• Local News
    လာမည့်နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်အဆင့်ရောက်နိုင်
Mi Thawdar Aung
[Unicode Version]

လာမယ့့်နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်ပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက နိုဝင်ဘာ ၈ ရက်နေ့ညနေ ငါးနာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

moezala 1.jpg 

ထိုင်းပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက အနောက်ဘက်ကို ဆက်ရွေ့လျားပြီး နောက်တစ်ရက်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အောင်အရှေ့တောင်ပိုင်းကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေဖိအားနည်းရပ်ဝန်းက အနောက်-အနောက်မြောက်ဘက်ကို ဆက်ရွေ့လျားနိုင်ပြီးတော့ နောင် နှစ်ရက်အတွင်းမှာ ပိုအားကောင်းလာပြီး မုန်တိုင်းငယ် အဖြစ်ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် တနသာၤရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မုတ္တမကွေ့၊မွန်-တနသာၤရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မိုးသက်လေပြင်းကျရောက်ပြီးတော့ လှိုင်းအသင့်အတင့်က လှိုင်းကြီးနိုင်ပြီး တစ်နာရီကို (၃၅) မိုင်အထိတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ လှိုင်းအမြင့်ကတော့ ကမ်းလွန်ပင်လယ်ပြင်မှာ ၆ ပေကနေ ၉ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပြီးတော့ ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ တနသာၤရီ၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

[Zawgyi Version]

လာမယ့်နှစ်ရက်အတွင်း လေဖိအားနည်းရပ်ဝန်းအားကောင်းလာနိုင်ပြီးတော့ မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက နိုဝင်ဘာ ၈ ရက်နေ့ညနေ ငါးနာရီက သတင်းထုတ်ပြန်လိုက်ပါတယ်။

 

 



အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် တနသာင်္ရီတိုင်းဒေသကြီးမှာ နေရာစိပ်စိပ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

မုတ္တမကွေ့၊မွန်-တနသာင်္ရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာတော့ မိုးသက်လေပြင်းကျရောက်ပြီးတော့ လှိုင်းအသင့်အတင့်က လှိုင်းကြီးနိုင်ပြီး တစ်နာရီကို (၃၅) မိုင်အထိတိုက်ခတ်နိုင်တယ်လို့ သိရပါတယ်။ လှိုင်းအမြင့်ကတော့ ကမ်းလွန်ပင်လယ်ပြင်မှာ ၆ ပေကနေ ၉ပေခန့်အထိ ရှိနိုင်တယ်လို့ သိရပြီးတော့ ပဲခူး၊ရန်ကုန်၊ဧရာဝတီ၊ တနသာင်္ရီ၊ကရင်နဲ့ မွန်ပြည်နယ်တို့မှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs