• Local News
    ရန်ကုန်မိုးပျံလမ်း စီမံကိန်းအတွက် အရည်အသွေးပြည့်မှီတဲ့ ကုမ္ပဏီ ၁၀ခုမှာ တရုတ်ကုမ္ပဏီ ၆ ခုပါဝင်နေ
Hmue Eain Zaw
[Unicode Version]
ရန်ကုုန်မိုးပျံအမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ(၁၀)ခုအား ထုတ်ပြန်ကြေညာထားတာမှာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နဲ့ ဖက်စပ်ကုမ္ပဏီပေါင်း ၆ ခုအထိရှိနေပါတယ်။
35553436-1056227631220231-7275626431365775360-o.jpg
Photo - Ministry of Construction
ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ပူးပေါင်းပြီး Public Private Partnership (PPP) အစီအစဉ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်မယ့် ရန်ကုုန်မိုးပျံအမြန်လမ်းစီမံကိန်း (YEX) Project Phase 1 အတွက် စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေဆီက ဆန်ခါတင်အရည်အသွေး ပြည့်မီမှုလျှောက်လွှာ (၁၂)စောင် လက်ခံရရှိခဲ့ပါတယ်။ တင်သွင်းလာသော ကုမ္ပဏီ(၁၂)ခု အနက် အဲ့ဒီနောက် ထပ်မံစိစစ်ပြီး ဆန်ခါတင် အရည်အသွေးပြည့်မီတဲ့ ကုမ္ပဏီ(၁၀)ခု အမည်စာရင်းကိုဆောက်လုပ်ရေးဝန်ကြီးဌာနကကြေညာတာဖြစ်ပါတယ်။
အရည်အသွေးပြည့်မှီတဲ့ကုမ္ပဏီတွေကတော့ ပြင်သစ်က VINCI Highways ၊ ကိုရီးယားက Team Korea Consortium ၊ တရုတ်က China Communication Construction Company ၊ ထိုင်း၊ဂျပန်၊မြန်မာပါဝင်တဲ့  BSSIC Consortium ၊ တရုတ်က CRIG-CDL Consortium ၊ တရုတ်က China Gezhouba Group ၊ ထိုင်းနဲ့ တရုတ်ဖက်စပ်ပါဝင်တဲ့ ITD- CSI JV ၊ တရုတ်မြန်မာ Denso- CSCEC Consortium ၊  တရုတ်က Power Construction Corporation တို့ က ဆန်ကာတင်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
ဆန်ခါတင်အရည်အသွေး ပြည့်မီသူတွေက စီမံကိန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ မှတ်တမ်းတွေကို ရယူနိုင်မှာဖြစ်ပြီး တင်ဒါအနိုင်ရရှိရန် ဆက်လက်ပါဝင်နိုင်မှာဖြစ်ပါတယ်။ တင်ဒါအနိုင်ရရှိဖို့အတွက် နောက်တစ်ဆင့်မှာ ကြိုတင်အရည်အသွေး ပြည့်မီသူတွေကို အဆိုပြုလျှောက်လွှာ (Request for Proposal) တင်သွင်းရန်ဖိတ်ခေါ်ပြီး သဘောတူညီမှုစာချုပ် (Concession Agreement) အား ထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
မိုင် ၃၀ ခန့်ရှိတဲ့ မိုးပျံအမြန်လမ်းမကြီးကို ရန်ကုန်မြို့တွင်းအပါအဝင်၊အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ မင်္ဂလာဒုံစက်မှုဇုန် တို့ကို ချိတ်ဆက်သွားလာနိုင်ဖို့ ရည်ရွယ်ထားပြီး အစိုးရရဲ့ ဦးစားပေးစီမံကိန်းဖြစ်ပါတယ်။
[Zawgyi Version]
ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း (YEX) Phase-I အတွက် ဆန်ခါတင်အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ(၁၀)ခုအား ထုတ်ပြန်ကြေညာထားတာမှာ တရုတ်ကုမ္ပဏီတွေနဲ့ တရုတ်နဲ့ ဖက်စပ်ကုမ္ပဏီပေါင်း ၆ ခုအထိရှိနေပါတယ်။
ဆက်စပ်သတင်းများ
"Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ"
သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs