စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းက စစ်ဆေးခဲ့တာပါ။
Mi Thawdar Aung

ဘားအံမြို့အနီး ကျေးရွာတွေမှာ ဒေသခံတွေ သောက်သုံးနေတဲ့ ရေတွင်း (၇) တွင်းမှာ ရေ အမဲရောင် ပြောင်းလဲတာကို စစ်ဆေးခဲ့ရာ တွင်းရေအချို့ pH တန်ဖိုးအနည်းငယ်ကျဆင်းနေပြီး စနစ်တကျ ရေစစ်တာ၊ ကြိုချက်တာတွေ လုပ်ပြီးမှသောက်သုံးနိုင်တယ်လို့ စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ပါတယ်။

Photo- ALARM Myanmar - စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း

အောက်တိုဘာ ၁၈ ရက်က ဘားအံမြို့ အနီးက ကျေးရွာတွေက ချောင်းရိုးအချို့မှာ ငါးတွေ ရုတ်တရက်သေဆုံးမှုတွေဖြစ်ပွားခဲ့တာကြောင့် စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းက ငါးတွေ သေဆုံးခဲ့တဲ့နေရာအပါအဝင် စုစုပေါင်း ၁၀ နေရာမှာ ရေနမူနာတွေ ကောက်ယူခဲ့ပြီး တိုင်းတာစစ်ဆေးခဲ့ပါတယ်။

ရေတွင်းကုန်းကျေးရွာ (ငါးများသေဆုံးမှုဖြစ်ပေါ်ခဲ့တဲ့ချောင်းရိုး) ရေနမူနာ၊ ဇီးတောအင်း ရေနမူနာနဲ့ မရင်းကုန်းရွာ ရေနမူနာ (ချောင်းရေ) တွေမှာ ငါးတွေရှင်သန်ဖို့လိုအပ်တဲ့ အရည်အသွေးပြ (Parameters) တွေအပြင်  ကျောက်မီးသွေး လောင်စာသုံး လည်ပတ်နေတဲ့ ဘိလပ်မြေစက်ရုံနဲ့ ဘိလပ်မြေကုန်ကြမ်း ထုတ်ယူတဲ့ တောင်ပတ်ဝန်းကျင်မှာ  ရေညစ်ညမ်းမှုကို ဖြစ်စေတဲ့ ရေအရည်အသွေးပြ (Parameters) တွေကို စီစစ်ပြီး (Parameters) ၂၆ မျိုးကို တိုင်းတာခဲ့တာပါ။

Photo- ALARM Myanmar - စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေးအသင်း

ရေတွင်းကုန်းကျေးရွာ ငါးသေချောင်းရိုးအတွင်းရှိ ရေနမူနာ၊ ဇီးတောအင်း ရေနမူနာနဲ့ မရင်းကုန်းရွာချောင်း ရေနမူနာတို့ တွင် အရောင်(Color)၊ ဖော့စဖိတ်နှင့် ကလိုရင်း ဓါတ်တို့မှာ မှာUS EPA Suface water စံနှုန်းထက် ကျော်လွန်နေပြီး မရင်းကုန်းရွာချောင်းရေမှာ BODနှင့် COD ပါဝင်မှုပမာဏ မြင့်မားနေတယ်လို့ သိရပါတယ်။

BOD နှင့် COD မြင့်မားတာကြောင့် အောက်စီဂျင်လျော့ကျနိုင်ပြီး ဖော့စဖိတ် ပါဝင်မှုကြောင့် အပင်(Algae) တွေ ပေါက်ပွားနိုင်ခြင်း နှင့် အောက်စီဂျင် လျော့ကျတာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ကလိုရင်းဓါတ် မြင့်မားမှုကြောင့် ရေနေငါး သတ္တဝါတို့ ကလိုရင်းအဆိပ်သင့်ခြင်းကိုဖြစ်စေနိုင်တယ်လို့သိရပါတယ်။

ကလိုရင်းဓာတ်မြင့်မားတာက လူတွေအတွက် မပြောပလောက်ပေမယ့်   ရေနေငါးသတ္တဝါတို့အတွက် အဆိပ်သင့် ပမာဏဖြစ်တယ်လို့သိရပါတယ်။

ရေထဲတွင် ကလိုရင်းပါဝင်တာကြောင့် အရေပြား ရောင်ရမ်းခြင်း၊ နီစပ်စပ်ဖြစ်ခြင်း၊ အရည်ကြည်ဖုထခြင်း၊ ယားယံခြင်းနှင့်ငါးတွေသေဆုံးခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။  

ကလိုရင်းဓါတ်တွေဟာ ဘိလပ်မြေထုတ်လုပ်မှုတွေကြောင့်  ဘေးထွက်စွန့်ပြစ် အမှိုက်တွေကနေ  ထွက်ရှိနိုင်သလို စက်ရုံစွန့်ပစ္စည်းတွေ ထုတ်လုပ်ထားတဲ့ လောင်စာတောင့်တွေ အသုံးပြုတာကြောင့်လည်း ထွက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် စက်ရုံတွေ အနေနဲ့ ကလိုရင်းထွက်ရှိမူကို ထိန်းချူပ်နိုင်ရန် Chlorine bypass system များကို စီစစ်ရမှာဖြစ်ပြီး လိုအပ်ပါက Chlorine filter bag များ၊ chlorine bypass filter Fan များ၊ Flow Rate များကို တိုးချဲ့ဖို့လိုအပ်တဲ့အပြင် ရေကြီး၊ ရေလျှံမှုတွေအတွက် ကြိုတင်ကာကွယ်မှုလည်း လုပ်ထားသင့်တယ်လို့ စိမ်းလန်းအမိမြေဖွံဖြိုးတိုးတက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။

အဆိုပါ ရေအမဲရောင်ပြောင်းလဲမှုတွေဟာ ဘားအံမြို့အနီးက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံတည်ဆောက်မှုတွေ ကြောင့် ဖြစ်တယ်လို့ ဒေသခံတွေကတော့ ပြောထားပါတယ်။


က္က