သားအဖချင်းစကားများပြီးရိုက်နှက်မှုဖြစ်ပွားခဲ့တာပါ။

သားအဖချင်း စကားများရန်ဖြစ်ရာကနေ ဖခင်ကို ဝါးဆစ်တုတ်နဲ့ရိုက်တာကြောင့် ဖခင်ဖြစ်သူသေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်နဝါရီ ၁၇ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ကြက်ပြေးအလယ်စုကျေးရွာမှာနေတဲ့ ဦးတင်မောင်ဆွေ (ကျေးရွာအုပ်ချုပ်ရေးမှုး) က တလုပ်ပင်ချောင်းကျေးရွာမှာ သားအဖချင်းစကားများပြီး ရိုက်နှက်မှုဖြစ်ပွားတာကြောင့် စစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

စစ်ဆေးမေးမြန်းချက်တွေအရ အဆိုပါကျေးရွာနေ စောလှထွန်း(ခ)စောသာပို(၃၀)နှစ်က နေအိမ်မှာ အရက်မူးပြီး အိပ်နေတာကြောင့် ဖခင်ဖြစ်သူဦးမြဝင်းက နှိုးရာမှာ စကားများရန်ဖြစ်ပြီး စောလှထွန်း(ခ)စောသာပိုက ဦးမြဝင်းကို အရှည် (၂)ပေခွဲ၊ လုံးပတ် (၅)လက်မရှိတဲ့ ဝါးဆစ်ပိတ်ဝါးရင်းတုတ်နဲ့ ရိုက်နှက်ခဲ့တာကြောင့် ဦးမြဝင်းမှာ ဒဏ်ရာရရှိခဲ့ပြီးတော့ ဆေးရုံကို ပို့စဉ်မှာပဲ သေဆုံးသွားတာကြောင့် အရေးယူပေးဖို့ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။

တိုင်ကြားချက်အရ တလုတ္ထော်နယ်မြေရဲစခန်း(ပ) ၅၂/၂၀၁၉၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ 



က္က