• Local News

    ကမာရွတ်မှာ သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်တွေခိုးယူသွားသူတွေကို ဖမ်းမိ

Aye Myat Mon
[Unicode Version]

ကမာရွတ်မြို့နယ်မှာ ကျပ်သိန်း ၆၀၀၀ ကျော်တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာရွှေထည်ပစ္စည်းတွေကို ခိုးယူသွားတဲ့သူတွေကို ဖမ်းဆီးရမိထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နေက အာက်တိုဘာ ၃၀ ရက်နေ့ကသိရပါတယ်။

45002225_1717585335037393_338046937313837056_n.jpg 

အောက်တိုဘာ ၂၆ ရက်နေ့ နေ့လယ်ခန့်က လမ်းမတော်မြို့နယ်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦးက ကမာရွတ်မြို့နယ်မှာရှိတဲ့ နိုဗိုတယ်ဟိုတယ်မှာ သူငယ်ချင်းဖြစ်သူနဲ့တွေ့တဲ့အချိန်မှာ အိမ်အကူအမျိုးသမီးဖြစ်သူကို နေအိမ်မှာ ထားရှိတဲ့ ကျောက်မျက်ရတနာတွေကိုပြန်ယူဖို့အတွက် ယာဉ်မောင်းဖြစ်သူနဲ့ အတူစေလွှတ်လိုက်ပါတယ်။

အိမ်အကူကနေ ယူဆောင်လာတဲ့ကျောက်မျက်ရတနာတွေကို ဟိုတယ်ကိုယူဆောင်လာခဲ့ပြီးတော့ အဆိုပါ ကျောက်မျက်ရတနာတွေကို ကားပေါ်ပြန်ထားဖို့ ပြောတာကြောင့် ကားပေါ်မှာ အိမ်အကူကနေ ပြန်ထားခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်းဟိုတယ်ကနေ ပြန်ထွက်ဖို့အတွက် ကားရှိရာကိုသွားတဲ့အခါမှာတော့ ကားကိုပဲတွေ့ရပြီးတော့ ယာဉ်မောင်းအပါအဝင် ကျောက်မျက်ရတနာအိတ်ကိုပါ မတွေ့ရတော့တာကြောင့် ယာဉ်မောင်းရဲ့ ဖုန်းကို ဆက်သွယ်တဲ့အခါမှာစက်ပိတ်ထားတယ်လို့ ဖြေကြားခဲ့ပြီးတော့ ကားပေါ်မှာ စက္ကူအိတ်နဲပ ထားတဲ့ နီလာတစ်တန်းပါ ရွှေဆွဲကြိုး (၃) ကုံး၊ ပတ္တမြား တစ်တန်းပါ ရွှေဆွဲကြိုး (၁)ကုံး၊ ပတ္တမြားနဲ့ စိန်ကြိုးနှစ်တန်းသွား ကြိုး (၁)ကုံး၊ နားဆွဲ (၁) ရံ၊ ပတ္တမြား (၁) ထုပ်၊ ပတ္တမြား ပန်းရောင် (၁)ထုပ် အပါအဝင် စိန်ပွင့်အထုပ်တွေပါဝင်တဲ့ စုစုပေါင်း တန်ဖိုး ကျပ်သိန်းပေါင်း ၆၃၄၄ တန်ဖိုးကို ခိုးယူသွားတဲ့ ယာဉ်မောင်းကို အရေးယူပေးဖို့ ကမာရွတ်ရဲစခန်းကိုတိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ကျူးလွန်သူကို အောက်တိုဘာ ၂၈ ရက်နေ့မှာ ဖမ်းမိခဲ့ပြီးတော့ ခိုးယူရရှိတဲ့ပစ္စည်းတွေကို အထည်ဖျက်ပြုလုပ်ပေးခဲ့တဲ့သူကိုလည်း အတူဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

 

[Zawgyi Version]

