ဲJunction City မှာ ပြုလုပ်နေတာပါ။
Hmue Eain Zaw

တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ရေး စီမံကိန်းအနေနဲ့ “နဂါးစုတ်ချက်ပေါ်က မြန်မာ” အမည်ရ ပန်းချီအနုပညာပြပွဲကို Junction City ရှော့ပင်းစင်တာ ဒုတိယအထပ်မှာ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်ပါတယ်။



 

Photo - China Daily





အဆိုပါ ပန်းချီအနုပညာပြပွဲမှာ တရုတ်ယဉ်ကျေးမှု အနုပညာ မြှင့်တင်ရေးအသင်းက ပန်းချီပညာရှင် (၉) ဦးက နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၅ရက်တာ မြန်မာနိုင်ငံ အန့ှံ ခရီးလှည့်လည်သွားရောက်ခဲ့ကြပြီးသူတို့မြင်ခဲ့တာတွေကို ပန်းချီဆွဲထားတာတွေကို ပြသထားတာပဲဖြစ်ပါတယ်။



ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် အင်းလေးဒေသတွေက တောတောင်ရေမြေရှုခင်း ပန်းချီကားတွေအပါအဝင် တရုတ်နိုင်ငံက နာမည်ကျော် ဆုရပန်းချီအနုပညာရှင်တွေ ရေးဆွဲထားတဲ့ ပန်းချီလက်ရာမွန် (၁၀၀) ကျော် ခင်းကျင်းပြသထားတာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိဖြစ်ပါတယ်။



ဒီပြပွဲကို China Daily Asia Pacific Limited မှ တရုတ် ယဉ်ကျေးမှုအနုပညာ မြှင့်တင်ရေးအသင်း RVi Publication Services (RVIPS)၊ ရွှေတောင်လုပ်ငန်းစု၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး (ဗဟို) နဲ့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းထားတယ်လို့သိရပါတယ်။



RVi Group ရဲ့ CEO ဖြစ်သူ Mr. Argus Ang က “ ဒီ တရုတ် ပန်းချီပညာရှင်တွေနဲ့အတူ မြန်မာနိုင်ငံရဲ့ နာမည်ကျော် ဘုရားကျောင်းတွေမှာရှိတဲ့ ရှေးဟောင်းနံရံ ပန်းချီ လက်ရာတွေကို ထိန်းသိမ်းဖို့ စတဲ့ ဆောင်ရွက်ချက်တွေမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ထပ်မံ ဖိတ်ခေါ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အခမ်းအနားမှာ ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က