စကာၤပူပွဲတော်ကို ရန်ကုန်က ဘိုကလေးဈေးလမ်းပေါ်မှာ နိုဝင်ဘာ ၃၀ ရက်နေ့ နဲ့ ဒီဇင်ဘာ ၁ ရက် ၂ ရက်ေနေ့တွေမှာ ညနေ လေးနာရီကစလို့ ညကိုးနာရီအထိ ကျင်းပနေတာဖြစ်ပါတယ်။
ပွဲတော်မှာ စကာၤပူရိုးရာအစားအသောက်တွေနဲ့ မြန်မာ့ရိုးရာအစားအစာတွေကို တစ်ပွဲကို ငါးရာကျပ်နှုန်းနဲ့ ရောင်းချနေတာဖြစ်ပြီးတော့ နာမည်ကြီးရိုးရာအစားအစာတွေကိုပါ ရောင်းချနေတာဖြစ်ပါတယ်။
စကာၤပူနိုင်ငံက အထိမ်းအမှတ်နေရာတွေကို တကယ်ရောက်သွားသလိုမိုဘိုင်းဖုန်းနဲ့ scan ဖတ်ပြီးကြည့်ရှုနိုင်မယ့် AI စနစ်နဲ့ ပြုလုပ်ထားတဲ့ ဝင်ပေါက်တွေ၊ ကလေးသူငယ်တွေ လာပြီးအခမဲ့ဆော့ကစားလို့ရမယ့်နေရာတွေပါ ပါဝင်တာဖြစ်ပါတယ်။
“ ကျွန်မတို့ဘာလို့ ဒီလိုမျိုးဘိုကလေးဈေးလမ်းကို ရွေးချယ်ရတာလဲဆိုတော့ ဒီလမ်းမှာက ရန်ကုန်ရဲ့ သမိုင်းဝင်အဆောက်အအုံံတွေများတယ်။နောက်ပြီး တကယ့်ကို ထင်ရှားတဲ့အဆောက်အအုံတွေလည်းရှိတာကြောင့် ဒီလမ်းကလူတွေကလည်းပါဝင်ကူညီကြတာကြောင့် ရွေးချယ်ရခြင်းဖြစ်ပါတယ်။ ” လို့ ဒို့အိမ်အဖွဲ့အစည်းက တည်ထောင်သူ Emillie Roelle က ပြောပါတယ်။
အရင်ကတော့ဒီပွဲတော်ကို စင်တာတွေမှာပြုလုပ်တာဖြစ်ပေမယ့်ဒီတစ်ခေါက်မှာတော့ ပိုပြီးစည်ကားအောင်၊လူတွေပါဝင်မှုပိုများအောင် ဒီလိုလမ်းကို ရွေးချယ်တာဖြစ်တယ်လို့ပြောပါတယ်။
ဒါ့အပြင် အဆိုတော်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ မျက်လှည့်ရှိုးတွေ၊ဓါတ်ပုံအခမဲ့ရိုက်ကူးလို့ရမယ့်နေရာတွေပါ ပါဝင်မှာဖြစ်ပြီးညနေ လေးနာရီကနေ ကိုးနာရီအထိကျင်းပမှာပါ။