳ႕နယ္မွာ အသက္ ေလးႏွစ္အရြယ္ ကေလးတစ္ဦး ကုိ ေခြးေလေခြးလြင့္ ၅ ေကာင္က ၀ုိင္းကုိက္ခဲ့လုိ႔ ဦးေခါင္းတစ္ခုလံုးစုတ္ၿပတ္ၿပီး ခႏၱာကုိယ္မွာ ဒဏ္ရာေတြရရွိခဲ့ၿပီး ေသဆံုးသြားခဲ့ပါတယ္။



ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs