၂၄ ကြိမ်မြောက်မှာ ကျင်းပခွင့်ရတာဖြစ်ပါတယ်။
နိုင်ငံဖြတ်ကျော်ကားမောင်းပြိုင်ပွဲတစ်ခုဖြစ်တဲ့ Asia cross country Rally 2019 ကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး ကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။

Photo - Asia Cross Country Rally FB



အာရှဒေသနိုင်ငံဖြတ်ကျော် Rally ကားမောင်းပြိုင်ပွဲ ကို ၂၀၁၉ ခုနှစ်အတွက် ထိုင်းနဲ့မြန်မာက ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။ ပြိုင်ပွဲကတော့ သြဂုတ်လ ၁၀ ရက်နေ့ကနေ ၁၆ ရက်နေ့အထိကျင်းပမှာဖြစ်တယ်လို့ Asia cross country Rally 2019 ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။

အဲ့ဒီကားမောင်းပြိုင်ပွဲဟာ ကီလိုမီတာ ၂၂၀၀ လောက်ကိုဖြတ်သန်းမောင်းနှင်ရမှာဖြစ်ပါတယ်။ သြဂုတ်လ ၁၀ ရက်နေ့မှာ ထိုင်းနိုင်ငံ ပတ္တရားမြို့ကနေစတင်ထွက်ခွာမှာဖြစ်ပြီး မဲဆောက်မြို့ ကနေ မြန်မာနိုင်ငံ ဘားအံမြို့ကို ဖြတ်သန်းပြီး နေပြည်တော်အထိ မောင်းနှင်မှာဖြစ်တယ်လို့ရေးသားထားပါတယ်။

Asia Cross Country Rally 2019 ဟာ ဂျပန်နိုင်ငံအခြေစိုက် R1 ကနေစတင်တာဖြစ်ပြီး အခုကျင်းပမယ့် ၂၄ ကြိမ်မြောက်ပြိုင်ပွဲကို Myanmar Motor Sport Organization ကလည်း ပူးပေါင်းကူညီဆောင်ရွက်သွားမယ်လို့သိရပါတယ်။

Photo - Kabaroto.com

အဲ့ဒီပြိုင်ပွဲမှာ ကား၊ ဆိုင်ကယ် နဲ့ ဘေးတွဲဆိုင်ကယ် တွေကိုခွင့်ပြုထားပြီး အာရှတလွားက ဝါသနာရှင်တွေနဲ့ ပြိုင်ဆိုင်လိုသူတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့သိရပါတယ်။ အနိုင်ရရှိသူတွေကိုတော့ နေပြည်တော်မှာ ဆုချီးမြှင့်သွားမယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က