သံလွင်မြစ်ရေဝင်ရောက်တာပါ။

သံလွင်မြစ်ရေဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်ထက် (၈၁) စင်တီမီတာမြင့်တက်လျှက်ရှိနေပြီး မိုးကလည်းအဆက်မပြတ်ရွာသွန်းနေတာကြောင့် (၂)ရက်အတွင်းကို စိုးရိမ်ရေမှတ်ထက်ကျော်လွန်လာတာဖြစ်တယ်လို့ ဘားအံမီးသတ်ဌာနမှ မြို့နယ်မှူး ဦးကျော်ကျော်အောင်ကပြောပါတယ်။





photo- Lwin Oo

သြဂုတ်လ(၆)ရက်နေ့ကစလို့ သံလွင်မြစ်ရေတက်မှုကြောင့် ဘားအံမြို့အစွန်မှာရှိတဲ့ ရပ်ကွက်တွေကိုရေဝင်ရောက်လျှက်ရှိနေပြီး လူဦးရေ (၃၀၀၀) ကျော်လောက် ရေဘေးသင့် ကယ်ဆယ်ရေး စခန်းတွေကို ပြောင်းရွှေ့နေထိုင်နေရတယ်လို့ သိရပါတယ်။

“ ရေဝင်ရောက်တာက မနေ့ကကတည်းက စပြီးဝင်တာ။ မြို့ထဲတော့မရောက်သေးဘူး။ မြို့အစွန်ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေက ခါးလောက်ထိဝင်နေပြီ။ အခုထိ ကယ်ဆယ်ရေးစခန်း (၆)ခုမှာ ပြောင်းရွှေ့နေထိုင်နေတဲ့လူဦးရေက (၃၀၀၀) ကျော်လောက်ရှိမယ်။ ကယ်ဆယ်ရေးစခန်းတွေကိုတော့ စာသင်ကျောင်းတွေမှာကော၊ အားကစားရုံတွေမှာကောဖွင့်ထားတယ်။ ကျွန်တော်တို့လည်း ပြောင်းရွှေ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို မနေ့ကကော၊ ဒီနေ့ကော ဆောင်ရွက်ပေးနေတယ်” လို့ သြဂုတ်လ(၇)ရက်နေ့မှာ ဘားအံမီးသတ်ဌာနမှ မြို့နယ်မှူး ဦးကျော်ကျော်အောင်က Duwun ကိုပြောပါတယ်။




photo- Lwin Oo

သံလွင်မြစ်ရေဟာ လက်ရှိမှာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီဖြစ်ပါတယ်။ သံလွင်မြစ်ရဲ့ စိုးရိမ်ရေမှတ်ဟာ ၇၅၀ စင်တီမီတာသတ်မှတ်ထားပြီးတော့ လက်ရှိသံလွင်မြစ်ရေဟာ ၈၃၁ စင်တီမီတာကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ဘားအံမြို့မှာလည်းမိုးကအဆက်မပြတ်ရွာသွန်းလျှက်ရှိနေပြီး မိုးပြတ်မှသာ ရေကျနိုင်မှာ ဖြစ်တယ်လို့ ဦးကျော်ကျော်အောင်က ပြောပါတယ်။ ဘားအံမြို့ဟာ မြစ်ရေတက်မှုကြောင့် နှစ်စဉ်နှစ်တိုင်း ရေဝင်ရောက်လျှက်ရှိပြီး လက်ရှိဘားအံမြို့ရဲ့ ရေဘေးသင့်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုတော့ မီးသတ်အင်းအား(၅၀)နဲ့ ပြောင်းရွှေ့နေထိုင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က