• Local News
    မန္တလေးမှာ ပြိုင်ကားတစ်စီး အရှိန်လွန်ကာ ဆိုင်ကယ်ကို ဝင်တိုက်တာကြောင့် လူနှစ်ဦးသေဆုံး
Aye Myat Mon
[Unicode Version]

မန္တလေးမြို့အောင်မြေသာစံမြို့နယ် ၇၈ လမ်းနဲ့ ၂၆ လမ်းထောင့်ကျုံးဘေးမှာ ဒီနေ့မနက် ၁၂ နာရီကျော်အချိန်က ပြိုင်ကားတစ်စီးက အရှိန်လွန်ပြီး ဆိုင်ကယ်ကို ဝင်တိုက်တာကြောင့် ဆိုင်ကယ်ပေါ်ပါလာတဲ့ လူငယ်နှစ်ဦး သေဆုံးခဲ့တယ်လို့  အောင်မြေသာစံရဲစခန်းကနေ သိရပါတယ်။

45693895_2026479237395543_3010240202925932544_n.jpg 

 

၇၈ လမ်းအတိုင်း တောင်ကနေမြောက်ဘက်ကို မောင်းနှင်လာတဲ့ Toyota lexus ပြိုင်ကားအနီရောင်က အရှိန်မထိန်းနိုင်ဘဲနဲ့ ရပ်ထားတဲ့ဆိုင်ကယ်ကို ဝင်တိုက်မိတာဖြစ်ပါတယ်။

“ဖြစ်ဖြစ်ချင်းပဲ အမှုဖွင့်တယ်။ လူသေစေမှု၊ ယာဉ်တိုက်မှုနဲ့အမှုဖွင့်ထားတယ်။ ” လို့အောင်မြေသာစံမြို့နယ်ရဲစခန်းက တာဝန်ကျ ရဲအရာရှိက Duwun ကိုပြောပါတယ်။

ပြိုင်ကားကမီးပွိုင့်မှာရပ်ထားတဲ့ဆိုင်ကယ်ကိုအရှိန်ပြင်းပြင်းနဲ့တိုက်မိတာဖြစ်ပြီးတော့ ယာဉ်ပေါ်ပါလူနှစ်ဦးလုံးလွင့်စင်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်ပေါ်မှာစီးနင်းလာတဲ့ အသက် ၂၃ နှစ်နဲ့ ၂၆ နှစ်အရွယ်လူငယ်နှစ်ဦးက ဆေးရုံကိုပို့ဆောင်တဲ့လမ်းမှာပဲ သေဆုံးသွားခဲ့တယ်လို့လည်းသိရပါတယ်။

[Zawgyi Version]


 






ဆက်စပ်သတင်းများ


Newsletter
Don't Miss The Best Of Duwun

See stories of the future in your inbox each morning.

News
Entertainment
Sports
Women
Lifestyle
Tech

Copyright © 2018 Duwun.

Privacy Policy | About Us | Jobs