• Local News
    နိုင်ငံခြားဘဏ်တွေကိုပြည်တွင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းများနည်းတူ ဆောင်ရွက်ခွင့်ပြု
Aye Myat Mon
[Unicode Version]

နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေနည်းတူ ပြည်တွင်းမှာလုပ်ကိုင်ခွင့်ပြုလိုက်တယ်လို့ နိုဝင်ဘာ ၉ ရက်နေ့က နိုင်ငံတော်ဗဟိုဘဏ်ကနေ ထုတ်ပြန်လိုက်ပါတယ်။

 

e33b894fc2423f7930b3b33cf6ce10b2.JPG 

ပြည်တွင်းစီးပွားရေးုလုပ်ငန်းတွေ ဘဏ္ဍာငွေရရှိနိုင်တဲ့ အခွင့်အရေး ပိုရရှိစေဖို့နိုင်ငံတော်ဗဟိုဘဏ်ကနေ နိုင်ငံခြားဘဏ်ဘဏ်ခွဲတွေကို ပြည်တွင်းဘဏ်တွေနည်းတူ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေကို မည်သည့်ချေးငွေဖြည့်ဆည်းမှု ဆောင်ရွက်ခြင်းနဲ့ အခြားဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေ ဆောင်ရွက်တာကို ခွင့်ပြုတယ်လို့ ထုတ်ပြန်ကြေငြာလိုက်တာဖြစ်ပါတယ်။

“ပြည်တွင်းဘဏ်တွေကနိုင်ငံခြားဘဏ်တွေကနေ ငွေချေးလို့ရလာနိုင်မယ်။ ပြည်တွင်းဘဏ်တစ်ခုနဲ့ပေါင်းပြီးတော့ အပေါင်ခံတာမျိုးပူးပေါင်းဆောင်ရွက်နိုင်တာမျိုးတွေရှိလာမယ်။ ပြိုင်ဆိုင်မှုကတော့ ရှိလာမှာပါပဲ။ ဘယ်လိုဝန်ဆောင်မှုတွေပါလာမလဲဆိုတာကတော့ ဗဟိုဘဏ်ကနောက်ပိုင်းမှာ ထပ်ပြီးထုတ်ပြန်ပါလိမ့်မယ် ” လို့ ဘဏ်လုပ်ငန်းအကြံပေးဖြစ်သူ ဦးရဲမင်းဦးက Duwun ကို ပြောပါတယ်။

ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားဘဏ် ဘဏ်ခွဲတွေကို ဘဏ်ခွဲလိုင်စင်ထုတ်ပေးရာမှာ နိုင်ငံခြားကုမ္ပဏီ လုပ်ငန်းတွေ၊ပြည်တွင်း၊နိုင်ငံခြားငွေရေးကြေးရေး အဖွဲ့အစည်းတွေ ပြည်တွင်းငွေကြေးအဖွဲ့အစည်းတွေပူးပေါင်းပြီးတော့ ပြည်တွင်းက ကုမ္ပဏီ/လုပ်ငန်းတွေအတွက် လက်ကားဘဏ်လုပ်ငန်းကို ဆောင်ရွက်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ၂၀၁၇ ဒီဇင်ဘာ ၈ ရက်နေ့ မှာလည်း ပို့ကုန်ချေးငွေဖြည့်ဆည်းမှုနဲ့ ပို့ကုန်လုပ်ငန်းနဲ့ဆက်စပ်တဲ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ကိုဆောင်ရွက်ခွင့်ပြုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

 

[Zawgyi Version]

ႏုိင္ငံျခားဘဏ္ေတြကုိ ျပည္တြင္းဘဏ္၀န္ေဆာင္မႈလုပ္ငန္းေတြနည္းတူ ျပည္တြင္းမွာလုပ္ကုိင္ခြင့္ျပဳလုိက္တယ္လုိ႔ ႏုိ၀င္ဘာ ၉ ရက္ေန႔က ႏုိင္ငံေတာ္ဗဟိုဘဏ္ကေန ထုတ္ျပန္လုိက္ပါတယ္။

 

e33b894fc2423f7930b3b33cf6ce10b2.JPG 

ျပည္တြင္းစီးပြားေရးုလုပ္ငန္းေတြ ဘ႑ာေငြရရွိႏုိင္တဲ့ အခြင့္အေရး ပုိရရွိေစဖို႕႕ႏုိင္ငံေတာ္ဗဟိုဘဏ္ကေန ႏုိင္ငံျခားဘဏ္ဘဏ္ခြဲေတြကုိ ျပည္တြင္းဘဏ္ေတြနည္းတူ ျပည္တြင္းစီးပြားေရးလုပ္ငန္းေတြကုိ မည္သည့္ေခ်းေငြျဖည့္ဆည္းမႈ ေဆာင္ရြက္ျခင္းနဲ႕ အျခားဘဏ္လုပ္ငန္း၀န္ေဆာင္မႈေတြ ေဆာင္ရြက္တာကုိ ခြင့္ျပဳတယ္လုိ႔ ထုတ္ျပန္ေၾကျငာလုိက္တာျဖစ္ပါတယ္။

“ျပည္တြင္းဘဏ္ေတြကႏုိင္ငံျခားဘဏ္ေတြကေန ေငြေခ်းလုိ႔ရလာႏုိင္မယ္။ ျပည္တြင္းဘဏ္တစ္ခုနဲ႔ေပါင္းၿပီးေတာ့ အေပါင္ခံတာမ်ိဳးပူးေပါင္းေဆာင္ရြက္ႏုိင္တာမ်ဳိးေတြရွိလာမယ္။ ၿပိဳင္ဆုိင္မႈကေတာ့ ရွိလာမွာပါပဲ။ ဘယ္လုိ၀န္ေဆာင္မႈေတြပါလာမလဲဆုိတာကေတာ့ ဗဟိုဘဏ္ကေနာက္ပိုင္းမွာ ထပ္ၿပီးထုတ္ျပန္ပါလိမ့္မယ္ ” လုိ႔ ဘဏ္လုပ္ငန္းအႀကံေပးျဖစ္သူ ဦးရဲမင္းဦးက Duwun ကုိ ေျပာပါတယ္။

ဗဟိုဘဏ္အေနနဲ႔ ႏုိင္ငံျခားဘဏ္ ဘဏ္ခြဲေတြကုိ ဘဏ္ခြဲလုိင္စင္ထုတ္ေပးရာမွာ ႏုိင္ငံျခားကုမၸဏီ လုပ္ငန္းေတြ၊ျပည္တြင္း၊ႏုိင္ငံျခားေငြေရးေၾကးေရး အဖြဲ႔အစည္းေတြ ျပည္တြင္းေငြေၾကးအဖြဲ႔အစည္းေတြပူးေပါင္းၿပီးေတာ့ ျပည္တြင္းက ကုမၸဏီ/လုပ္ငန္းေတြအတြက္ လက္ကားဘဏ္လုပ္ငန္းကုိ ေဆာင္ရြက္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။

ဒါ့အျပင္ ၂၀၁၇ ဒီဇင္ဘာ ၈ ရက္ေန႔ မွာလည္း ပို႔ကုန္ေခ်းေငြျဖည့္ဆည္းမႈနဲ႔ ပုိ႔ကုန္လုပ္ငန္းနဲ႔ဆက္စပ္တဲ႔ ဘဏ္၀န္ေဆာင္မႈလုပ္ငန္းေတြ ကုိေဆာင္ရြက္ခြင့္ျပဳခဲ့တယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

 

 


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs