သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နိုင််််််ငံရေး ပါတီတွေလည်းအကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့်ရမှာပါ။

ကိုဗစ် ကပ်ရောဂါကြောင့် အာဇာနည်နေ့အခမ်းအနားတွေကို အများပြည်သူ ဝင်ရောက်ခွင့်မပြုဘူးလို့ဆိုပါတယ်။

ဇူလိုင် ၁၉ ရက်မှာ ပြုလုပ်မယ့် အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့အခမ်းအနားမှာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင် ၄ ဦးစီသာ တက်ရောက်ခွင့်ပြုမှာဖြစ်ပြီး အစိုးရအဖွဲ့တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီတွေကိုလည်း လူဦးရေ အကန့်အသတ်နဲ့သာ ဝင်ရောက်ခွင့်ပြုမယ်လို့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက Duwun ကိုပြောပါတယ်။



" “ကျွန်တော်တို့ လာမယ့် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုဝင်တွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေသာ ဝင်ရောက် ဂါရဝပြုခွင့်ရမှာ ဖြစ်ပါတယ်။ မိသားစုဝင်တွေမှာလည်း ၄ဦးစီသာဝင်ရောက်ခွင့်ရမှာပါ”လို့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

အလေးပြု အခမ်းအနားပြုလုပ်မယ့် အာဇာနည်ဗိမာန်နဲ့ အတွင်းဝန်များရုံးမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ အညီပြုလုပ်မှာလို့ ဆိုပါတယ်။ 

လူစုလူဝေးမဖြစ်အောင် အလေးပြုအခမ်းအနားကို အများပြည်သူဝင်ခွင့်ရမှာမဟုတ်သလို ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကိုလည်း ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။ ဒါ့အပြင် အခမ်းအနားကို သတင်းလာရောက်ရယူကြမယ့် သတင်းမီဒီယာတွေကိုလည်း အကန့်အသတ်နဲ့စီစဉ်ထားပြီး အစိုးရပိုင်မီဒီယာ ၁၀ ခုနဲ့ ပုဂ္ဂလိက မီဒီယာ ၅ ခုကိုသာဝင်ခွင့်ပြုထားတယ်လို့ လူမှုရေးဝန်ကြီးက ဆိုပါတယ်။

“ပုဂ္ဂလိကမီဒီယာ ၅ခုနဲ့ အစိုးရ မီဒီယာ ၁၀ ခုလို့ ကြားထားတယ်။ ဘယ်လိုပုံစံမျိုးနဲ့ သတင်းယူခွင့်ရမလဲဆိုတာက တော့ ကော်မတီတွေခွဲပြီး လုပ်ဆောင်နေပါတယ်။”လို့ ဦးနိုင်ငံလင်းက ဆက်လက်ပြောပါတယ်။

နှစ်စဉ် အာဇာနည်နေ့အခမ်းအနားတွေကို အာဇာနည် ဗိမာန်၊ အတွင်းဝန်များရုံးတို့မှာ ဂါရဝပြုပွဲအခမ်းအနားတွေကို ကျင်းပပြုလုပ်ခဲ့ပြီး အများပြည်သူ လာရောက်လည်ပတ်နိုင်အောင် ဖွင့်လှစ်ပေးထားခဲ့ပေမယ့် ဒီနှစ်မှာတော့ COVID-19 အခြေအနေကြောင့် Social Distancing စနစ်နဲ့ သက်ဆိုင်သူတွေကိုသာ ဝင်ရောက် ခွင့်ပြုတော့မှာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က