• Local News

    အတိတ်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စုပေါင်းအင်အားနဲ့ ကြိုးပမ်းရမယ့်အချိန်အခါလို့ သမ္မတပြော

Aye Myat Mon
[Unicode Version]

အတိတ်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စုပေါင်းအင်အားနဲ့ကြိုးပမ်းရမယ့်အချိန်အခါလို့ နိုင်ငံတော်သမ္မတက ၆၃ နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာဖြစ်ပါတယ်။

 

44878367_1867338679980526_6042328097032765440_n.jpg 

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ ရည်မှန်းချက်ချပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေတဲ့ကာလဖြစ်တယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

အတိတ်မှာကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို သင်ခန်းစာယူပြီးတော့ စုပေါင်းအင်အားနဲ့ တက်ညီလက်တွဲလျှောက်လမ်းပြီး အေးချမ်းသာယာတဲ့ ပြည်ထောင်စုပေါ်ပေါက်လာအောင်ကြိုးပမ်းဖို့ အချိန်အခါကောင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါသေးတယ်။

အစိုးရတာဝန်ယူချိန်ကတည်းက ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အလေးထားပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခ့ (၂၁) ရာစုပင်လုံအစည်းအဝေးတွေကို ၃ ကြိမ်ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အခြေခံမူ (၅၁) ချက်သဘောတူမှုရရှိထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို တည်ငြိမ်အေးချမ်းတဲ့ သာယာတဲ့ ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုအဖြစ် ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းရာမှာ တွေ့ရတဲ့အခက်အခဲတွေနဲ့စိန်ခေါ်မှုတွေကို အစိုးရနဲ့ ပြည်သူအားလုံးစုပေါင်းအင်အားနဲ့ ပူးပေါင်းပါဝင်ဖို့ အတွက်လည်း ပြောကြားခဲ့ပါတယ်။

ယခုနှစ်ကရင်ပြည်နယ်အထိမ်းအမှတ်အနေနဲ့လည်း ရိုးရာအောင်လံလုပွဲနဲ့ စိန်ခေါ်ပွဲ (၃၇)ပွဲပါတဲ့ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကို (၅) ရက်တိုင်တိုင်ကျင်းပမယ့်အပြင် ရိုးရာယဉ်ကျေးမှုတွေ၊ဒုံးအကပြိုင်ပွဲတွေ၊ဇာတ်သဘင်တွေပါဝင်တဲ့ ပျော်ပွဲရွှင်ပွဲတွေကို ယခင်နှစ်တွေထက် ပိုစည်ကားအောင်ကျင်းပဖို့ လုပ်ဆောင်မယ်လို့ ပြောကြားထားပါတယ်။

 

[Zawgyi Version]

အတိတ္က အေတြ႔အႀကံဳေတြကုိ သင္ခန္းစာယူၿပီး စုေပါင္းအင္အားနဲ႕ႀကိဳးပမ္းရမယ့္အခ်ိန္အခါလုိ႔ ႏုိင္ငံေတာ္သမၼတက ၆၃ နွစ္ေျမာက္ ကရင္ျပည္နယ္ေန႔အခမ္းအနားကုိ ေပးပို႔တဲ့ သ၀ဏ္လႊာမွာ ေျပာၾကားထားတာျဖစ္ပါတယ္။

 

 

ဒီမုိကေရစီနဲ႔ ဖက္ဒရယ္စနစ္တုိ႔ကုိ အေျခခံတဲ့ ျပည္ေထာင္စု တည္ေဆာက္ဖုိ႔ ရည္မွန္းခ်က္ခ်ၿပီးေတာ့ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရးနဲ႔ျပည္တြင္းၿငိမ္းခ်မ္းေရးရဖုိ႔ ႀကိဳးပမ္းေနတဲ့ကာလျဖစ္တယ္လုိ႔ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

အတိတ္မွာႀကံဳေတြ႕ရတဲ့ အေတြ႔အႀကံဳေတြကုိ သင္ခန္းစာယူၿပီးေတာ့ စုေပါင္းအင္အားနဲ႔ တက္ညီလက္တြဲေလွ်ာက္လမ္းၿပီး ေအးခ်မ္းသာယာတဲ့ ျပည္ေထာင္စုေပၚေပါက္လာေအာင္ႀကိဳးပမ္းဖုိ႔ အခ်ိန္အခါေကာင္းျဖစ္တယ္လုိ႔ ေျပာၾကားခဲ့ပါေသးတယ္။

အစိုးရတာ၀န္ယူခ်ိန္ကတည္းက ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကုိ အေလးထားၿပီးေတာ့ ဖယ္ဒရယ္ဒီမုိကေရစီျပည္ေထာင္စု တည္ေဆာက္ႏုိင္ဖုိ႔ ႏုိင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခ့ (၂၁) ရာစုပင္လုံအစည္းအေ၀းေတြကုိ ၃ ႀကိမ္က်င္းပခဲ့ၿပီး ျပည္ေထာင္စုသေဘာတူစာခ်ဳပ္ အေျခခံမူ (၅၁) ခ်က္သေဘာတူမႈရရွိထားတယ္လုိ႔ သိရပါတယ္။

ျမန္မာနုိင္ငံကုိ တည္ၿငိမ္ေအးခ်မ္းတဲ့ သာယာတဲ့့ ဒီမုိကေရစီဖယ္ဒရယ္ျပည္ေထာင္စုအျဖစ္ ေရရွည္တည္တံ့ခုိင္ျမဲေအာင္ ႀကိဳးပမ္းရာမွာ ေတြ႔ရတဲ့အခက္အခဲေတြနဲ႔စိန္ေခၚမႈေတြကုိ အစုိးရနဲ႔ ျပည္သူအားလုံးစုေပါင္းအင္အားနဲ႔ ပူးေပါင္းပါ၀င္ဖုိ႔ အတြက္လည္း ေျပာၾကားခဲ့ပါတယ္။

ယခုနွစ္ကရင္ျပည္နယ္အထိမ္းအမွတ္အေနနဲ႔လည္း ရုိးရာေအာင္လံလုပြဲနဲ႔ စိန္ေခၚပြဲ (၃၇)ပြဲပါတဲ့ ျမန္မာ့ရုိးရာလက္ေ၀ွ႕ၿပိဳင္ပြဲဲေတြကုိ (၅) ရက္တုိင္တုိင္က်င္းပမယ့္အျပင္ ရိုးရာယဥ္ေက်းမႈေတြ၊ဒုံးအကၿပိဳင္ပြဲေတြ၊ဇာတ္သဘင္ေတြပါ၀င္တဲ့ ေပ်ာ္ပြဲဲရႊင္ပြဲေတြကုိ ယခင္နွစ္ေတြထက္ ပိုစည္ကားေအာင္က်င္းပဖုိ႔ လုပ္ေဆာင္မယ္လုိ႕ ေျပာၾကားထားပါတယ္။

 



ဆက်စပ်သတင်းများ

"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs