• Local News
    ကော့သောင်းမှာ မြန်မာ့ပိုင်နက်ထဲငါးခိုးဖမ်းဖို့ဝင်လာတဲ့ အင်ဒိုနီးရှားငါးဖမ်းစက်လှေနဲ့ ငါးဖမ်းသမား ၁၅ ဦးဖမ်းမိ
Mi Thawdar Aung
[Unicode Version]

ကော့သောင်းမြို့နယ်ဇာဒက်ကြီးကျွန်းမှာ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီကျော်အချိန်လောက်က မြန်မာ့ပိုင်နက်ထဲကို ငါးခိုးဖမ်းဖို့ ဝင်လာတဲ့ အင်ဒိုနီးရှားက ငါးဖမ်းစက်လှေနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

indoneisa 1.jpg 

ဖြစ်စဉ်ကတော့ ရခစ (၅၈) မှ တပ်မတော်သားတွေက စစ်ရေယာဉ် အမှတ် T-201 နဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်  သန်ကျွန်းအနောက်မြောက် ၅၄ မိုင်ခန့်အကွာမှာ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ဂျာမာလူတင် အပါအဝင် ပဲနင်း (ဖ) အာဘူဘာကာပါ အမျိုးသား ၁၆ ဦးပါလာတဲ့ BINTANG JASA အမည်ရှိ အင်ဒိုနီးရှားတရားမဝင်ငါးခိုးဖမ်းစက်လှေတစ်စီးကို တွေ့ရှိဖမ်းမိခဲ့ကြောင်း သိရပါတယ်။

တွေ့ရှိဖမ်းဆီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံသား ငါးဖမ်းစက်လှေသမားတွေက ရေထဲကို ခုန်ချထွက်ပြေးခဲ့ရာ  ဂျာမာလူတင်အပါအဝင် ငါးဖမ်းသမား ၁၅ ဦးတို့ကို ပြန်လည် ဆယ်ယူခဲ့တယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငါးဖမ်းသမား တစ်ဦး နူရိုအင်က တော့ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသွားခဲ့တာကြောင့် အလောင်းကို ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကော့သောင်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၄၂/၂၀၁၈)နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသည့်စက်လှေနှင့် အင်ဒိုနီးရှားငါးဖမ်းသမား ဂျာမာလူတင်အပါအဝင် ၁၅ ဦးကို ရခစ(၅၈) မှာ ထိန်းသိမ်းထားပြီး  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးတင့်ထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားငါးဖမ်းသမားတွေက အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်းမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်းကို ဝင်ရောက်ငါးခိုးဖမ်းတာဖြစ်တာကြောင့်  ဂျာမာလူတင်ပါ ၁၅ ဦးအား ကော့သောင်း မြို့မရဲစခန်း(ပ)၂၀၀၉/၂၀၁၈၊ နိုင်ငံခြားငါးဥပဒေပုဒ်မ ၃၈(က)(ခ)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။

[Zawgyi Version]

ေကာ့ေသာင္းၿမိဳ႕နယ္ဇာဒက္ႀကီးကၽြန္းမွာ ႏုိ၀င္ဘာ ၆ ရက္ ည ၁၁ နာရီေက်ာ္အခ်ိန္ေလာက္က ျမန္မာ့ပုိင္နက္ထဲကုိ ငါးခုိးဖမ္းဖုိ႔ ၀င္လာတဲ့ အင္ဒိုနီးရွားက ငါးဖမ္းစက္ေလွနဲ႔ အင္ဒုိနီးရွားႏုိင္ငံသား ၁၅ ဦးကုိ ဖမ္းဆီးခဲ့တယ္လုိ႔ ျပည္ထဲေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ျဖစ္စဥ္ကေတာ့ ရခစ (၅၈) မွ တပ္မေတာ္သားေတြက စစ္ေရယာဥ္ အမွတ္ T-201 နဲ႔ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနစဥ္  သန္ကၽြန္းအေနာက္ေျမာက္ ၅၄ မိုင္ခန္႔အကြာမွာ ျမန္မာႏုိင္ငံေရပုိင္နက္အတြင္းသုိ႔ ၀င္ေရာက္ခဲ့တဲ့ အင္ဒိုနီးရွားႏုိင္ငံသား ဂ်ာမာလူတင္ အပါအ၀င္ ပဲနင္း (ဖ) အာဘူဘာကာပါ အမ်ိဳးသား ၁၆ ဦးပါလာတဲ့ BINTANG JASA အမည္ရွိ အင္ဒုိနီးရွားတရားမ၀င္ငါးခုိးဖမ္းစက္ေလွတစ္စီးကုိ ေတြ႕ရွိဖမ္းမိခဲ့ေၾကာင္း သိရပါတယ္။

ေတြ႕ရွိဖမ္းဆီးစဥ္မွာ အင္ဒိုနီးရွားႏုိင္ငံသား ငါးဖမ္းစက္ေလွသမားေတြက ေရထဲကုိ ခုန္ခ်ထြက္ေျပးခဲ့ရာ  ဂ်ာမာလူတင္အပါအ၀င္ ငါးဖမ္းသမား ၁၅ ဦးတုိ႔ကုိ ျပန္လည္ ဆယ္ယူခဲ့တယ္လို႔ ျပည္ထဲေရးထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ငါးဖမ္းသမား တစ္ဦး ႏူရုိုအင္က ေတာ့ ျပင္ပဒဏ္ရာမရွိဘဲ ေရနစ္ေသဆံုးသြားခဲ့တာေၾကာင့္ အေလာင္းကုိ ေကာ့ေသာင္းၿမိဳ႕ ျပည္သူ႕ေဆးရုံကုိ ပုိ႔ေဆာင္ခဲ့ၿပီး ေကာ့ေသာင္းၿမိဳ႕မရဲစခန္း၊ ေသမႈေသခင္းအမွတ္စဥ္ (၄၂/၂၀၁၈)နဲ႔ အမႈဖြင့္စစ္ေဆးထားတယ္လုိ႔သိရပါတယ္။

ဖမ္းဆီးရမိသည့္စက္ေလွႏွင့္ အင္ဒိုနီးရွားငါးဖမ္းသမား ဂ်ာမာလူတင္အပါအ၀င္ ၁၅ ဦးကုိ ရခစ(၅၈) မွာ ထိန္းသိမ္းထားၿပီး  ၿမိဳ႕နယ္ငါးလုပ္ငန္းဦးစီးဌာန ဒုဦးစီးမႉး ဦးစိုးတင့္ထံ လႊဲေျပာင္းအပ္ႏွံခဲ့တယ္လုိ႔ သိရပါတယ္။

အဆုိပါ အင္ဒိုနီးရွားႏိုင္ငံသားငါးဖမ္းသမားေတြက အင္ဒိုနီးရွားႏိုင္ငံ၊ ဆူမတ္ၾတားကြၽန္းမွ ျမန္မာႏိုင္ငံေရပိုင္နက္အတြင္းကုိ ဝင္ေရာက္ငါးခိုးဖမ္းတာျဖစ္တာေၾကာင့္  ဂ်ာမာလူတင္ပါ ၁၅ ဦးအား ေကာ့ေသာင္း ၿမိဳ႕မရဲစခန္း(ပ)၂၀၀၉/၂၀၁၈၊ ႏိုင္ငံျခားငါးဥပေဒပုဒ္မ ၃၈(က)(ခ)နဲ႔ အမႈဖြင့္စစ္ေဆးခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ထားပါတယ္။


ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs