• Local News
    ဆိုင်ကယ်တူးဘောက်အတွင်းထည့်ထားတဲ့ ငွေ ၁၉ သိန်းခိုးယူသူကိုဖမ်းမိ
Hmue Eain Zaw
[Unicode Version]
ဆိုင်ကယ်တူးဘောက်အတွင်းမှာထည့်ထားတဲ့ ငွေ ၁၉ သိန်းခိုးယူသွားတဲ့သူကို ဖမ်းမိခဲ့ပြီလို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က နိုဝင်ဘာ ၇ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။
45614069_346985035858025_3555669812220788736_n.jpg
Photo - Mandalay Police
ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၅ ရက်မှာ မစုစုထွေးဆိုသူက မိခင်နဲ့အတူ ကမ္ဘောဇဘဏ်ကနေ ငွေလွှဲထုတ်ပြီး ၁၉ လမ်းနဲ့ ၆၂ လမ်းထောင့်မှာ ဒဂါၤးစားသုံးဆီနဲ့ဆိုင်ဆိုင်မှာ ဆန်ဝယ်နေစဉ် ဆိုင်ကယ်တူးဘောက်ထဲကနေ ငွေလုယူခံခဲ့ရတာဖြစ်ပါတယ်။
''အချိန်ကတကယ်သုံးမိနစ်အတွင်းမှာ အမေ့အတွက်ဆေးဝယ်ဖို့ိုဆိုပြီး ငွေထုတ်လာတယ်။ ထုတ်လာပြီးတဲ့ ဟာကို ဆိုင်ကယ်မှာခဏတင်ထားတဲ့အချိန်မှာ လူသုံးယောက်က ထုတ်သွားတာ။ ဘေးကလူတွေလည်းမြင်တော့ ဘာလို့ မတားတာလဲဆိုတော့ သူတို့က ဆိုင်ကယ်ကို ဘေးဘက်ကနေ လာကပ်နေတော့ တူတူပဲထင်လို့ ဆိုပြီးပြောတယ် ” လို့ အလုယူခံရသူ မဆုသီရိစံက Duwun ကိုပြောပါတယ်။
ခိုးယူသွားသူမှာ Click ဆိုင်ကယ်နှင့် CZI-125 ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသား ၃ ဦးမှ ခိုးယူသွားတာကိုသိရှိပြီး အမှတ်(၁)နယ်မြေရဲစခန်း (ပ)၆၉၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉အရ အမှုဖွင့်ခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီနောက် မန္တလေးရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာဒဂါၤးဆီဆိုင် အနီးအနားက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျုးလွန်သူ ၃ ဦးကို စုံစမ်းခဲ့ရာ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူမှာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်တဲ့စောမင်းဦး ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ ညနေက မသကာၤတရားခံ စောမင်းဦးကို နေအိမ်မှာတွေ့ရှိပြီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
[Zawgyi Version]
Photo - Mandalay Police
ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၅ ရက်မှာ မစုစုထွေးဆိုသူက မိခင်နဲ့အတူ ကမ္ဘောဇဘဏ်ကနေ ငွေလွှဲထုတ်ပြီး ၁၉ လမ်းနဲ့ ၆၂ လမ်းထောင့်မှာ ဒဂါင်္းစားသုံးဆီနဲ့ဆိုင်ဆိုင်မှာ ဆန်ဝယ်နေစဉ် ဆိုင်ကယ်တူးဘောက်ထဲကနေ ငွေလုယူခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီနောက် မန္တလေးရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာဒဂါင်္းဆီဆိုင် အနီးအနားက CCTV မှတ်တမ်းတွေအရ ပြစ်မှုကျုးလွန်သူ ၃ ဦးကို စုံစမ်းခဲ့ရာ CZI-125 အနက်ရောင် ဆိုင်ကယ်စီးသူမှာ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်တဲ့စောမင်းဦး ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်နေ့ ညနေက မသကာင်္တရားခံ စောမင်းဦးကို နေအိမ်မှာတွေ့ရှိပြီး ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs