ကျန်တဲ့သူတွေကို ဆက်ပြီးဖမ်းနေပါတယ်။

နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ခန့်မှာ အလုံမြို့နယ်၊ ဗဟိုလမ်း ခြံအမှတ် ၅၁ (ခ) ရှိKGJ Family ကုမ္ပဏီ၏ မန်နေဂျာကို လူ ၁၀ ဦးခန့်က တုတ်၊ဓားများကိုင်ဆောင်ပြီး မန်နေဂျာပိုင် လင်ခရူဆာကားနဲ့ ခြံတံခါးကို တိုက်ဖျက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။



 

Photo - Yangon Police

အဲ့ဒီနောက် ခေါ်ဆောင်သွားခြင်းခံရတဲ့ အစ်ကိုဖြစ်သူကို ညီဖြစ်သူက နောက်မှကားနဲ့ လိုက်သွားမှာ ခေါ်ဆောင်

သွားတဲ့သူတွေဆီက ဖမ်းဆီခံရသူရဲ့ ညီဆီကို ဖုန်းဆက်ပြီး လိုက်မလာဖို့နဲ့ မေးစရာရှိလို့ ခေါ်သွားတာဖြစ်ပြီး ဘယ်သူမှ တိုင်မပြောဖို့ ပြောဆိုခဲ့တာကြောင့် ၁၉၉ Call center ကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက်အခင်းဖြစ်တဲ့နေရာကို ရဲတွေရောက်ရှိလာပြီး ဝိုင်းဝန်းပိတ်ဆို့ရှာဖွေရာမှာ ခြံဝန်းအတွင်းမှာ  ပြစ်မှုကျူးလွန်သူ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃၃)ရပ်ကွက်နေသူတွေဖြစ်တဲ့ 

ရတနာပုံ(၁)လမ်းနေ သူရ(ခ)စောသူရ(၄၂)နှစ်နှင့် ပုဂံ(၁)လမ်းနေစိုးကျော်ကျော်လွင်(၃၄)နှစ် တို့ဖမ်းဆီးရမိခဲ့တယ်လို့ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီနောက် ကုမ္ပဏီမန်နေဂျာကို ခေါ်ဆောင်သွားတဲ့ လင်ခရုဆယာဉ်ကို  နိုဗိုတယ်ဟိုတယ်

ရှေ့ဘက်ခြမ်းတွင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ တွေ့ရှိပြီး

ခေါ်ဆောင်မေးမြန်းရာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ မန်နေဂျာကသူရဲ့

ရုံးခန်းအတွင်းကို လူ(၃)ဦးဝင်လာပြီး ကားသော့အားယူပြီးသူ့ကို

ကားပေါ်သို့ ဆွဲတင်ကာ မောင်းထွက် သွားကြောင်း၊ ပြည်လမ်းနဲ့

မပိုလမ်းအရောက်မှာ ကားရပ်ပြီး အဆိုပါလူ(၅)ယောက်က အသီးသီးဆင်း

ပြေးသွားပြီး  လိုက်ထရပ်ကားပေါ်တက်ပြီး ဆက်လက်မောင်းနှင်

သွားကြောင်း၊ ၎င်းမှာ လင်ခရူဆာ ပြန်လည်မောင်းနှင်လာကြောင်း 

နိုဗိုတယ်ဟိုတယ်ရှေ့တွင် ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့တယ်လို့ပြောကြားပါတယ်။

ဖမ်းဆီးရမိသူ စိုးကျော်ကျော်လွင်နှင့်သူရ(ခ)စောသူရတို့အား စစ်ဆေး

ခဲ့ရာ စိုးကျော်ကျော်လွင်သည် ၎င်း၏ ရပ်ကွက်အတွင်းရှိ လက်ဖက်ရည်

ဆိုင်တစ်ဆိုင်တွင် ရှိနေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ 

(၁၄)ရပ်ကွက်၊ အဝေးရာလမ်းနေသူ မျိုးမြင့်အောင်(ခ)အရှည်ကြီးမှ 

လွှတ်လိုက်သည့် လှဝင်းနှင့် တွေ့ဆုံပြီး ဒေါ်လာအတက် အကျပြုလုပ်နေ

သည့် ကုလား(၁)ဦးထံမှ အကြွေးသွားတောင်းသည့်အခါ ဝန်းရံပေး 

ရန်နှင့် လူ(၅)ဦးခေါ်ပေးရန်၊ တစ်ဦးလျှင် (၅)သိန်းကျပ်စီပေးမည်ဟုပြော

ဆိုခဲ့ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၆ နာရီခွဲမှာ ဗဟိုအမျိုးသမီး

ဆေးရုံရှေ့ကို အရောက်လာဖို့ ချိန်းဆိုခဲ့ပြီး စိုးကျော်ကျော်လွင်မှ 

သူရ(ခ)စောသူရ ၊ ကရင်(ခ)စောထူး၊ သန်လျင်မြို့နယ်နေ

စောသန်းဦး(ခ)သန်းဦး၊ စွမ်းဆောင်ဦးတို့အား အငှားယာဉ်ဖြင့် ချိန်းဆိုခဲ့

သည့်နေရာသို့ခေါ်ဆောင်ခဲ့ရာ ခဏအကြာ လှဝင်းနှင့်

မျိုးမြင့်အောင်(ခ)အရှည်ကြီး တို့ အဖွဲ့မှ လိုက်ထရပ်အဖြူရောင်ယာဉ်ဖြင့်

ရောက်ရှိလာသဖြင့် အဆိုပါ ကားပေါ်သို့ တက်ရောက်ပြီး 

အကြွေးတောင်းမည် အခင်းဖြစ်ခြံဝန်းသို့ ဝင်ရောက်ခဲ့ကြောင်း၊ ရုံးခန်း

အတွင်း လူငယ်(၃)ဦးတွေ့ရှိခဲ့ကြောင်း ၊ CCTV အထိုင်စက်နှင့် 

ကင်မရာ တို့အား မျိုးမြင့်အောင်(ခ)အရှည်ကြီးတို့အဖွဲ့မှ ဖြုတ်ယူသွားပြီး 

အမည်မသိလူတစ်ဦးအား ကားများဖြင့်ခေါ်ဆောင်လာသွားကြောင်း 

၎င်းနှင့် သူရ(ခ)စောသူရတို့မှ ကျန်ရစ်ခဲ့၍ ဖမ်းဆီးရခံရခြင်း ဖြစ်ကြောင်း 

သိရသည်။

ယင်းနောက် ထွက်ပြေးတိမ်းရှောင်နေသော တရားခံများအား လိုက်လံ

ဖမ်းဆီးရာ ပူးပေါင်းအဖွဲ့မှ ပြစ်မှုကျူး လွန်ရာတွင် ပါဝင်သူ 

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ (၁၃၄)ရပ်ကွက်နေ ဇော်ထူး(ခ) 

ကရင်(၄၈)နှစ်အား နေအိမ်တွင်လည်းကောင်း၊ သန်လျင်မြို့နယ်၊ 

လက်ယက်စမ်းကျေးရွာနေ စောသန်းဦး (ခ)သန်းဦး(၂၉)နှစ်အား

စိုးကျော်ကျော်လွင်၏နေအိမ်တွင် လည်းကောင်း ဖမ်းဆီးရမိခဲ့ပြီး 

တိုက်ကြီးမြို့နယ်၊ အဝင်တိုးဂိတ်၌ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ 

သုံးဆယ်မြို့နယ်၊ ပေစင်ကုန်းရပ်ကွက်နေ ထွန်းထွန်း (၄၂)နှစ်အား 

8F/---- TOYOTA Townace အဖြူရောင်ကားနှင့်အတူ ထပ်မံဖမ်းဆီးရ

မိခဲ့ပါသည်။

ဖမ်းဆီးရမိသူ စိုးကျော်ကျော်လွင် ပါ(၅)ဦးအား ဥပဒေအရအရေးယူ

ဆောင်ရွက်လျက်ရှိပြီး ထွက်ပြေးတိမ်း ရှောင်သူများဖြစ်သည့် လှဝင်း၊ 

စွမ်းဆောင်ဦး၊ မျိုးမြင့်အောင်(ခ)အရှည်ကြီး တို့အား ဖမ်းဆီးရမိရေး

ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က