ကမာရြတ္ၿမိဳ႕နယ္မွာ က်ပ္သိန္း ၆၀၀၀ ေက်ာ္တန္ဖုိးရွိတဲ့ ေက်ာက္မ်က္ရတနာေရႊထည္ပစၥည္းေတြကုိ ခုိးယူသြားတဲ့သူေတြကုိ ဖမ္းဆီးရမိထားတယ္လုိ႔ ရန္ကုန္တုိင္းေဒသႀကီးရဲတပ္ဖြဲ႕ေနက အာက္တုိဘာ ၃၀ ရက္ေန႔ကသိရပါတယ္။

 

ေအာက္တုိဘာ ၂၆ ရက္ေန႔ ေန႔လယ္ခန္႔က လမ္းမေတာ္ၿမိဳ႕နယ္မွာေနထုိင္တဲ့အမ်ိဳးသမီးတစ္ဦးက ကမာရြတ္ၿမိဳ႕နယ္မွာရွိတဲ့ ႏုိဗုိတယ္ဟိုတယ္မွာ သူငယ္ခ်င္းျဖစ္သူနဲ႕ေတြ႔တဲ့အခ်ိန္မွာ အိမ္အကူအမ်ိဳးသမီးျဖစ္သူကုိ ေနအိမ္မွာ ထားရွိတဲ့ ေက်ာက္မ်က္ရတနာေတြကုိျပန္ယူဖုိ႔အတြက္ ယာဥ္ေမာင္းျဖစ္သူနဲ႔ အတူေစလႊတ္လုိက္ပါတယ္။

အိမ္အကူကေန ယူေဆာင္လာတဲ့ေက်ာက္မ်က္ရတနာေတြကုိ ဟိုတယ္ကုိယူေဆာင္လာခဲ့ၿပီးေတာ့ အဆုိပါ ေက်ာက္မ်က္ရတနာေတြကုိ ကားေပၚျပန္ထားဖုိ႔ ေျပာတာေၾကာင့္ ကားေပၚမွာ အိမ္အကူကေန ျပန္ထားခဲ့တယ္လုိ႔ သိရပါတယ္။

ညေနပိုင္းဟိုတယ္ကေန ျပန္ထြက္ဖုိ႔အတြက္ ကားရွိရာကိုသြားတဲ့အခါမွာေတာ့ ကားကုိပဲေတြ႕ရၿပီးေတာ့ ယာဥ္ေမာင္းအပါအ၀င္ ေက်ာက္မ်က္ရတနာအိတ္ကုိပါ မေတြ႔ရေတာ့တာေၾကာင့္ ယာဥ္ေမာင္းရဲ႕ ဖုန္းကုိ ဆက္သြယ္တဲ့အခါမွာစက္ပိတ္ထားတယ္လုိ႔ ေျဖၾကားခဲ့ၿပီးေတာ့ ကားေပၚမွာ စကၠဴအိတ္နဲပ ထားတဲ့ နီလာတစ္တန္းပါ ေရႊဆြဲႀကိဳး (၃) ကုံး၊ ပတၱျမား တစ္တန္းပါ ေရႊဆြဲႀကိဳး (၁)ကုံး၊ ပတၱျမားနဲ႔ စိန္ႀကိဳးနွစ္တန္းသြား ႀကိဳး (၁)ကုံး၊ နားဆြဲ (၁) ရံ၊ ပတၱျမား (၁) ထုပ္၊ ပတၱျမား ပန္းေရာင္ (၁)ထုပ္ အပါအ၀င္ စိန္ပြင့္အထုပ္ေတြပါ၀င္တဲ့ စုစုေပါင္း တန္ဖုိး က်ပ္သိန္းေပါင္း ၆၃၄၄ တန္ဖုိးကုိ ခုိးယူသြားတဲ့ ယာဥ္ေမာင္းကုိ အေရးယူေပးဖုိ႕ ကမာရြတ္ရဲစခန္းကုိတုိင္ၾကားခဲ့တယ္လုိ႕ သိရပါတယ္။

က်ဴးလြန္သူကုိ ေအာက္တိုဘာ ၂၈ ရက္ေန႕မွာ ဖမ္းမိခဲ့ၿပီးေတာ့ ခိုးယူရရွိတဲ့ပစၥည္းေတြကုိ အထည္ဖ်က္ျပဳလုပ္ေပးခဲ့တဲ့သူကုိလည္း အတူဖမ္းဆီးရမိခဲ့တယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

 

 

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs