• Local News
    ဆိုင်ကယ်တူးဘောက်အတွင်း ငွေ၁၉သိန်းခိုးယူသူကိုစစ်ဆေးရာ သိန်း ၁၀၀ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်
Mi Thawdar Aung
[Unicode Version]

မန္တလေးမြို့မှာနိုဝင်ဘာ ၅ ရက်က ဖြစ်ပွားခဲ့တဲ့  ဆိုင်ကယ်တူးဘောက်အတွင်းကနေ ငွေ ၁၉ သိန်းခိုးယူခဲ့သူကို ဖမ်းမိခဲ့ပြီး ဖော်ထုတ်စစ်ဆေးခဲ့ရာ နောက်ထပ် ငွေ သိန်း ၁၀၀ ခိုးယူခဲ့မှု ထပ်မံပေါ်ပေါက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့က  နိုဝင်ဘာ ၇ ရက်က သတင်းထုတ်ပြန်ပါတယ်။

mandalay pyine car.jpg 

 

တရားခံ စောမင်းဦးကို စစ်ဆေးခဲ့ရာ လွန်ခဲ့တဲ့ ၃ လလောက်တုန်းက မန္တလေးမြို့ လမ်း၃၀ နဲ့ ၈၅ လမ်းရှိ နိုင်ငံခြားငွေလဲလှယ်တဲ့ဘဏ်ကနေ ထွက်လာတဲ့ အမျိုးသမီးတစ်ဦးထံကနေ ငွေသိန်း ၁၀၀ နှိုက်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

အဆိုပါအမျိုးသမီးက ငွေတွေကို ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ထားခဲ့ပြီး ဈေးဆင်းဝယ်နေစဉ် စောမင်းဦးက ခိုးယူသွားခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးချက်အရသိရပါတယ်။

ခိုးယူခဲ့တဲ့  ကျပ်သိန်း ၁၀၀  နဲ့ ပြိုင်ကားတစ်စီးကို ဝယ်ယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး အောင်မြေသာစံရဲစခန်းကို ဆက်သွယ်စုံစမ်းခဲ့ရာ အဆိုပါ ရဲခစန်းကနေ ဒီအမှုကို သြဂုတ်လ ၂၄ ရက်က အမှုဖွင့်ထားခဲ့တယ်လို့သိရပါတယ်။

အဲဒါကြောင့် တရားခံစောမင်းဦးနဲ့ ဝယ်ယူအသုံးပြုထားတဲ့ ပြိုင်ကားနဲ့ အတူကို  အောင်မြေသာစံရဲစခန်းကို အမှုလွှဲပြောင်းပေးခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

နိုဝင်ဘာ ၅ ရက်နေ့က အောင်မြေသာစံမြို့နယ်မှာ နေထိုင်တဲ့မစုသီရိစံက မိခင်နဲ့ အတူ ကမ္ဘာဇဘဏ်ကို သွားရောက်ပြီး ဖခင်ဖြစ်သူ ပေးပို့လာတဲ့ ငွေ ၁၉ သိန်းကို ထုတ်ယူခဲ့ပြီးနောက် ၁၉ လမ်းရှိ ဒင်္ဂါးစားသုံးဆီ ဆိုင်မှာ ခေတ္တရပ်ပြီး ဆန်ဝင်ဝယ်နေစဉ်ဆိုင်ကယ်တူးဘောက်အတွင်း ထည့်ယူထားခဲ့တဲ့ ငွေ ၁၉ သိန်း ခိုးယူခံခဲ့ရတာဖြစ်ပါတယ်။

ခိုးယူသွားသူမှာ Click ဆိုင်ကယ်နှင့် CZI-125 ဆိုင်ကယ်စီးလာသူ အမည်မသိအမျိုးသား ၃ ဦး လို့သိရှိရပြီး မန္တလေး အမှတ် ၁ ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ရာမှ CCTV မှတ်တမ်းတွေကတစ်ဆင့်တရားခံကို ဖမ်းမိခဲ့ပြီး နောက်ထပ် သိန်း ၁၀၀ ခိုးယူခဲ့မှုကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

[Zawgyi Version]

မႏၱေလးၿမိဳ႕မွာႏုိ၀င္ဘာ ၅ ရက္က ျဖစ္ပြားခဲ့တဲ့  ဆုိင္ကယ္တူးေဘာက္အတြင္းကေန ေငြ ၁၉ သိန္းခုိးယူခဲ့သူကုိ ဖမ္းမိခဲ့ၿပီး ေဖာ္ထုတ္စစ္ေဆးခဲ့ရာ ေနာက္ထပ္ ေငြ သိန္း ၁၀၀ ခုိးယူခဲ့မႈ ထပ္မံေပၚေပါက္ခဲ့တယ္လုိ႔ မႏၱေလးတုိင္းေဒသႀကီးရဲတပ္ဖြဲ႕က  ႏုိ၀င္ဘာ ၇ ရက္က သတင္းထုတ္ျပန္ပါတယ္။

 

တရားခံ ေစာမင္းဦးကုိ စစ္ေဆးခဲ့ရာ လြန္ခဲ့တဲ့ ၃ လေလာက္တုန္းက မႏၱေလးၿမိဳ႕ လမ္း၃၀ နဲ႔ ၈၅ လမ္းရွိ ႏုိင္ငံျခားေငြလဲလွယ္တဲ့ဘဏ္ကေန ထြက္လာတဲ့ အမ်ိဳးသမီးတစ္ဦးထံကေန ေငြသိန္း ၁၀၀ ႏိႈက္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာပါ။

အဆုိပါအမ်ိဳးသမီးက ေငြေတြကုိ ဆုိင္ကယ္တူးေဘာက္အတြင္း ထည့္ထားခဲ့ၿပီး ေစ်းဆင္း၀ယ္ေနစဥ္ ေစာမင္းဦးက ခုိးယူသြားခဲ့တာျဖစ္တယ္လုိ႔ ရဲတပ္ဖြဲ႔စစ္ေဆးခ်က္အရသိရပါတယ္။

ခုိးယူခဲ့တဲ့  က်ပ္သိန္း ၁၀၀  နဲ႔ ၿပိဳင္ကားတစ္စီးကုိ ၀ယ္ယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ၿပီး ေအာင္ေျမသာစံရဲစခန္းကုိ ဆက္သြယ္စံုစမ္းခဲ့ရာ အဆုိပါ ရဲခစန္းကေန ဒီအမႈကုိ ၾသဂုတ္လ ၂၄ ရက္က အမႈဖြင့္ထားခဲ့တယ္လို႔သိရပါတယ္။

အဲဒါေၾကာင့္ တရားခံေစာမင္းဦးနဲ႔ ၀ယ္ယူအသံုးျပဳထားတဲ့ ၿပိဳင္ကားနဲ႔ အတူကုိ  ေအာင္ေျမသာစံရဲစခန္းကုိ အမႈလႊဲေျပာင္းေပးခဲ့ေၾကာင္း မႏၱေလးတုိင္းရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္အရသိရပါတယ္။

ႏုိ၀င္ဘာ ၅ ရက္ေန႔က ေအာင္ေျမသာစံၿမိဳ႕နယ္မွာ ေနထုိင္တဲ့မစုသီရိစံက မိခင္နဲ႔ အတူ ကမာၻဇဘဏ္ကုိ သြားေရာက္ၿပီး ဖခင္ျဖစ္သူ ေပးပုိ႔လာတဲ့ ေငြ ၁၉ သိန္းကုိ ထုတ္ယူခဲ့ၿပီးေနာက္ ၁၉ လမ္းရိွ ဒဂၤါးစားသံုးဆီ ဆုိင္မွာ ေခတၱရပ္ၿပီး ဆန္၀င္၀ယ္ေနစဥ္ဆုိင္ကယ္တူးေဘာက္အတြင္း ထည့္ယူထားခဲ့တဲ့ ေငြ ၁၉ သိန္း ခုိးယူခံခဲ့ရတာျဖစ္ပါတယ္။

ခုိးယူသြားသူမွာ Click ဆုိင္ကယ္နွင့္ CZI-125 ဆုိင္ကယ္စီးလာသူ အမည္မသိအမ်ိဳးသား ၃ ဦး လုိ႔သိရွိရၿပီး မႏၱေလး အမွတ္ ၁ ရဲစခန္းကုိ အမႈဖြင့္တိုင္ၾကားခဲ့ရာမွ CCTV မွတ္တမ္းေတြကတစ္ဆင့္တရားခံကုိ ဖမ္းမိခဲ့ၿပီး ေနာက္ထပ္ သိန္း ၁၀၀ ခုိးယူခဲ့မႈကုိ ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs