• Local News
    တောင်ဒဂုံရှိရေသန်ဘူးခွံစက်ရုံမှာ အလုပ်ထုတ်ခံရပြီးနောက် စက်ရုံကနေ ငွေ ၁၅သိန်း ခိုးယူသူကိုဖမ်းမိ
Mi Thawdar Aung
[Unicode Version]

တောင်ဒဂုံမြို့နယ်က ရေသန်ဘူးခွံစက်ရုံမှာ အလုပ်လုပ်ကိုင်တဲ့အလုပ်သမားက  အလုပ်ထုတ်ခံရပြီး တစ်လအကြာမှာ အဆိုပါစက်ရုံ မီးခံသေတ္တာမှာ ထည့်ထားတဲ့  ငွေ ၁၅ သိန်းခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က နိုဝင်ဘာ ၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

water industry.jpg 

ဖြစ်စဉ်ကတော့ တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက်၊ဂရုဏာလမ်းရှိ ရေသန့်ဘူးခွံစက်ရုံမှာ နိုဝင်ဘာ ၅ ရက် မနက် ၆ နာရီခွဲအချိန်လောက်မှာ ပိုင်ရှင်က စက်ရုံပြတင်းပေါက်စတီးသံတိုင်ရဲ့ မူလီပြုတ်ထွက်နေတာကို တွေ့ရှိခဲ့တာကြောင့် စစ်ဆေးရာ ရုံးခန်းအတွင်းက မီးခံသေတ္တာထဲက ငွေစက္ကူအရော ၁၅ သိန်း ပျောက်ဆုံးနေတာကို တွေ့ရတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

တောင်ဒဂုံရဲစခန်းကအခင်းဖြစ်စဉ်နဲ့အနီးအနားပတ်ဝန်းကျင်ကို ဆက်လက်စုံစမ်းရာ  အဆိုပါ ငွေ ၁၅ သိန်းခိုးယူသူမှာ စက်ရုံကော်စေ့တွေ ခိုးယူရောင်းချခဲ့လို့  လွန်ခဲ့တဲ့ ၁ လလောက်က စက်ရုံကနေ အလုပ်ထုတ်ခံခဲ့ရတဲ့ သန်းလင်းအောင် (ခ) အောင်ကို ဆိုသူဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာလို့ သိရပါတယ်။

ကျူးလွန်သူ သန်းလင်းအောင် (ခ) အောင်ကို မှာ သူ့ရဲ့ နေအိမ်ဖြစ်တဲ့တောင်ဒဂုံမြို့နယ် သော်ကလမ်း (၂၂) ရပ်ကွက် မှာ ဖမ်းမိခဲ့ပြီး စစ်ဆေးချက်အရ ခိုးယူရရှိတဲ့ ငွေတွေနဲ့ ဝယ်ယူခဲ့တဲ့ ကျောပိုးအိတ် ၁ လုံး၊ Vivo Y-53 အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း(၁)လုံး၊သက်သေခံ မီးခံသေတ္တာ(၁)လုံးနှင့် ငွေစက္ကူအရော လေးသောင်းကျော်တို့ကို ပြန်လည်သိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်ထားတာပါ။

[Zawgyi Version]

ေတာင္ဒဂုံၿမိဳ႕နယ္က ေရသန္ဘူးခြံစက္ရုံမွာ အလုပ္လုပ္ကုိင္တဲ့အလုပ္သမားက  အလုပ္ထုတ္ခံရၿပီး တစ္လအၾကာမွာ အဆုိပါစက္ရုံ မီးခံေသတၱာမွာ ထည့္ထားတဲ့  ေငြ ၁၅ သိန္းခုိးယူခဲ့ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တယ္လုိ႔ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ က ႏုိ၀င္ဘာ ၈ ရက္က သတင္းထုတ္ျပန္ပါတယ္။

ျဖစ္စဥ္ကေတာ့ ေတာင္ဒဂံုၿမိဳ႕နယ္၊ ၁၄၄ ရပ္ကြက္၊ဂရုဏာလမ္းရွိ ေရသန္႔ဘူးခြံစက္ရုံမွာ ႏုိ၀င္ဘာ ၅ ရက္ မနက္ ၆ နာရီခြဲအခ်ိန္ေလာက္မွာ ပုိင္ရွင္က စက္ရုံျပတင္းေပါက္စတီးသံတုိင္ရဲ႕ မူလီျပဳတ္ထြက္ေနတာကုိ ေတြ႕ရွိခဲ့တာေၾကာင့္ စစ္ေဆးရာ ရုံးခန္းအတြင္းက မီးခံေသတၱာထဲက ေငြစကၠဴအေရာ ၁၅ သိန္း ေပ်ာက္ဆံုးေနတာကုိ ေတြ႕ရတယ္လုိ႔ ရဲတပ္ဖြဲ႕ ထုတ္ျပန္ခ်က္က ဆုိပါတယ္။

ေတာင္ဒဂုံရဲစခန္းကအခင္းျဖစ္စဥ္နဲ႔အနီးအနားပတ္၀န္းက်င္ကုိ ဆက္လက္စံုစမ္းရာ  အဆုိပါ ေငြ ၁၅ သိန္းခုိးယူသူမွာ စက္ရုံေကာ္ေစ့ေတြ ခုိးယူေရာင္းခ်ခဲ့လုိ႔  လြန္ခဲ့တဲ့ ၁ လေလာက္က စက္ရုံကေန အလုပ္ထုတ္ခံခဲ့ရတဲ့ သန္းလင္းေအာင္ (ခ) ေအာင္ကုိ ဆုိသူျဖစ္ေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့တာလုိ႔ သိရပါတယ္။

က်ဴးလြန္သူ သန္းလင္းေအာင္ (ခ) ေအာင္ကုိ မွာ သူ႔ရဲ႕ ေနအိမ္ျဖစ္တဲ့ေတာင္ဒဂုံၿမိဳ႕နယ္ ေသာ္ကလမ္း (၂၂) ရပ္ကြက္ မွာ ဖမ္းမိခဲ့ၿပီး စစ္ေဆးခ်က္အရ ခုိးယူရရွိတဲ့ ေငြေတြနဲ႔ ၀ယ္ယူခဲ့တဲ့ ေက်ာပိုးအိတ္ ၁ လံုး၊ Vivo Y-53 အမ်ိဳးအစား အနက္ေရာင္ လက္ကုိင္ဖုန္း(၁)လုံး၊သက္ေသခံ မီးခံေသတၱာ(၁)လုံးႏွင္႔ ေငြစကၠဴအေရာ ေလးေသာင္းေက်ာ္တုိ႔ကုိ ျပန္လည္သိမ္းဆည္းခဲ့တယ္လုိ႔ ရန္ကုန္တုိင္းရဲတပ္ဖြဲ႕ က ထုတ္ျပန္ထားတာပါ။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs