• Local News
    အသက် ၉ နှစ်အရွယ် ကျောင်းသူတစ်ယောက် အဓမ္မပြုကျင့်ခံရ
Hmue Eain Zaw
[Unicode Version]
ယင်းမာပင်မြို့နယ်မှာ အသက် ၉ နှစ်ရွယ် ကျောင်းသူ ကလေးငယ်ကို ၂ ကြိမ် မုဒိန်းမှုကျူးလွန်သူကို  ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။
47581060_2383814255050924_3032622364132114432_n.jpg
Photo - စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့
၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့ ည ၇ နာရီ အချိန် ခန့်ကညီမဖြစ်သူ ပြုကျင့်ခံရသူကလေးငယ်က မောက်သရက်(မြောက်)ရွာ အိမ်မှာပဲ မောင်ဖြစ်သူ၊ ညီမဖြစ်သူတွေနဲ့ အတူတူအိပ်နေတဲ့ အချိန်မှာ မောက်သရက် (ရှေ့)ရွာနေ ၃၅နှစ်အရွယ် ကျော်ဝင်းဌေးဆိုသူက နေအိမ်သို့ရောက်ရှိလာပြီး ကလေးငယ်ကို ပါးစပ်ကို လက်ဖြင့်ပိတ်ကာ သားမယားအဖြစ်(၂)ကြိမ် ပြုကျင့်ခဲ့ပြီး ည ၁၀ နာရီ အချိန် တွင် နေအိမ်မှ ပြန်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့သိရပါတယ်။
ယင်းမာပင်မြို့နယ်၊ မောက်သရက်(ရှေ့) ရွာမှာနေတဲ့ မသန္တာဦးက မောက်သရက်(မြောက်)ရွာမှာ နေထိုင်တဲ့သူ့ရဲ့မိခင်နဲ့မောင်နှမတွေဆီကိုဆန်သွားပို့ရင်းညီမဖြစ်သူရဲ့အမျိုးသမီးအင်္ဂါကသွေးတွေထွက်နေတာကိုတွေ့တာကြောင့် မေးမြန်းကြည့်ရာကနေ ဒီဖြစ်စဉ်ကို သိခဲ့ရတယ်လို့ဆိုပါတယ်။
ဒါကြောင့် အဓမ္မအဖြစ်ပြုကျင့်သူ ကျော်ဝင်းဌေးကို  ဥပဒေအရအရေးယူပေးရန် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ညအချိန် ဦးမျိုးကိုဦးမှ တရားလိုပြုလုပ်တိုင်တန်းတာကြောင့် ယင်းမာပင်မြို့မရဲစခန်း(ပ)၂၅၄/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမှုရေးဖွင့်၍ ရဲအုပ် ဇော်မိုးလွင်မှ တရားခံဖမ်းဆီး ရမိခဲ့ပြီး စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
မကြာခင်ကာလကပဲ ကလေးသူငယ်တွေကို အဓမ္မပြုကျင့်ရင် ထောင်းဒဏ် တစ်သက်ချနိုင်တဲ့ ဥပဒေကို လွှတ်တော်မှာ အတည်ပြုထားပါတယ်။.
[Zawgyi Version]
ဆက်စပ်သတင်းများ
Newsletter
Don't Miss The Best Of Duwun
See stories of the future in your inbox each morning.
News
Entertainment
Sports
Women
Lifestyle
Tech
Copyright © 2018 Duwun.
Privacy Policy | About Us | Jobs