• Local News
    ရန်ကုန်က အဝိုင်းသုံးခုမှာ မီးပွိုင့်စနစ် ပြန်လည်ဖျက်သိမ်း
Mi Thawdar Aung
[Unicode Version]
ရန်ကုန်မြို့က ဦးဝိစာရအဝိုင်း၊ ဦးထောင်ဘို အဝိုင်းနဲ့ ဟံသာဝတီအဝိုင်းတွေမှာ မီးပွိုင့်တပ်ဆင်ထားတာတွေကို စမ်းသပ်ကာလကနေ မလုပ်ဆောင်တော့ဖို့ ပယ်ဖျက်လိုက်တယ်လို့ YRTA ကတာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
45742660_635822273486789_5114713554502549504_n.jpg 
“ ယာဉ်ကြောကပိုကြပ်လာတယ်။မစမ်းသပ်ခင်ကတည်းက ဒီဟာက အောင်မြင်ဖို့ မလွယ်ဘူးလေ။စာချုပ်အလိုအရတော့ ကော်မရှင်းနင်းအရ လုပ်ကိုလုပ်ပေးရတယ်။ စာချုပ်အရတော့ ၁၅၄ မီးပွိုင့်ကို လုပ်ခွင့်ရတယ်ဆိုတော့ အဝိုင်းသုံးခုက ပါတယ်။အဝိုင်းတွေကို စမ်းတာကိုတော့ ရပ်လိုက်တာပါ။ ” လို့ သူကပြောပါတယ်။
45773992_275277516461456_7810426847006556160_n.jpg
အဝိုင်းတွေမှာ မီးပွိုင့်စနစ်နဲ့ စမ်းသပ်လည်ပတ်တာကို နိုဝင်ဘာ ၄ ရက်နေ့ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိပြုလုပ်ခဲ့ရာမှာ မအောင်မြင်တာကြောင့် ဒီလိုရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေက ရုံးသွားရုံးဆင်းချိန်မှာပါ ဖြစ်ပေါ်နေတာကြောင့်လို့ စမ်းသပ်လည်ပတ်တာကို ရပ်ဆိုင်းလိုက်တာပါ။
အဝိုင်းတွေမှာ မီးပွိုင့်တပ်ပြီးတော့ စမ်းသပ်တာကိုတော့ ယခင်နှစ်ကပြုလုပ်ခဲ့ဖူးပြီးတော့ ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်ပေါ်ခဲ့တာကြောင့် ပြန်လည်ရုပ်သိမ်းခဲ့တာလည်းဖြစ်ပါတယ်။
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs